Monday, September 12, 2011

" အာဖရိကတိုက်ရဲ့ခေါင်မိုးပေါ် တက်ကြည့်ခြင်း "

                                           " အာဖရိကတိုက်ရဲ့ ခေါင်မိုးပေါ်တက်ကြည့်ခြင်း "
လီဆိုသို ဆိုတာက တောင်အလွန်ပေါများတဲ့နိုင်ငံပါ၊ "တောင်တွေပေါ်မှာ တည်ဆောက်ထားတဲ့ ဘုရင့်နိုင်ငံ " Kingdom in the mountains လို့ပင်တင်စား ခေါ်ဝေါ်ထားတာ အကြောင်းမဲ့တော့ မဟုတ်ပါ။ တောင်တွေ ပေါများရုံသာမက သူကိုယ်တိုင်ကိုက ကုန်းပြင်မြင့်ကြီးပေါ်မှာတည်ရှိပြီး အာဖရိကတိုက် မှာအမြင့်ဆုံးမို့ " အာဖရိကရဲ့ခေါင်မိုး"  Roof of Africa  ဆိုတဲ့ဘွဲ့ ထူးတစ်ခုကို လည်းပိုင်ဆိုင်ထား ပါသေးတယ်။

Thursday, July 7, 2011

" မေ့ဆေးသမားကောင်း "

                                                      " မေ့ဆေးသမားကောင်း "

 ကျွန်တော်တို့ မက်ထရစ် မှာတုန်းက မြန်မာစာမှာ သိပ္ပံမောင်ဝရဲ့ ဆောင်းပါးများကို သင်ခဲ့ရပါတယ်။ အဲဒီထဲက " လှည်းသမား " ဆိုတဲ့ ဆောင်းပါး ကိုခုထိကျွန်တော် အမှတ်ရနေဆဲပါ။ ကျွန်တော် တို့  နောက်ဆုံးနှစ် အပိုင်း(က) ပြည်သူ့ကျန်းမာရေး လေ့လာရေးခရီး အဖြစ် မိထ္ထိလာခရိုင်က " မုံတိုင် "
ဆိုတဲ့ရွာလေးကို သွားရောက်ရတော့ အဲဒီမှာ နွားလှည်းကို ခါးချိ ရလောက်အောင် စီးခဲ့ရဘူးတာကြောင့် လည်းဖြစ်မယ်ထင်ပါတယ်။ခုမှပြန်သတိရမိတာကတော့ နွားလှည်းနဲ့တော့မဆိုင်ပါ၊ မေ့ဆေးနဲ့ပတ်
 သက်နေလို့ပါ။

အထက်အညာက ရှင်ပြုပွဲတစ်ခုမှာတွေ့ရတဲ့ ရွှေလှည်းယဉ်လေး

Sunday, May 29, 2011

" ၀ါးချက် ဇီဝိတဒါန ခရီး "

သကျမာန်အောင်ဘုရားနဲ့ပဏာရနေတဲ့ ၀ါးချက်သံဃာ့ဆေးရုံ

                                                     " ၀ါးချက် ဇီဝိတဒါန ခရီး"
ကျွန်တော်ရေးခဲ့ဘူးတဲ့ အတိုင်းဒီနှစ် ဇန္န၀ါရီ မှဧပြီလတိုင် ခွင့်သုံးလနဲ့ အိမ်ပြန်ဖြစ်ခဲ့ပါတယ်၊ စင်္ကာပူမှာ လည်ခဲ့တဲ့ တစ်ပတ်ကလွဲရင် အိမ်ပြန်ရောက်တော့ ရှိသမျှအလုပ်တွေကို သိမ်းကျုံး  လုပ်ရတာ ထုံးစံပါ။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအပြင် ပတ်သက်ရာပတ်သက် ကြောင်းကူညီနိုင်တဲ့ လူတွေကိုလည်းကူညီ၊ တတ်နိုင်သလောက် အလှူတွေ  အတန်း လေးတွေပါ လုပ်ခဲ့နိုင်တာမို့၊ ကျေနပ်မှုတွေအပြည့် ရခဲ့ပါတယ်။ ဒီအထဲမှာကျေနပ်မှု အရှိဆုံးကတော့ စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ " ၀ါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ" မှာ ကိုယ်တတ် ထားတဲ့ ပညာနဲ့ သွားရောက် ကုသိုလ်ပြုဖြစ်ခဲ့တာပါ။

Thursday, April 28, 2011

" နောက်ဆုံးပေါ် လေယာဉ်ခရီးအတွေ့အကြုံလေးတစ်ခု "

                                      " နောက်ဆုံးပေါ် လေယာဉ်ခရီးအတွေ့အကြုံလေးတစ်ခု "
Jan လတုန်းက ကျွန်တော် ခွင့်သုံးလနဲ့ ရန်ကုန်ပြန်သွားတာ ဘာမှကြာလိုက်တယ် မထင်မိပါဘူး အာဖရိက ကိုပြန်ရောက်လာရပြန်ပါပြီ။ ကိုယ့်မိသားစု နဲ့ဆွေမျိုးသားချင်းတွေနဲ့ ပြန်တွေ့ရလို့ပျော်ခဲ့ရတာ တွေ၊ တတ်နိုင် သလောက်ဘာသာရေး အလုပ်အချို့လုပ်နိုင်ခဲ့တာတွေအပြင် အမိနိုင်ငံမှာ ကိုယ်တတ်နိုင်တဲ့၊ ကူညီနိုင်တဲ့ကိစ္စတွေ၊ ဥပမာ စစ်ကိုင်းက ၀ါးချက်ဆေးရုံ မှာအထူးကု ဆရာဝန်တွေ အဖွဲ့နဲ့ အတူ သွားရောက် ကုသိုလ်ဖြစ် ဆေးဝါးကုသပေးတာတွေ၊ စတာတွေနဲ့ ရေးစရာ ကြည်နူးစရာ ကုန်ကြမ်းတွေအတော် လေးရ ခဲ့ပါတယ်။ ဒါပေမဲ့ လုံးဝပျော်စရာ ကောင်းလွန်း တဲ့ ကုန်ကြမ်းတစ်ခုကိုတော့ ရန်ကုန်ကအပြန် မင်္ဂလာဒုံ လေဆိပ်မှာ ရခဲ့ပါတယ်။ အများသူငါ သိထားထိုက်တယ် ကျေးဇူးရှိမယ်ထင်လို့ ဒီစာလေးနဲ့ပဲ ကျွန်တော့စာစုလေး ကိုပြန်စလိုက်ချင်ပါတယ်။

Soe Myint (Anaesthesia)  ©2009

Back to TOP