"ကျွန်တော် နှင့် ကျောင်းဆရာဘ၀ ခဏတာ။"
အမျိုးသားကျန်းမာရေးသင်တန်းကျောင်း
" ကျွန်တော် နှင့် ကျောင်းဆရာဘ၀ခဏတာ "
ကျောင်းဆရာ အလုပ် ဆိုတာက တော်ရုံပါရမီ နဲ့မဖြစ်နိုင်ပါ။ ဆရာကောင်း တစ်ယောက် ဖြစ်ဖို့်ရာမှာ "နာသုံးနာ" နဲ့ပြည့်စုံ ဖို့လိုအပ်ပါတယ်။ "၀ါသနာ" "စေတနာ" နဲ့ " အနစ်နာ " တို့ဆိုတာ အားလုံး သိပြီး သားပါ။ ကျွန်တော့အဖို့ ကတော့ စေတနာရှိ သော်လည်းပဲ ပထမအချက် တစ်ခု ထဲနဲ့တင် မပြည့်စုံ နိုင်တာမို့ ဘယ်တုန်းကမှ ကျောင်းဆရာ ဖြစ်လာဖို့ အကြောင်းမရှိပါ။ ဒါကြောင့် မို့လည်း ဆေးကျောင်း ပြီးတော့ သင်ကြားရေး ကိုမရွေးပဲ ကုသရေး ကိုမှရွေးခဲ့တာပါ။