Sunday, February 14, 2010

အပြင်လူနာဋ္ဌာန မှာတစ်နေ့တာ

Oshakati State Hospital အသစ်ကြီး ပြင်ပလူနာဋ္ဌာန

၂ဝဝဝ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ရက်နေ့၊ နမီးဘီးယားမှာ၊ ပထမဦးဆုံးအကြိမ် အဖြစ်အရေးပေါ် လူနာဌာနမှာ တာဝန်ကျ ဆရာဝန်အနေနဲ့ ကျွန်တော် ထိုင်ဖြစ်ခဲ့ပါတယ်၊ ပြောရမယ်ဆိုရင်၊ ကျွန်တော် ဒီနိုင်ငံရောက်တာ၆နှစ်ကျော်လို့ ၇နှစ်အတွင်း ရောက်နေပါပြီ၊ ဒါပေမဲ့၊မေ့ဆေး ဆရာဝန် တစ်ယောက်အနေနဲ့မို့၊ ကျွန်တော့အဓိကတာဝန် ကခွဲစိပ်ခန်းထဲမှာပါ၊ တစ်ခါ တစ် ရံ အရေး ပေါ်အနေနဲ့ခေါ်မှသာ အရေးပေါ်ဌာနမှာအသက်ကယ် လုပ်ငန်းကို ခဏဝင် လုပ်ပေး ရတတ် တာပဲရှိပါတယ်ပုံမှန်အနေနဲ့တာဝန် မယူရပါ၊ ဒါနဲ့ပဲ မေ့ဆေးဘွဲ့လွန်ရပြီး ကတဲက ပြင်ပလူနာ တွေနဲ့တွေ့ထိမှုမရှိတော့သလောက် ဖြစ်နေတာ၊ဘာလိုလိုနဲ့အနှစ် ၂ဝ ကျော်ပင်ရှိ သွားပါပြီ၊

အဲဒီနေ့က အရေးပေါ် ပြင်ပလူနာမှာ ထိုင်ဖြစ်ခဲ့ရခြင်း အကြောင်း ရင်းကိုပြောရရင်တော့၊ ဘယ်သူ ကမှအတင်းခိုင်း လို့မဟုတ်ပါ၊ ဒီဇင်ဘာခရစ္စမတ် ရာသီမှာပြင်ပ လူနာမှာထိုင်ဖို့၊ ဆရာဝန် မလုံလောက် လောက်အောင် ခွင့်တွေသွား ကုန်ကြတာမို့၊ ကူညီတဲ့အနေနဲ့ပါ၊ ကျွန်တော့အနေ နဲ့လဲအပြင် လူနာ
တွေနဲ့တွေ့ထိ တဲ့ ဗဟုသုတရချင်ပါတယ်၊ တစ်ခုပို စိတ်ဝင်စား ဖို့ကေါင်းတာကလည်း မကြာသေးမီကမှ အသစ် ဖွင့်လိုက်တဲ့ ဆေးရုံသစ်ကြီးမှာ သွားလုပ်ရမှာပါ။ (မှန်တာပြောရ ရင်တော့ ထိုက်သင့်သလောက်လဲ လုပ်အားခရပါတယ်) ကျွန်တော်တို့လက်ရှိ လုပ်နေတဲ့ဆေးရုံက အနှစ်၃ဝကျော် သက်တမ်းရှိနေပြီ၊ ဟောင်းနေပြီမို့၊ ခေတ်မီအောင် ပြုပြင်ဖီု့လိုအပ်နေပါပြီ၊ ဒီမှာကထုံးစံအတိုင်း၊ အဟောင်းကို ပြင်တာထက် အသစ် ထပ်ဆောက် တာကပိုသက်သာတာ မို့ထင်တယ်၊ ဘေးမှာရှိတဲ့ နေရာလပ်ကြီးမှာ အသစ်ထပ် ဆောက်တာပါ၊ ဆေးရုံက ကုတင် ၈ဝဝ၊ ရန်ကုန်ဆေးရုံဝင်း ကြီးလိုကျယ်တာမို့၊ ဧရာမစီမံကိန်းကြီးပါ၊ အဆင့်သုံးဆင့်နဲ့အဟောင်းကိုဖျက် ပြီးအသစ်ကို ရွှေ့ရတာပါ၊ လောလောဆယ်မှာ တော့အရေးပေါ်ဌာန၊ ပြင်ပလူနာ ဌာန၊ ဓါတ်မှန်၊ ဆေးဝါး ဌာနတို့နေရာ သစ်ကိုရောက်ကုန်ပါပြီ။

Oshakati ဆေးရုံကြီး OPD အ၀င်ပေါက် (နံက်စောစောလူရှင်းချိန်)

ဒီမှာကျွန်တော်တို့ ဂျူတီချိန်ကတစ်ချိန်ကို ၂၄နာရီ၊ ကနေ့နံနက် ၈နာရီကနေ၊ နောက်နေ့နံနက် ၈နာရီပါ၊ အဲဒီနေ့က နံနက်၈နာရီမှာကျွန်တော် ရောက်သွားတော့၊ စေါင့်နေတဲ့ လူနာတွေက အခန်းပြည့်လုလုပါ၊ အရေးပေါ် လူနာကြည့် ခန်းဆိုတာ ကလည်း ခန်းမကြီးတစ်ခု စာမက ကျယ်တာပါ၊ တစ်ဖက်မှာစမ်း သပ်ကုတင် ၄လုံးစီမို့၊ ပေါင်းကုတင်၈လုံး၊ အသေးစား ခွဲစိပ် ခန်း ၃ခန်းအပါအဝင်၊ ဆရာမတွေထိုင်တဲ့ ကေါင်တာ စားပွဲရှည်ကြီး၊ တယ်လီဖုန်းစက် ခလုပ်ခုံ၊ စတာတွေနဲ့ မို့ပြည့်ပြည့်စုံစုံရှိပါတယ်၊ အပြင်လူနာတွေ စေါင့်တဲ့ နေရာကလည်း၊ နောက်ထပ်ခန်းမ တစ်ခုစာ ကျယ်ပါ သေးတယ် ဒါကြောင့်မို့ဆေးရုံသစ်ကြီးက အပြင်ကနေကြည့် မယ်ဆိုရင်၊ အမိုးခုံးအမြင့် ကြီးတွေနဲ့မို့၊ ဆေးရုံထက်၊ ရထား ဘူတာရုံကြီး နဲ့ပိုတူ နေပါတယ်၊ ဒီမြို့မှာတော့အကြီးဆုံးအဆောက်ဦပါ၊ အဲဒီမှာ တာဝန် ကျဆရာဝန် အနေနဲ့က ကျွန်တော် တစ်ယောက်ထဲပါ၊ အကူအနေနဲ့တော့ အလုပ်သင် ဆရာဝန်တစ်ယောက်ရှိပါတယ်။ ဒိအပြင် ကျောင်းပိတ် ရက်အတွင်းဒီမှာလေ့လာ ပညာယူ နေတဲ့အနောက် နိုင်ငံက ဆေးကျောင်းသား ၃ယောက် လဲရှိပါတယ်။ သူတို့တွေက ဟော်လန်ကပါ။ ဆရာမ တွေ အနေနဲ့ ၆ယောက် ၇ယောက်ရှိတာမို့ အဖွဲ့ တောင့်ပါတယ်။

ဗဟုသုတ အနေနဲ့ရေးရရင်တော့၊ ကျွန်တော်တစ်ခါက ရေးဘူးသလို၊ ဒီနိုင်ငံမှာ နိုင်ငံသား တိုင်းအခမဲ့ ဆေးကုသ ခွင့်ရှိပါတယ်၊ ဆေးရုံ၊ဆေးပေးခန်း တွေမှာလည်းဆေးဝါး တော်တော် လေး ပြည့်ပြည့် စုံစုံ ရှိပါတယ်၊ (ဆေးရုံမှာမရှိလို့ အပြင်ဆေးဆိုင်မှာဝယ်ရတာမျိုး မကြားဘူး သလောက်ပါ) လူနာ တစ်ယောက် အဖို့၊ပြင်ပလူနာမှာဆရာဝန်နဲ့ လာပြ ချင်ရင်၊ မှတ်ပုံတင် ကြေးသူတို့ငွေ နမီးဘီးယား ၉ဒေါ်လာ 9N$ (ကျပ်၅ဝဝကျော်)နှုံး၊ နဲ့ရုံးချိန်ပြင်ပဆိုရင် ၁၄ဒေါ် လာနှုံး သာပေးရပြီး၊ နောက်ပိုင်းဆေးဝါး တွက်ကုန်ကျသမျှ၊ အစားသောက် အဝတ်စားအပါအဝင်၊ စကါးကုန်ပြောရရင်၊ လိုအပ်လို့မြို့တော်က ဆေးရုံကြီးမှာ ပြောင်းရွှေ့ ကုသရလည်း၊ အစိုးရ ကပဲအားလုံး တာဝန်ယူပါ တယ်၊ (ဒီအတွက်၊ အရေးပေါ်သူနာတင်ကါးတွေအပြင်အပတ် စဉ်ပုံမှန် ပို့ပေးနေ တဲ့ ဘတ်(စ) ကါးကြီးတစ်စီးရှိပါတယ်) ထိုနည်း အတိုင်းပဲ၊ ဒီမြောက်ပိုင်းတိုင်း တစ်ခုလုံးမှာရှိ တဲ့ဆေးရုံလေး တွေဆီကနေ ဒီဆေးရုံကြီးဆီ လူနာတွေပို့ပေးနေတဲ့ ပုံမှန် ဘတ်စတွေလဲ သူ့ရက်နဲ့သူရှိပါတယ်၊ အားလုံး ကအခမဲ့ချည်းပါ၊ သူတို့သိပ်ကိုကံ ကေါင်းကြ ပါတယ်၊ နိုင်ငံဘတ်ဂျက်ရဲ့ ၁၅ရာနှုံး ကို ကျမ်းမာရေးတွက်သုံးတာမို့၊ ကျန်းမာရေးတွက် အသုံးစရိတ်မှာ၊ ကမ္ဘာာ့ထိပ်တန်း ၁ဝစာရင်းထဲ ဝင်တယ်လို့ကျွန်တော် ဆိုခဲ့ဘူးတာပါ၊ ဒါတင် မကသေး ပါဘူး၊ နိုင်ငံခြားအစိုးရတွေ နဲ့အစိုးရမ ဟုတ်တဲ့ အဖွဲ့စည်းတွေ NGO ကနေအကူညီ အနေ နဲ့ရတဲ့၊ ဆရာဝန် တွေ၊ ဆေးဝန်ထမ်း တွေလဲ တပုံကြီးပါ၊ ဒီထဲမှာ အနောက်နိုင်ငံ တွေဆီ ကတင်မကပါဘူး၊ အရှေ့ဘက်က တရုပ်နဲ့ အိန္ဒိယအစိုးရတွေဆီကရတဲ့ အကူညီ တွေလဲရှိပါသေးတယ်၊ (အိုကါဟောင်း) ဆိုတဲ့ ရွာသာသာ လောက်ရှိ တဲ့မြို့လေးမှာ Indira Gandhi အင်ဒီရာဂန္ဒီဆိုတဲ့အမျိုးသမီး ဆေးရုံကြီး ကိုဖွင့်လိုက် တာမကြာ  သေးပါဘူး၊ အိန္ဒိယအစိုးရက လှူတာပါ၊ အင်ဂိုလာနယ်စပ် မှာရှိတဲ့၊ Engilla ဆိုတဲ့ ဆေးရုံကြီး ကလဲ တောထဲမှာနန်းတော်ကြီး လောက်ကိုခန်းနား လှပါတယ်၊ ဒါလဲ Finland အစိုးရကလှူတာပါ၊ ဒါကြောင့်မို့ ကျန်းမာရေး တွက် ငွေကိုရေလိုသုံးနိုင် တာပါ၊ (သင်ကံကောင်း လို့အသက် ၆ဝကျော်ထိအသက် ရှည်နေရ အုံးမယ် ဆိုရင်သက်ကြီးပင်စင်၊ တစ်လ N$၂ဝဝ (ကျပ် ၁၂ဝဝဝခန့်)၊ နိုင်ငံသားတိုင်းခံစားခွင့်ရှိ ပါသေးတယ်။

ဒါပေမဲ့၊ အပြင်ပုဂ္ဂလိက ဆေးခန်းမှာကုရလို့ကတော့၊ နာဖို့သာပါ၊ စမ်းသပ်ခချည်းသက်သက် (စပယ်လစ် မဟုတ်သေးဘူး) တစ်ကြိမ်ကို N$ ၆ဝ(ကျပ်၃ဝဝဝကျော်)၊ ဆေးဘိုးတွေကလဲ ခေါင်ခိုက်နေတာမို့၊ ကျမ်းမာရေးတွက် အာမခံလုပ်ထားသူတွေနဲ့ ချမ်းသာသူတွေက လွဲရင်တော်ရုံလူမကပ်နိုင်ပါ၊ ကံမကေါင်း၊ အကြောင်းမလှလို့ အပြင်လူနာအနေနဲ့ အခွဲစိပ် ခံရလို့ကတော့ မွဲကိန်းပါ၊ ခွဲခန်းခကတမိနစ်တိုင်းကို 8 N$၊ (ကျပ် ၅ဝဝခန့်) လူနာခန်းခ ကတစ်နေ့ ၁၂ဝ(ကျပ် ရဝဝဝ ကျော်)၊ ခွဲစိပ်နဲ့မေ့ဆေး ဆရာဝန်ခ တွေ၊ အနဲဆုံး N$ တစ်သောင်း (ကျပ် ၆သိန်းခန့်) ပါ၊ အစိုးရဝန်ထမ်း နဲ့မှီခို သူတွေ တွက်တော့၊ အစိုးရက Government Medical Aid လို့ခေါ်တဲ့အာမခံလုပ် ပေးထား တာ မို့လို့သာကျွန်တော် တို့ခံသာပါတယ်၊ ဒါရှိထား ရင်အားလုံး အခမဲ့ချည်းပါ။ အပြင်မှာဆေးဝယ် ရရင်လည်း၊ ဆေးဝါး ကုန်ကျစရိတ်အားလုံး ရဲ့ ၅ရာခိုင်နှုံးပဲ ပေးဖို့လို ပါတယ်၊ (ပုဂ္ဂလိက ကျမ်းမာ ရေးအာမခံကုမ်ပဏီ တွေလဲရှိပါသေး တယ်၊ ပုံစံအ မျိုးမျိုးနဲ့ပါ၊ အရမ်းကို ပေါများနေသူတွေကတော့၊ ဖုန်းနဲ့လှမ်းခေါ် လိုက်ရင်၊ မြို့တော်ကနေဆေးဝန်ထမ်း တွေနဲ့အတူ လေယဉ် ငယ်လေး နဲ့သင့်ကိုလေယဉ်ကွင်း မှာလာကြိုပါလိမ့်မယ်)၊ အိုရှာခါတီမှာ အပြင်ဆရာဝန် ၆ ယောက် ရှိပါတယ်၊ (သူတို့နိုင်ငံ သားတွေနဲ့၊ နိုင်ငံသားခံယူထား သူတွေသာ၊ပြင်ပ ဆေးခန်း ဖွင့်ရှိတာပါ) အနဲဆုံး မာစေးဒီးတို့၊ BMW တို့၊ ပါဂျရိုတို့ မှစီးတဲ့လူတွေပါ၊ သူတို့ရဲ့ ဝင်ငွေက တစ်လကိုဒေါ်လာ သိန်းနဲ့ချီ ရှိနိုင်တာပါ၊ (ကျွန်တော် တို့နဲ့တော့ကွါပ၊)

ဒီမှာတစ်ခုဆိုးတာက၊ ဆေးတွေကိုဝယ်ချင် တိုင်းဝယ်လို့မရပါ၊ ဆရာဝန်ဆေးစါ မပါရင်၊ ဆေးဆိုင် တွေက အိမ်သုံးဆေး တစ်ချို့ကလွဲရင်ဘာမှဝယ် လို့မရပါ၊ မှောင်ခိုဈေးလည်း ရှိတာမဟုတ်လို့၊ မိမိဖာသာမိမိ အပြင်မှာ ဆေးဝယ်ကုလို့မရပါ၊ ဖျားလို့နာလို့ကတော့ ဆရာဝန်နဲ့ ကင်းလို့လုံးဝမရပါ၊ အများစုကဆင်းရဲ ကြတာမို့၊ ဆေးရုံကိုသာအားထားကြ ရတာပါ၊ ဒါကြောင့် မို့လည်းဆေးရုံမှာ လူနာတွေလျှံနေတာပါ၊ (အပြင် ဆရာဝန်တွေလဲရေလျှံ နေတာပါ) ဒီလူနာ တွေထဲမှာ တစ်ဖက် (အနှစ်၂ဝကျော်ပြည်တွင်းစစ်ဖြစ်နေတဲ့) Angola အင်ဂိုလာနိုင်ငံကလာတဲ့ လူနာ တွေအရေ အတွက်ကလဲ မသေးပါ၊

ကျွန်တော်ပြောခဲ့သလိုပေါ့၊ အယောက် ၁ဝဝ၊ကျော်၂ဝဝရှိ တဲ့ဒီလူနာတွေကို ကျွန်တော် တစ် ယောက်ထဲ ကြည့်ဖို့ရာမပြီးနိုင်ပါ၊ လူနာကြည့်ရုံနဲ့မပြီးသေးပါ၊ အားလုံးသိ တဲ့အတိုင်းပဲ ဒီအရေး ပေါ်ဌာနဆိုတာက ပြဿနာပေါင်း စုံလာတာပါ၊ ယဉ်မတော်တဆမှုတွေ၊ ခိုက်ရန်ဖြစ်ပွါးမှု တွေ၊ ရဲမှုခင်းတွေအစုံလာတာမို့၊ ဆရာမတွေကို ပိုအားထားရပါတယ်၊ ဒီနေရာမှာတစ်ခု ချစ်ဖို့ ကေါင်းတာကလူနာတိုင်းကိုဆရာမတွေကပဲ အရင်ကြည့်ရပြီး၊ မှတ်တမ်း ရေးတာတို့၊ အပူချိန်တိုင်း တာတို့၊ သွေးတိုင်းတာ၊ ကိုယ်အလေးချိန်တာ လိုအပ်ရင်အကြောဆေးသွင်းတာ တို့ကိုသူတို့ ပဲလုပ်သွားကြတာမို့ ကျွန်တော့အဖို့ အတော်ခံသာပါတယ်၊ တော်ရုံနှာစေး၊ ချောင်းဆိုး တာလောက် ကိုသူတို့ပဲဆေးပေးပြီးပြန်လွှတ်ပါတယ်၊ နောက်တစ်ခုဒီမှာ ထူးခြားတာက၊ ကျွန်တော်တို့ လူနာတွေကိုဆေးပေးတဲ့ခါမှာ ကိုယ်ပေးချင်တိုင်းပေးလို့မရတာပါ၊ Medical Guideline ဆေးဝါးကုသမှုညွှန်ကြားချက် စါအုပ် မှာညွှန်ထားတဲ့ အတိုင်းတိတိကျကျ လိုက်နာဖို့လိုပါတယ်၊ ဆေးဝါးဌာနကလူတွေကလည်း သူတို့မသင်ကါ ရင်အဲဒီ စာအုပ်တွေ ကိုပဲဖွင့်ဖတ်ပြီးစစ်ကြည့်တတ်တာမို့၊ ကိုယ်ပေးတဲ့ဆေး ကဘောင်မဝင် လို့ကတော့၊ ဆရာဝန်ဆီပြန်လွှတ် တတ်ပါတယ်၊ (စာအုပ်ကြီး အတိုင်းပေါ့) ဥပမာတစ်နေ့၎ကြိမ် ပေးဖို့လိုတဲ့ဆေးကို၊ ၂ကြိမ်၊၃ကြိမ်၊ဆိုပြီး သွားညွှန် လို့မရပါ၊ပြန်လာ ပါလိမ့်မယ်၊ တစ်ချို့ဆေးတွေဆို သီးသန့်သတ်မှတ်ထားတဲ့ရောဂါကလွဲရင်၊အခြားရောဂါမှာ သုံးခွင့်မရှိပါ၊ (ဆေးယဉ်သွားမှာစိုးလို့) ဥပမာ တိုက်ဖွိုက်ရောဂါတွက်သုံးတဲ့ ဆေးကို ဝမ်းလျှောတဲ့လူနာ ကိုပေးလို့မရပါ၊ (ပျောက်မှန်းတော့သိပါတယ်) ကလေး လူနာတွေတွက်ဆိုလဲ၊ ကျွန်တော် တို့လုပ်နေကျလို၊ ခလေးကြီးဆို ဆေးပြားတစ်ခြမ်း၊ ခလေးငယ်ဆိုတစ်စိတ်၊ ဆိုပြီးမှန်းပေးလို့မရပါ၊ ခလေးကို ကိုယ်အလေး ချိန် အလိုက် ဆေးကိုတွက်ချက်ပေးရတာပါ၊ အများအား ဖြင့်ခလေးဆေးတွေက အရည်အနေနဲ့လာတာမို့သူတို့ ချင်တွယ်ပြီး ပေးတတ်ပါတယ်၊ ဒါကြောင့်မို့၊အပြင်လူနာ ကြည့်တဲ့ ဆရာဝန်တွေအဖို့၊ ဆေးစာအုပ်ရယ်၊ ဂဏန်းတွက်စက်ရယ်၊ ကိုယ်နဲ့မကွာရှိဖို့လိုပါတယ်၊ တိကျတာမို့ကေါင်းပါတယ်၊ ဒါပေမဲ့၊ လူနာတစ်ယောက် ဆို၊ ဆိုသလောက်အချိန် ယူရတာမို့၊ ၅မိနစ်တစ်ယောက်နှုံးမပြီးနိုင်ပါ၊ ဒီအထဲရောဂါကြီးသမားတွေ၊ ရဲမှုခင်းတွေပါ ကြည့်ပေးရ တာဆိုတော့၊ လူနာတွေကလျော့မသွားတဲ့ပြင် တိုးတိုးလို့သာလာ နေပါတယ်၊ ညသန်းခေါင်ကျော်ထိ ကျွန်တော်တို့မှာနားချိန်ဆိုလို့ နံက်စာနဲ့ညစာတွက် တစ်နာရီစီပဲ ရှိခဲ့ပါတယ်၊ တကယ်တမ်းတော့လူနာတွေ မကုန်သေးပါ၊ ကျွန်တော်အခန်း ခဏပြန် နားနေတုန်း မှာလဲ၊ တဖွဲဖွဲ လာနေဆဲပါ၊ ဒါပေမဲ့ဆရာမတွေက အရေးမကြီးတဲ့လူနာတွေကို ခဏဆိုင်းထား လူစုထားပြီး၊ နံက် ၅နာရီ ကျော်မှ ကျွန်တော့ကို ဖုန်းနဲ့လှမ်းခေါ်တာပါ။

မြို့တော် Windhoek က  ၁၂ ထပ်ရှိဗဟိုအစိုးရဆေးရုံကြီးပါ။
(ဒီပုံစံမျိုးနောက်တစ်ခုရှိပါသေးတယ်။ ကိုလိုနီခေတ်တုန်းက လူဖြူလူမည်းသီးခြားတစ်လုံးစီပါ    ကျွန်ဆိုပေမဲ့ လူမည်းတွေ ကိုပစ်မထားပါ)

ဒါဆို လွန်ခဲ့တဲ့အနှစ်၂ဝကျော်ကါလ ကိုယ့်နိုင်ငံမှာနဲ့၊ ခုကါလ၊ ဒီကပြင်ပလူနာဌာနမှာ လူနာတွေ ဘယ်လို ကွာခြား သွားပြီလဲ? ကျွန်တော့အမြင်မှာတော့မိုးနဲ့မြေကြီး ပမာကွာသွားပါပြီ၊ ဟိုအနှစ် ၂ဝကျော်တုန်းက HIV/AIDS ဆိုတာ၊ ကြားဘူး ဖို့နေနေသာ၊ နောင်ကိုပေါ်လာလိမ့်မယ် လို့ ယောင်လို့ပင် စိတ်မကူးမိခဲ့ တဲ့ရောဂါပါ၊ ဒါကြောင့်မို့၊ အရေးပေါ်လူနာ ဆိုတာ (အချို့အနဲငယ် မှအပ) နှာစေး၊ ချောင်းဆိုး၊ ဗိုက်နာ၊ ဝမ်းလျှော တာလောက်ရှိတာပါကွါ၊ လို့ပြောလို့ရပါတယ်၊ဆေးပေး လိုက်ရင်လွယ်လွယ်နဲ့ပျောက်သွားမဲ့ရောဂါ တွေပါ လို့ပြောနိုင်ပါတယ်၊ ဒါပေမဲ့ ယခု HIV ခေတ်မှာတော့ဒီနှာစေးချောင်းဆိုး တွေလောက်ကိုပဲ ပေါ့ပေါ့ တွေး လို့မရတော့သလို၊ ပေါ့ပေါ့ကုလို့မရတော့ပါ၊ လာပြတာတော့ ချောင်းဆိုး၊ ဝမ်းလျှောတာ လောက် ပါပဲ၊ ဒါပေမဲ့၊ လနဲ့ချီပြီးဆိုးနေ လျှောနေတဲ့လူနာတွေပါ၊ ရှင်းအောင် ပြောရရင်တော့ HIV/AIDS ရောဂါ သည်တွေပါ။

HIV/AIDS ဆိုတာဒီအာဖရိက မှာနံပါတ်တစ်လူသတ်တရားခံ၊ အဓိကပြသဿနာ ဆိုတာ ကျွန်တော်ခုမှပဲ ကေါင်းကေါင်းသဘောပေါက်ပါပြီ၊ မေ့ဆေး ဆရာဝန်တစ်ယောက် အနေနဲ့၊ ခွဲခန်းမှာကျွန်တော် တို့တွေ့နေရတဲ့ဒီရောဂါ သည်တွေဆိုတာက အကင်းလောက်ရှိတာပါ၊ ခုကျွန်တော်ဒီမှာ နဖူးတွေ့ဒူးတွေ့၊ တွေ့နေရတာက လူနာ အားလုံးပေါင်း ရဲ့ထက်ဝက်ကျော်လောက် ရှိနိုင်ပါတယ်၊ မျက်လုံးဟောက်ပက်နဲ့၊ အရိုးပေါ်အရေတင်၊ အခြေနေရောက်နေတဲ့ လူနာတွေကတော့ ဒီရောဂါမှန်းသိသာပေမဲ့၊ အများစုက၊ သူလိုကိုယ်လိုသာမန်ပုံစံနဲ့ပါ၊ ထူးဆန်းတာက ဒီနိုင်ငံမှာ (လူနာရဲ့သိက္ခာ ငဲ့တဲ့အနေနဲ့) HIV/AIDS ကို လူနာ မှတ်တမ်းထဲ သူ့ဥပဒေအရ ချရေးခွင့်မရှိပါ၊ မရေးဝံ့ပါ၊ HIV ပိုးစစ်ချင် တာပင်လူနာကိုခွင့်တောင်းရ ပါတယ်၊ သူတို့ကိုဖွင်မေး လို့လဲမရ၊ (တစ်ယောက် လားပဲ သူ့မှာ HIV ပိုးရှိတယ် ဆိုတာဖွင့်ပြောသွား ပါတယ်၊ကြည့် လိုက်တော့ရုပ်ရေ သနားကမား ကေါင်မလေးပါ) ဘယ်သူ့ကိုမှလဲယုံလို့မရ၊ ငှက်ဖျားနဲ့၊ တီဘီရာဂါ သည် တွေရဲ့နောက် မှာဒီရောဂါ အခံရှိဖို့များသလို၊ ဆံပင်နီကြောင်ကြောင် နဲ့ဖြူဖတ်ဖြူယော် အဟာရချို့တဲ့နေတဲ့ ခလေးလေး တွေကို လဲမွေးရာပါ AIDS ရောဂါ မရှိဘူး လို့မပြောနိုင်ပါ၊ ဒီမှာတင်လူနာ နှစ်ယောက်တွေ့ခဲ့ပါတယ်၊ စိတ်ဖေါက်ပြန်ပြီး အော်ဟစ် ရုံးကန် နေလို့ဘေးကနေဝိုင်း ဝန်းချုပ်ကိုင်ထား ရတာပါ၊ လူငယ်လေးတွေပါ၊ ကျွန်တော်က စိတ်ဝေဒ နာရှင်တွေလို့ ထင်မိပါတယ်၊ (စိတ်ရောဂါကု ဆရာဝန်ကိုလှမ်းခေါ်မလို့ပါပဲ) ဆရာမ တွေက မဟုတ်ဘူး၊ အဲဒါတွေလည်း HIV ပိုးအာရုံ ကြောထရောက် သွား လို့စိတ်ဖေါက် နေတာ ပါတဲ့၊ ကျွန်တော် အတော့်ဖျားသွားမိတယ်၊ ခုမှပဲကျွန်တော် ကြုံဘူးတာပါ၊ ဒါဆိုကုန်ပြီပဲ၊ HIV ပိုးနဲ့ ကင်းတာဘာကျန်တော့ လို့လဲ၊ ကါးတိုက်ခံရတဲ့လူနာ၊ အရိုက်ခံရတဲ့လူနာတွေ မှာကော ဒီရောဂါပိုးမှ ကင်းရဲ့လား။ အရေပြားရောဂါ သည်လည်းမကင်းပါ။

Windhoek ဆေးရုံကြီးက ဆရာ/ဆရာမ များအဆောင် တွေပါ (၉ထပ်စီချည်းပါ)

တစ်ချိန်မှာတော့၊ အရိုးပေါ်အရေတင် ရောဂါကျွန်းသလောက်ဖြစ်နေတဲ့ AIDS ရောဂါသည်နှစ် ယောက်ကို စစ်ပေးရပါတယ်၊ တစ်မိသားစုထဲ ကနေလာတဲ့ညီအကို နှစ်ယောက်လို့ဆရာမ တွေအပြောအရ သိရပါ တယ်၊အသက်ကိုကြည့် လိုက်တော့ ၂၉နဲ့၃ဝ၊ စီပဲရှိပါသေးတယ်၊ ပါလာတဲ့ အဖေ အမေတွေကတော့၊ အသက်တွေ ကြီးနေပါပြီ၊ ဒါပေမဲ့ကျမ်းကျမ်းမာမာကြီး တွေပါ၊ ကျွန်တော်က စပ်စပ်စုစု မေးကြည့်လိုက်တော့၊ ချွေးမတွေလဲ ဆုံးကုန်ပါပြီတဲ့၊ ရှိတဲ့ မြေး၎ ယောက်ကလဲ ကျန်းမာ တယ်ရယ်လို့မရှိလှဘူး၊ တရှောင်ရှောင် ပါဘဲတဲ့၊ (အမျိုးသမီး နဲ့ခလေး တွေကဒီရောဂါဒဏ် ကိုပိုခံရတာထုံးစံပါ) လူနာတွေကုယင်း ကျွန်တော်စိတ် အတော် ပျက်သွား မိပါတယ်၊ တကဲ့အနိဌာရုံတွေမို့ပါ။

ကျွန်တော်တို့ရဲ့ ရှေးဘိုးဘွားဘီဘင် တွေခေတ်တုန်းက၊ ပလိပ်ရောဂါကပ်တို့၊ ကျောက်ရောဂါ ကပ်တို့ဆို တာရှိခဲ့ဘူး ပါတယ်၊ တစ်ခါတစ်ခါဖြစ်လိုက် ရင်လူတွေသောက်သောက် လဲသေကြပါတယ်၊ နေ့မြင်ညပျောက်  လို့ပြောရအောင် ကိုအတော့် ကိုလဲမြန်ပါတယ်၊ ဒိနောက်ပိုင်း မှာတော့ဆေးပညာ တိုးတက်လာတာ နဲ့အမျှဒီလိုကပ်ရောဂါတွေ ကမ္ဘာမှာပျောက်ကွယ် သလောက်ဖြစ်သွားပြီးနောက် လူ့သက်တမ်း တွေလဲပို ရှည်လာတာတွေ့ရပါတယ်၊ ဒါပေမဲ့၊ ၂ဝရာစုနောက်ပိုင်း HIV/AIDS ရောဂါ ပေါ်လါပြီး  လူငယ်တွေက အသေစေါလာပြီး မိမဲ့ဖမဲ့ခလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပဲ ကျန်ရစ်နေပါတယ်၊ ပိုဆိုးတာက ခုကိစ္စမှာက၊ နေ့မြင်ညပျောက် မဟုတ်လို့ လူတွေ ကြောက်ရကေါင်း မှန်းမသိသေးတာရယ်၊ ဆေးတွေ့ဖို့ လမ်းမမြင်သေးတာ ရယ်ပါ၊ ကျွန်တော်တို့ဆေးပညာရှင် တွေစစ်ရှုံးနေပါပြီး၊ ဒီ ပိုးကြောင့် ပဲတခါ ကကျွန်တော်တို့ အောင် နိုင်ခဲ့ပြီးတဲ့ တီဘီလို၊ ငှက်ဖျားလိုရောဂါမျိုးတွေ ခုအခါမှာ ခေါင်းပြန်ထောင် လာတာလဲ ဘာမှမတတ်နိုင်တော့ပါဘူး၊ လက်ရှိအ ခြေနေမှာတော့၊ လူဦးရေ ၂သန်း မရှိသေးတဲ့ဒီနိုင်ငံမှာ HIV ပိုးရှိနိုင် မဲ့ဦးရေက ၁ဝယောက်မှာ တစ်ယောက်နှုံးပါ။ ရောမ စစ် ဘုရင်တွေခေတ် တုန်းက Decimation ဆိုတဲ့ စကါးရပ် တစ်ခုရှိခဲ့ဘူးပါတယ်၊ ဖမ်းမိ တဲ့သုံ့ပန်း တွေ ထဲက ၁ဝယောက်မှာ တစ်ယောက် နှုံး၊ ဒဏ်ခတ်တဲ့အနေ နဲ့သတ်ပစ်တာပါ၊ ရက်စက်ရာကျတယ် ဆိုရင်၊ ခုပုံစံကလဲနောင် ၅နှစ် ကနေ ၁ဝနှစ်အတွင်းမှာ တစ်နိုင်ငံလုံးရှိ လူဦးရေရဲ့ ၁ဝပုံ ၁ပုံက HIV နဲ့သေဒဏ်ချခံရပြီးသားဖြစ်နေပြီ။

ဒါကြောင့်မို့၊ လူနာတွေကြည့်ယင်းကျွန်တော်စိတ်ပျက်မိတာပါ၊ မနိုင်နိုင်တဲ့စစ်ကိုကျွန်တော်တို့ တိုက် နေရတာပါ၊ ဆေးရုံကအတွင်းလူနာကု ဆောင်မှာဆိုလဲလူနာ တွေလျှံနေ လို့၊ဆရာမ တွေလဲငြီးနေကြပါပြီ၊ လူနာကုတင်တစ်ဝက် ကျော်လောက်ကလဲ AIDS ရောဂါသည်တွေပါ၊ ဒီအစိုးရ ရဲ့ပေါ်လစီက ဒီရောဂါ သည်တွေကို တတ်နိုင်သလောက် နေအိမ်မှာထားပြီးကုပေး ဖို့ပါ၊ ကျွန်တော်လဲတတ်နိုင်သရွေ့ သူတို့ကို အပြင်လူနာ ဋ္ဌာမှာတင်ဂလူးကို့(စ)တို့၊ ဓါတ်ဆား ရည်တို့သွင်းပေး၊ သက်သာလာရင်ပြန် လွှတ်လုပ်ရ ပါတယ်၊မနိုင်ပါ။ ဒါကြောင့်မို့စောစောကကျွန်တော် ခန်းမကြီးလို့ထင်ထားတဲ့ နေရာကခဏလေး နဲ့ပြည့်လို့သွား ပါတယ်၊ (ဆေးရုံနဲ့မတူတော့ပဲ၊ ဈေးနဲ့ ပိုတူနေပါတယ်) ဒါ့အပြင်၊ လက်တွေ့မှာ တော့ အားလုံးက သူတို့ လူနာကို ဆေးရုံတင် ပေးဖို့ချည်းတောင်းဆိုနေကြတာမို့၊ ဒါလဲရှင်းလို့ မရတဲ့ပြဿနာ ကြီးတစ်ခုပါ။

လူနာတွေကုနေယင်း ၁၉၈ဝကျော် လောက်က ထင်တယ် ရန်ကုန်မှာပြသွားတဲ့ Virus (ဗိုင်းရပ်) ဆိုတဲ့ ရုပ်ရှင်ကါး ကိုသွားသတိရမိပါတယ်၊ ဇာတ်လမ်းက၊ ရုရှားမှာသိပ်ပံပညာ ရှင်တစ်စုက ပိုးမွှား လက်နက်အဖြစ် သုံးဖို့အတော် အဆိပ်ပြင်းတဲ့ ဗိုင်းရပ်ပိုးတစ်မျိုး ကိုတွေ့ရှိထားပါတယ်၊ တစ်နေ့မှာ အဲဒီ ပိုးကိုသည်ဆောင် လာတဲ့ လေယာဉ်က ဆိုက်ဘီးရီးယားမှာပျက်ကျသွားရာမှာ၊ ဒီပိုးတွေလဲမတော်တဆ လေထုထဲ ရောက် ကုန်ပါတယ်၊ဒီပိုးတွေကတုပ်ကွေး ရောဂါဖြစ်စေ တဲ့ပိုးတွေပါ ဒါပေမဲ့၊ ဓါတ်ခွဲခန်း ထဲ မွေးထားတဲ့၊ စပါယ် ရှယ်ပိုးတွေမို့ ဆေးမရှိသေးပါ၊ဒါနဲ့ပထမ တော့အနီးနားဝန်းကျင်က လူတွေသေကြ တယ်၊ နောက်မကြာ ပါဘူး၊ ပိုးတွေတကမ္ဘာ လုံးပျံ့ သွားတာဘယ်နိုင်ငံမှ မလွတ်တော့၊ ကါကွယ်ဆေးက လည်းတော်တော် နဲ့မတွေ့ နိုင်၊ နယူးယောက်၊ လန်ဒန်၊တိုကျိုစ တဲ့မြို့တော်ကြီးတွေမှာ လူတွေကအားကိုး တကြီးနဲ့ ဆေးရုံ တွေဆီ လာကြတာ ကျိတ်ကျိတ်တိုးနေတယ်၊ လူတွေအတုံးအရုံးသေကြ တယ်၊ နောက်ဆုံး တော့ ဆရာဝန်တွေပါ လဲကုန်တယ်၊ ဇာတ်လမ်းအဆုံးမှာ တော့၊ဝင်ရိုးစွန်း ဒေသမှာ သုသေသန လုပ်နေ
ကြ တဲ့ သိပ်ပံ ပညာရှင်တစ် စုကလွဲလို့၊ တစ်ကမ္ဘာ လုံးမှာ ရှိတဲ့လူတွေ အားလုံးသေ ကုန်ကြပြီးနောက်၊ မြို့ကြီးပြကြီး တွေအားလုံးခြုံနွယ်ပိတ်ပေါင်း တွေဖုံးကုန် တာကို၊ စိတ် ဓါတ်ခြောက်ခြား စရာ ကေါင်း လောက်အောင်ပြထားတာပါ၊ တကဲ့ကိုစိတ်တုံ လှုပ်စရာ ကေါင်းတဲ့ကါးတစ်ကါးပါ၊ ဒီကါးရိုက်တုန်း က HIV ပိုးဆိုတာ မပေါ်သေးပါ၊ (မှတ်ချက်။ ကနေ့ ထိ HIV ဗိုင်းရပ် ကိုလည်း သိပ်ပံပညာ ရှင် တွေထွင် လိုက်တာ ပါလို့အခိုင်အမာဆို နေ တဲ့လူတွေရှိနေဆဲပါ) အမှန် တော့နမီးဘီးယားလို လူဦးရေနှစ်ယောက် နဲ့တစ်ပိုင်း သာသာ ရှိတဲ့ နိုင်ငံလေးမှာ HIV ဗိုင်းရပ် ကြောင့်သာ မဟုတ်ရင်လူနာ တွေခုလိုစုပြုံနေ ဖို့မကေါင်းပါ၊ ခုကျွန်တော် ထိုင်နေတဲ့ ဆေးရုံ သစ်ကြီးလဲ မပြီးခင်ကတဲ ကလူနာတွေ လျှံနေပါပြီ၊ နောက်ထပ်ဆေးရုံသစ် တွေဘယ်နှစ်လုံးဆောက် ဆောက်၊ လောက် နိုင်မယ် မထင်ပါ၊ ဒီပုံတိုင်း သာဆက်သွားလို့ကတော့၊ ၁၅လ၊ (၁၅နှစ်မဟုတ်ပါ) တိုင်းမှာအာ ဖရိကမှာ ဒီရောဂါကူးစက် နှုံးက(ဘိုးဘိုး အောင်တန်ခိုးနဲ့) ၂ဆတိုး နေတာမို့၊ နောင် မကြာခင်၊ ဟိုရုပ်ရှင်ထဲကပုံစံအတိုင်း ဖြစ်သွားမလားမသိ။

ကျောချမ်းစရာကြီးပါ၊ ဖြစ်ခြင်းဖြစ်လျှင်အာဖရိကမှာစမှာသေချာပါတယ်၊ သူပြီးလျှင် ကျွန်တော် တို့ရဲ့ အာရှတိုက်ပါ၊ ပြောရမယ်ဆိုရင်အာဖရိက ရဲ့လူဦးရေက သူတို့နိုင်ငံတွေ အားလုံး ပေါင်း တောင်သန်း ၆ဝဝ ပင်ပြည့်တာမဟုတ်လို့၊ ကျွန်တော်တို့ ဆီမှာလူ ၁ဝဝမှာတစ်ယောက်၊ နှစ်ယောက်၊ နှုံးလောက်ပဲဒီရောဂါ ရအုံးတော့၊ (လျှော့လျှော့ ပေါ့ပေါ့ပြောတာပါ) သေလိုက်မဲ့ဖြစ်ခြင်း၊ အာရှရဲ့လူဦးရေသန်း ၃၂ဝဝဆိုတာက၊ ကကမ္ဘာာ့လူဦးရေ ထက်ဝက် ကျော်ရှိတယ် မဟုတ်ပါလား။

အဲဒီနေ့က၊ တစ်နေကုန်အပြေး အလွှားလုပ်ပြီးနောက်၊ သန်းခေါင်ကျော်လောက်မှာ လူနာပြတ်သလောက် ဖြစ်သွားတာမို့ပါ၊ အားလို့နားမယ် လို့စိတ်ကူးပင်မဆုံးသေး၊ ရောက်လာတဲ့လူတစ်စုကြောင့် ဦးနှောက်နဲနဲ စားသွားရပါတယ်၊ အဲဒီလူတစ်စုဆို တာက၊ ဟာဝေယံရှပ်တောက်တောက်ပြောင်ပြောင် နဲ့လူ ၄၊၅၊၆ ယောက်ပါ၊ အမှန် တော့သူတို့လဲ လူနာ လာပြတာပါ၊ လူတွေကြည့်ရတာ အကေါင်ကြီးကြီးထဲကဖြစ်ပုံရ ပါတယ်၊ ဆေးရုံကား ဒရိုင်ဘာ ရဲ့အပြောအရတော့ နိုင်ငံခြားရေးဝန်ကြီး နဲ့ body guard တွေလို့ဆိုပါတယ်၊ အဲဒီညပိုင်းမှာ ကျွန်တော်နဲ့အတူလုပ် နေတဲ့အလုပ်သင် ဆရာဝန်က “ဒူးကွေး” Ndoukve လို့ခေါ်တဲ့ ရုရှ လူငယ်တစ်ယောက်ပါ၊ မော်စကိုက လာသူပါ၊ (အတော်လဲအားကိုးရ တဲ့လူပါ) ဝန်ကြီးဆိုတဲ့အသံ လည်း ကြားရော၊ အခန်းခဏပြန် လိုက်အုံးမယ်ဆိုပြီး နောက်ပေါက် ကနေ လစ်ဖို့ပြင်နေသူပါ သူဒီရောက်တာခုမှ ၄လ လောက် ပဲရှိပါ သေးတယ်၊ ပူပူနွေးနွေး လေး မို့ကြောက်မယ် ဆိုလဲကြောက် လောက်ပါတယ်၊ မော်စကို က လာတဲ့လူဆိုတော့လဲနား လည်မိပါတယ်၊ ဝန်ကြီးဆိုတာ ကြီးကြီး သေးသေး ကြောက်စရာကြီး နေမှာပါ (သူတို့ရုရှမှာပြောတာပါ) ကျွန်တော်လဲရင်ခုန်သံ နဲနဲမြန် နေမိတာအမှန်ပါ၊ ဒါပေမဲ့၊ ဟန်ကိုယ့်ဖို့ပေါ့၊ သူ့လက်ကိုဆွဲ ထားပြီး၊ ကိုယ့်အလုပ်ကိုယ် မှန်မှန်လုပ်နေ ရင်ဒီနိုင်ငံမှာ လူလူချင်းဘယ်သူ့မှ ကြောက်ဖို့ မလိုပါဘူး လို့အားပေးရပါတယ်။

ဝန်ကြီးလာတယ် သာဆိုတယ်၊ ဆရာမတွေကိုကြည့်လိုက်တော့လဲ၊ အားလုံးက ဧဧဆေးဆေး ပါ၊ ခရီးဦး ကြိုလဲမပြု၊ သာမန်နှုတ်ဆက်ရုံ လောက်ပါပဲ၊ ထူးထူးခြားခြားဆိုလို့၊ သူ့လူနာတွက် ခေါင်းအုံးသစ်တလုံး ထုတ်လာပေးတာပဲတွေ့ရ ပါတယ်၊ တကယ်ဆိုဝန်ကြီး တစ်ပါးလုံးလာတာပဲ၊ ကြိုတင် အကြောင်းကြားထား၊ ဆေးရုံအုပ်ကြီးတွေ၊ သူနာပြုချုပ်ကြီး တွေကိုယ်တိုင်ဆေးရုံ ဂိတ်ဝထွက်ပြီးဆီးကြိုဖို့၊ နေရာထိုင်ခင်းပေးဖို့ ကောင်းတာပေါ့၊ ခုတော့၊ ဗြုန်းစားကြီးမို့၊ ကျွန်တော် လဲသွားမနှုတ်ဆက်အား (အမှန်ပြောရရင်တော့၊ မသိချင်ယောင်ဆောင်နေလိုက်တာပါ)၊ သူတို့ကလည်း အလိုက်သိသိပါ၊ သူ့လူနာကိုစမ်းသပ် နေချိန်မှာပင် အနားမလာကြ၊ သူတို့ဖာသာ အပြင်ခန်းမှာမိုး တိုးမတ်တပ်တွေပါ၊ ကျွန်တော်သူ့လူနာ ကိုစမ်းသပ်၊ လိုအပ် တာတွေပြုလုပ် ပေးပြီးချိန်ကျမှ၊ အဲဒီဝန်ကြီးဆိုတဲ့ပုဂ္ဂိလ်က၊ ကျွန်တော့ဆီတန်း လျှောက်လာ၊ သူ့ကိုယ်
သူမိတ်ဆက်ပြီး၊ အစောကကျွန်တော်ကြည့် ပေးတာသူ့ဦးလေး ဖြစ်ကြောင်းနဲ့၊ ဂရုတစိုက် ကုသပေး တဲ့တွက်ကျေးဇူးတင်စကါးပြောပါတယ်၊ ဘာဟန်ပန်မှရှိ၊ ဘာအထူး အခွင့်ရေး မှလဲမတောင်း၊ (သူဝန်ကြီး ဆိုတာပင် ကျွန်တော် တဲ့တဲ့ကြီး ဖွင့်မေးမှပြောတာပါ) ရင်းရင်းနှီးနှီး ပခုန်းဖက် ပြီး စကါးပြောတာမို့၊ ကျွန်တော် စောစော ကရှိခဲ့ တဲ့ပူပန် စိတ်တွေလုံးဝမရှိတော့ပါ၊ သူကလဲ စကါး ပြောအလွန်တော်တဲ့လူပါ၊ ကျရာနေရာကပြောနိုင်ပါတယ်၊ ကျွန်တော့ကို မြန်မာ မှန်းလဲသိရော၊ ဒါဆို ကျွန်တော်တို့ဟာ အိမ်နီး ချင်းတွေပါလို့ဆိုပါတယ်၊ ကျွန်တော်ပင် ကြောင် သွားမိတယ်၊ ဒီိလောက် မိုင်ပေါင်းထောင်ချီဝေးတာ၊ ကြားမှာအိန္ဒိယသမုဒရာ ကြီးခြားနေတာ၊ ဘယ်လိုဖြစ်နိုင်မှာလဲဆို တော့၊ သူက မြန်မာကိုအင်္ဂလိပ်အက္ခရာ M နဲ့စပြီး၊ နမီးဘီးယား ကျတော့ N နဲ့ဆိုတော့၊ ကပ်နေတာမို့၊ သူတို့တက်ရ လေ့ရှိတဲ့ကုလသမဂ္ဂ အစည်းဝေး တွေမှာဆို၊ အက္ခရာစဉ်လိုက်နေရာ ယူရတာမို့၊ အိမ်နီးချင်းဖြစ်နေ တာကိုသူဆို လိုတာပါတဲ့၊ (အပြောက တော့နိုင်ငံ ရေးသမားပီသပါပေတယ်) ကျွန်တော့အဖို့လူကြီး တစ်ယောက် နဲ့ပြောနေရတယ်၊ လို့ပင်မထင် မိတော့ပါ၊ ကျွန်တော့်ဆရာလေး ဒူးကွေးလဲခုမှပဲ ပျော်သွားနိုင်ပါတော့တယ်၊ ဝန်ကြီး ဆိုတာ သူတို့ဆီမှာ ခုလိုရင်းရင်းနှီးနှီးစကါးပြောရဖို့ နေနေသာအဝေးက လှမ်းမြင်ဘူး ရင်ပဲကံကေါင်းလှပြီတဲ့၊ ဒါကြောင့်မို့ (လူတတ်ကြီး လုပ်ပြီး)သူ့ပြောရပါတယ်၊ ဒီနိုင်ငံမှာ ဝန်ကြီးအယောက် ၁ဝဝလာလည်းကြောက် စရာမလို၊ မင်းကြောက် ရမှာက HIV နဲ့လာတဲ့ ရောဂါသည် တစ်ယောက်ပဲလို့၊ တစ်ချက်စာအမှားက၊ တစ်သက်စာ အဖျားဖြစ် သွားနိုင်တယ်လို့။ (သူကလူ သစ် မဟုတ်ပါလား။)


စိုးမြင့် - မေ့ဆေး။
ခေတ္တ-အိုရှာခါတီ၊ နမီးဘီးယား။
မဟေသီမဂ္ဂဇင်း
Jan 2001

မှတ်ချက်။
လွန်ခဲ့တဲ့ ၁၀နှစ် ကျော်ကရေးခဲ့တဲ့စာပါ -------
* ကျွန်တော်နေခဲ့တဲ့ Oshakati မြို့လေးက ယ္ခင် ၁၀နှစ်တုန်းကလိုမဟုတ်တော့၊ ဖုန်ထနေတဲ့မြေ   လမ်းတွေနေရာမှာ မာကြူရီမီးတိုင်တွေနဲ့ နိုင်လွန်ကတ္တရာခင်း လေးလမ်းသွားတွေဖြစ်နေပါပြီ။

* နမီးဘီးယား တစ်ဒေါ်လာက ကျွန်တော်ရောက်ခါစ (၁၉၉၄) မှာ ၃၃/ ကျပ်ကနေ ယခုအခါ ၁၂၅ - ၁၅၀/- ဖြစ်နေပါပြီ။
* (စိတ်မကောင်းစရာက) HIV နှုံးကလည်း ခုချိန်မှာ ၄ယောက်မှာ ၁ယောက်နှုံးမက ဖြစ်သွားပါပြီ။ နှစ်စဉ်လူဦးရေ တိုးနှုံးက လူ၁၀၀၀ မှာ +၀.၀၅ ကနေ ခုဆိုတစ်ဖြည်းဖြည်း ကျလာနေပါပြီ။ နောင်ဆို
Swaziland, Botswana, Lesotho နိုင်ငံတို့လို အနှုတ်လက္ခဏာပြ လာမလားမသိ။

8 မှတ်ချက်:

မြသွေးနီ

ဆောင်းပါးအဟောင်းပေမယ့် ဘယ်တော့မှ ဖတ်လို့မရိုးနိုင်ပါဘူးဆရာ။ ဗဟုသုတ အရမ်းရပါတယ်ရှင်။

ADDRESSEE

ဗဟုသုတ ရော ရသပါခံစားရတယ် ဆရာ အားပေးလျက်ပါ

An Asian Tour Operator

ဆရာ့ အတွေ့အကြုံ တွေမျှဝေ တာ သုတ ရော ရသပါ ခံစားရပါတယ်.. နိုင်ငံရပ်ခြား ရောက့် မြန်မာ ပညာရှင် တယောက် မို့လဲ ဂုဏ်ယူပါ တယ်..သူတို့အတွက်ကတော့ရင်လေးစရာ ပဲနော်..။

စိုးမြင့် (မေ့ဆေး)

An Asian Tour Operator :
ကျေးဇူးပါ။
ဟုတ်ပါတယ် ဒီမှာ HIV အခြေနေကတော့ တကဲ့ပြဿနာပါ၊
လူသားအရင်းမြစ် ဆုံးရှုံးနေတာ နေတာတစ်ခုတည်းနဲ့တင်
မလွယ်ပါ။ လူဦိးရေမတိုးတဲ့ပြင် လျော့ကျနေတဲ့နိုင်ငံတွေ အများကြီးပါ။

စိုးမြင့် (မေ့ဆေး)

မြသွေးနီ
ဆောင်းပါးဟောင်းတွေ ကိုလည်းဗဟုသုတရနိုင်မည် ဆိုလျှင် မဖတ်ရသေးသူတွဖို့ကျွန်တော်တင်ပါ့မယ်။ အားပေးတာကျေးဇူးပါ။

စိုးမြင့် (မေ့ဆေး)

ADDRESSEE
အားပေးတာကျေးဇူးပါ။ ကျိုးစားလျက်ပါ။

mon

ပိုစ်အဟောင်းလဲပြန်တင်ပေးပါဆရာ။ ဒီနေ့မှဆရာဆိုဒ်
foreverfriends ကနေတွေလို့ရောက်လာတာပါ။
ဖတ်ရတာနောက်ကျတယ်။ကျွန်မစာဖတ်အရမ်ဝါတနာပါတဲ့
သူပါ။ဆရာစာဖတ်ရတာတစ်ကယ်လက်တွေ့၊ဘ၀ထဲရောက်
နေသလိုပါပဲ။
ဆရာကျန်းမာပါစေ။အမိမြန်မာပြည်ကိုပြန်ပြီးအကျိုးဆောင်
နိုင်ပါစေ။ မြန်မာပြည်သူ။သားတွေလဲသနားစရာကောင်းပါ
တယ်ဆရာ

Anonymous

တကယ်ကိုဗဟုသုတရပါတယ်ဆရာ...လေးစားလျှက်

Soe Myint (Anaesthesia)  ©2009

Back to TOP