Thursday, November 25, 2010

" အာဖရိကမှာ ဆုံတွေ့ရတဲ့ ထူးခြားသောကျွန်တော့ မိတ်ဆွေများ "

                                                                            
                        " အာဖရိက မှာဆုံတွေ့ရတဲ့ ထူးခြားတဲ့ ကျွန်တော့ မိတ်ဆွေများ "
ကျွန်တော် အာဖရိကတိုက်ကို ရောက်နေခဲ့တာ ၁၉၉၄ ကတဲဆိုတော့ ခုဆို၁၆ နှစ်ကျော်ရှိနေပါပြီ။ အလုပ်သဘောအရ ပဲပြောအုံးတော့ ကျန်တော်နဲ့ တွေ့ထိဆက်ဆံခဲ့ရ သူတွေလည်းမနဲ တော့ဘူးပေါ့။ အမည်းတွေ ဆီနေရောက်တော့ အဓိက ပတ်ဝန်းကျင်က လည်းလူမည်း တွေပါ။ ဒါပေမဲ့ နောက်ပိုင်း ပြန်
စဉ်းစားကြည့်မိတော့ ကျွန်တော်နဲ့ အမှန်တကယ် မိတ်ဆွေအနေနဲ့ ရင်ထဲမှာကျန်ရစ် တာကအမည်း  တစ်ယောက်မှ မဟုတ်ပဲ အဖြူတွေ ချည်းဖြစ်နေတာ ထူးထူးခြားခြား တွေ့မိပါတယ်။

Melbourne သူရဲကောင်းဗိမာန်ရှေ့ မှာ သားအဖနှစ်ယောက်


အမည်းတွေ ကြားထဲကအဖြူတွေမှ ရှားရှားပါးပါး ရွေးပြီးပေါင်းခဲ့တာ သေချာပါတယ်။ ဒါဘာလို့လဲ ဆိုတော့ အမည်းတွေ ကဆိုးလို့၊ ပေါင်းမရလို့ မတူမတန်ဘူး ထင်လို့မဟုတ်ပါ။ ကျွန်တော့ အမည်းမိတ်ဆွေတွေ လည်းရှိပါတယ်၊ ဒါပေမဲ့ ကျွန်တော့ဝါသနာအရ သူတို့နဲ့ သွားအတူ လာအတူ မရှိခဲ့တော့ သိပ်မရင်းနှီးခဲ့တာပါ။ ကျွန်တော်က ခရီးသွားချင်တယ် မရောက်ဘူးတဲ့နေရာတွေကို ရောက်ချင်၊ လေ့လာချင်တယ်၊ ဘယ်အမည်း တွေကမှ ဒါမျိုးဒုက္ခခံပြီး မလုပ်တာမို့၊ နောက်ဆုံးတော့ ကိုယ်နဲ့ဝါသနာတူရာ အဖြူတွေနဲ့ ပေါင်းမိမဆန်းပါဘူး။ နောက်တစ်ကြောင်း ကလည်း ကျွန်တော်နဲ့ များသောအားဖြင့် တစ်ကိုယ်တည်းသမား လူလွတ်၊ သူတို့က မိသားစုတွေနဲ့ ဆိုတော့ လွတ်လပ်တာချင်းလည်းမတူ ကြတာလည်း ပါပါလိမ့်မယ်။

အဖြူတွေဒီမှာ လာအလုပ်လုပ် တယ်ဆိုတာက ငွေရေးကြေးရေးကြောင့် လုံးဝမဟုတ်၊ ဒီကရတဲ့ ဗော်လံတီယာ လခက သူတို့တွက်မုံ့ဘိုး ပဲဘိုးလောက်ရှိတာပါ၊ သူတို့ရဲ့ ရည်ရွယ်ချက်က ဒီမှာလာပြီး ဒေသန္တရ ဗဟုသုတ ရှာမယ်၊ လူတွေနဲ့ပေါင်းမယ်၊ သူတို့ဆီမှာ မတွေ့နိုင်တဲ့ (ဆင်းရဲလို့ဖြစ်တဲ့) ရောဂါ တွေ လေ့လာမယ်၊ တစ်ဖက်ကလည်း အလုပ်နဲ့ဆိုတော့ Tourist တစ်ယောက် ထက်အချိန်တွေ အများ ကြီး ပိုရတာပေါ့။ တစ်ချက်ခုတ် သုံးချက်မကပြတ်ပေါ့။ (ကျွန်တော်တို့နဲ့ တော့ ကွာပ) ဆိုတော့ကာ ရှားရှားပါးပါး ဒီမှာကျွန်တော် လိုလူမျိုးနဲ့ တွေ့ရတာ သူတို့အကြိုက်ပေါ့။ နမီးဘီးယားမှာတုန်းက မြန်မာဆိုလို့ ကျွန်တော်တို့ သားအဖ ၃ယောက်ထဲ ရှိတာမဟုတ်ပါလား။

2010 ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့ က ကျွန်တော့ဆီ (လိုဆိုသိုကို) ထူးခြားတဲ့ဧည့်သည် တစ်ယောက်ရောက် လာပါတယ်။ ကျွန်တော်ရဲ့နမီးဘီးယား တုန်းက မိတ်ဆွေ Australia နိုင်ငံသား Dr. William ပါ။ စာရှုသူများ မှတ်မိပါလိမ့်မယ်၊ " Bushman သားအမိ " ဇာတ်လမ်းတုန်းကကျွန်တော်ရဲ့ အဓိက ဇာတ်ကောင် ပါ။ အာဖရိကမှာ ကျွန်တော့ရဲ့ အဦးဆုံး၊ ၀ါအရင့်ဆုံး အဖြူမိတ်ဆွေပါ။ သူကနိုင်ငံတကာ
ကိုခြေဆန့်တာ ၀ါသနာပါသူမို့ မြန်မာနိုင်ငံ ကိုလည်းရောက်ခဲ့ဘူးပြီး တစ်နေ့ ကျွန်တော်ရှိရာကို ရောက်လာ အုံးမယ်လို့ မျှော်လင့် ပြီးသားပါ။


 သူနဲ့ နမီးဘီးယား မှာဆုံခဲ့ပုံကလည်း မှတ်လောက် သားလောက်ပါ၊ သူက UK နိုင်ငံအခြေစိုက်တဲ့ VSO (Volunteer Oversea Service) က Volunteer ဆရာဝန်ပါ၊ ကျွန်တော်က UNV ( United Nation Volunteer) Specialist အနေနဲ့ ၁၉၉၄ ဂျူလိုင်မှာ နမီးဘီးယား ကိုရောက်လာ တော့ သူက ကျွန်တော့ထက် တစ်လလောက် နောက်ကျပြီးမှ eye specialist အနေနဲ့ ရောက်လာသူပါ။

ကျွန်တော် အိုရာခါတီ ရောက်တော့၊ ဆေးရုံဝင်းထဲမှာပဲ အခန်းတခန်း ရပါတယ်။ တစ်ကိုယ်စာ တွက်တော့ ကျယ်ကျယ်ဝန်းဝန်း ပရိဘောဂ အပြည့်အစုံနဲ့မို့ ပြောစရာမလိုပါ။ ဒါပေမဲ့ ဒီလို သဲကန္တာရ ဆန်ဆန်နိုင်ငံ မျိုးမှာ ခုလို ဖိုင်ဘာပြား နဲ့ဆောက်လုပ်ထားတဲ့ တစ်ထပ် အိမ်လေးမှာနေရတာက နွေရာသီဆိုလျှင် ပေါင်းဖိုထဲဝင်နေရသလိုပါ။  စိတ်ပျက်စရာ ကောင်းလောက်အောင် ပူပါတယ်။ အများစုကလည်းဒီလိုအိမ်တွေ မျိုးချည်းပါ၊ သူတို့ အမည်းတွေကတော့ ဒါလောက်ပူတာလောက်တော့မမူပါ။ ကျွန်တော်လည်း နေရင်းနဲ့  ဆေးရုံဝင်းထဲမှာပဲ ၂ထပ်တိုက်အိမ်လေးတစ်လုံး အောက်ထပ် တစ်ခန်းလွတ်နေတာတွေ့ရလို့ စုံစမ်းကြည့်တော့ ဆရာဝန်အခန်း ဆိုတာသိရပါတယ်။ ကျွန်တော်နဲ့ အပေါင်းသင်းဖြစ်လာတဲ့ လူတွေက
မင်းက ဒီမှာ VIP အခွင့်ထူးခံတစ်ယောက် မို့အဲဒီအခန်း ရသင့်တယ်လို့ ဆိုကြပါတယ် (မြှောက်ပေးတာပါ)။ ဒါနဲ့ကျွန်တော်လည်း ဆေးရုံအုပ်ချုပ်ရေးမှာ စုံစမ်းကြည့်တော၊ သူတို့မငြင်းပါ၊ ဟုတ်တယ် VIP တစ်ယောက် ခေတ္တလာနေဖို့ ရှိတာမို့ ကျွန်တော့မပေးနိုင်တာပါတဲ့။

ကျွန်တော်လည်း စိတ်ဝင်တစားနဲ့ နေ့စဉ် စောင့်ကြည့်နေလိုက်တာ မကြာမီမှာပဲ အဖြူဆရာဝန်တစ်ယောက် အဲဒီအခန်းကိုရောက်လာတာတွေ့ရပါ တော့တယ်။ သူကWilliam ပါပဲ။ Volunteer ချင်းတူတူ သူက VIP ဖြစ်နေတာ မခံချင့်စရာပါ။ အမှန်တော့ လူဖြူဆိုရင်သူတို့က အထင်ကြီးပြီးသားပါ။ ဒီကိစ္စ အုပ်ချုပ်ရေးပိုင်းက လူတွေကို သွားအရေးဆိုတော့၊ ကျွန်တော့ကို တောင်းပန်ပါတယ်၊ အခြားတိုက်ခန်းတွေ ဆိုတာက လည်းကျူဘားတွေနဲ့ ပြည့်နေတာမို့ ကျွန်တော့ကို သည်းခံစောင့်ပါ အဲဒီအခန်းမှလိုချင်တယ် ဆိုရင်လည်း Will ကကြာကြာ နေမှာမဟုတ်လို့ သူပြန်သွားရင် ကျွန်တော် ရပါစေမယ် ဆိုတဲ့ကတိနဲ့ ပဲနှစ်သိမ့် လိုက်ရပါတယ်။
                                                                    
      
အမှန်ပြောရရင် အဲဒီအခန်းကို တိုက်ခန်းအနေနဲ့ သာကျွန်တော်သိတာပါ၊ အထဲမှာ ဘယ်လိုမွန်းမံ ထားတယ်ဆိုတာမသိပါ။ လူပြောသူပြော အရတော့ ပရိဘောဂတွေ၊ လိုက်ကာတွေက နဂို အော်ရီဂျင်နယ် အကောင်းစားတွေလို့ဆိုပါတယ်။ လေအေးစက်လဲ ရှိတယ်တဲ့။ ဒီအိမ်ထဲဝင်ကြည့်ရအောင်က
လည်း သူ့ကိုကိုယ်သိတာမဟုတ်။ ဒီတော့ သူနဲ့သိရအောင် ဆေးရုံ ထမင်းစားခန်းမှာပဲ (လူဒို့လို) သူနဲ့သွားမိတ်ဆက် ယင်းခင်သွားကြတာပါ။ သူကလူဒို့လိုခပ်သွက်သွက် တော့မဟုတ်ပါ။ လူကြီးဆန်ပါတယ်၊ ကျွန်တော့ထက်လည်း ၂နှစ်လောက်ကြီးပါတယ်။ သူ့ဝါသနာကလည်း လမ်းလျှောက်တာနဲ့
စာဖတ်တာမို့ ကျွန်တော်နဲ့ တော့အံကိုက်ပါပဲ၊ ကျွန်တော်တို့ ၂ယောက် ညနေတိုင်း ထမင်းစားပြီးရင် လမ်းလျှောက်၊ ညမှာ TV ကျွန်တော့အိမ်မှာ လာကြည့်ကြနဲ့ အတော်တွဲမိကြပါတယ်။ Bushman ဇာတ်လမ်းလေးကလည်း ကျွန်တော်တို့ ၂ယောက်ခင်မင် မှုကနေ ပေါက်ဖွားလာတာဆိုရင် ပိုမှန်ပါလိမ့်မယ်။
သူနဲ့ခင်မင်မှုကသိပ်မကြာလိုက်ပါ၊ သူကအာဖရိကကို လာတာအလည်သဘောလောက်သာမို့ ၆လလောက်အကြာ (၁၉၉၅ နှစ်ဦး)မှာ ပြန်သွားပါတယ်။ သူတို့ဂတိအတိုင်း သူ့အခန်းကျွန်တော် ဆက်နေရပါတယ်။ ဒါပေမဲ့ ကျွန်တော်ရလိုက်တဲ့ အမြတ်က အခန်းထက် သူနဲ့ခင်မင်မှုက အပုံကြီး သာပါတယ်။

ကျွန်တော်တို့ကိုပို့ပေးတဲ့ မော်တော်ကြီး


Great Barrier Reef  ကြီးမှာ ပျော်နေကြသူများ

ဒါပေမဲ့ကျွန်တော်တို့ ခင်မင်မှုက ဆုံးခန်းမတိုင်ပါ စာအဆက်သွယ်မပြတ်ပါ၊ သူက နိုင်ငံတကာ လှည့်သွားနေရမှ အိပ်ပျော်တတ် တာမို့ ၁၉၉၈ မှာသူမြန်မာနိုင်ငံ ကိုအလည်လာချင်ကြောင်းဆိုလာတာနဲ့ စီစဉ်ပေးရပါတယ်။ ရန်ကုန်မှာ အတူဆုံကြဖို့ ဖြစ်ပေမဲ့ သူက တစ်ပတ်စောပြီး ဟိုကိုရောက်သွားတာပါ။ ပြဿနာတော့မဟုတ်ပါ။ (ကို Ludo ကသူ့ အရင် ၁၉၉၅ ကရန်ကုန်ရောက်ခဲ့တာ မို့ကျွန်တော့ မိသားစု မှာအတွေ့ကြုံ ရှိပြီးသားပါ) ဒါနဲ့ သူ့အချိန်မပုတ် ရအောင် သူအင်မတန်သွားလိုတဲ့ မန္တလေး နဲ့အထက် မြန်မာပြည်ကို ကျွန်တော့သားငယ် နဲ့ သူ့ဦးလေး ဖြစ်သူ သင်္ဘော အင်ဂျင် နီယာ ( ငြိမ်း ) Uncle Percy နဲ့ထည့်ပေးပြီး လွှတ်ပေးလိုက်တာ အစစအဆင်ပြေကြပါတယ်။ Will က စာဂျပိုးပါ။ Road To Mandalay ဆိုတဲ့ကဗျာလေးထင်တယ၊် သူအလွတ်ကျက်ထားပြီး စိတ်ကူးယဉ်နေသူပါ၊ မန္တလေးကို တိုးရစ် သင်္ဘောနဲ့သွား မေမြို့ဘက်တက်လည်၊ ရထားနဲ့ ပြန်လာတာပါ။ သူတို့ အားလုံးပျော်ခဲ့ကြပါတယ်။ နောက်ကျွန်တော်ရန်ကုန် ရောက်လာတော့ သူ့လည်ချင်စိတ်က မကုန်သေးပါ။ မြေပုံကြီးရှေ့ချပြီး၊ မြောက်ဖျား အစွန်း ပူတာအိုနဲ့ တောင်ဖျားဝိတိုရိယ အငူ သွားရအောင် ဆိုလို့ကျွန်တော်မျက်လုံးပြူး သွားရပါသေးတယ်။ ဒီထဲမှာ မာန်အောင်ကျွန်းလည်း ပါပါသေးတယ်။ သူကစာ အုပ်ထဲမှာ ဖတ်ထား တာတွေပါ။ ကျွန်တော့် အနေနဲ့ ပို့ပေးချင်ပါတယ်၊ ဒါငါတို့ နိုင်ငံပဲလို့ ပြချင် ဂုဏ်ယူချင်ပါတယ်။ မဖြစ်နိုင်တာမို့ သူ့ကို ကျွန်တော့ အမေရဲ့ အမျိုးတွေရှိရာ သထုံမြို့နဲ့ ပတ်ဝန်းကျဉ်ကမြသပိတ်တောင်၊ အလံတစ်ရာ ဘုရား၊ ဘုရင်ညီဂူတို့၊ စတာတွေကိုပဲ လိုက်ပြလိုက်ရ ပါတယ်။ သူက အနောက်နိုင်ငံသား ဆိုပေမဲ့ ခရီးသွားရတာကို ဒူပေဒန်ပေ ခံနိုင်ပါတယ်။ ဗီဇာ ၂ပတ်ပြည့်တော့ သူပြန်သွားပါတယ်။

၂၀၀၈ ခုနှစ်မှာတော့ ကျွန်တော့် သားရှိရာ Melbourne University ကိုအလည်သွားဖို့ရှိလာတာမို့၊ Will ကိုချက်ချင်းပဲ သတိရမိပါတယ်။ သူနေတာကမြို့တော် Cain နားက Barbinda မြို့လေးမှာပါ၊ Great Barrier Reef ကမ္ဘာကျော် သန္တာ ကျောက်တန်းကြီး နေရာမို့၊ ကျွန်တော် သွားကြည့်ချင်နေတာကြာပါပြီ။ သူ့ကိုဆက်သွယ်လိုက်တော့ သူက၀မ်းသာအားရနဲ့ပါ၊ ကွဲကွာနေ ကြတာ ၁၀နှစ်လောက် ရှိနေပါပြီ။ ဒါနဲ့ ၂၀၀၈ စက်တင်ဘာလမှာကျွန်တော် Australia ရောက်၊ Melbourne နဲ့တစ်ဝိုက် မြို့လေးတွေနှံ့အောင် လည်ပြီး၊ အောက်တိုဘာလ ဆန်းမှာ Will ရှိရာ Cain ကို လေယဉ်နဲ့သားအဖ ၂ယောက် ရောက်သွား ကြပါတယ်။ ပြောတော့တာ တစ်နိုင်ငံထဲ ဆိုပေမဲ့ ခရီးမနီးပါ။ ဒေသစံချိန်ပင် တစ်နာရီ ကွာတာပါ။ သူတို့ Queenslandပြည်နယ် ကျွန်တော်တို့ နဲ့အတော်တူပါတယ်။ ပူအိုက်စွတ်စိုပြီး ကြံပင်အကြီးကျယ် စိုက်ပါတယ်။ Will ကိုယ်တိုင် လေဆိပ်မှာလာကြိုပါတယ်။ ခွင့်တလခွဲယူလာပြီး သူ့ဆီမှာတစ်ပတ်လောက် နေတာကို သူအားမရပါ၊ သူနေတဲ့မြို့လေးက တကဲ့ကိုတောမြို့လေးပါ။မြို့လည်လမ်းမကြီး တစ်ခုပဲ ရှိတာပင် မိုင်ဝက်ထက်ပိုရှည် မယ်မထင်ပါ။ သူ့အိမ်ဆိုတာကလည်း ရိုးရိုးခြေတံရှည် ပျဉ်တောင်အိမ်ကြီးပါ၊ ဘာပကာ သနမှမရှိ တဲ့ပရိဘောဂပစ္စည်း တွေကိုပဲသပ်သပ်ရပ်ရပ် လေးဆိုတော့ နေချင်စရာလေးပါ။ ခြံကအကျယ်ကြီး ဘာဂိတ်တံကားမှလည်းမရှိ၊ သူအပြင်သွားတော့လည်း အိမ်သော့ပင်မခတ် ပဲထားနိုင်ခဲ့တာ အံ့စရာပါ။ ကျွန်တော်တို့ သားအဖ ရောက်တော့ ကိုယ့်ပစ္စည်းတွေများပါသွားရင် ဆိုပြီး ဥစ္စာခြောက်မိပါသေးတယ်။

သူ့အိမ်ရောက်တော့ သူ့ ရဲ့ Namibia က girl friend ရောက်နေတာတွေ့ရပါတယ်၊ သူ့အိမ်မှာတည်းရဖို့ ပင်တုံ့သွားပါတယ်။ သူကတော့ ဧဧပါပဲ။ ကျွန်တော်တို့ အားနာမှာစိုးလို့ ကြိုမပြော ထားတာပါ၊ သိတဲ့ အတိုင်းပဲ သူတို့အဖြူတွေ ထုံးစံက သူများအိမ်မှာ တည်းလေ့မရှိသလို လာတည်းဖို့လည်း ဖိတ်လေ့လည်း မရှိပါ။ သူများ Privacy ကိုအထူးတန်ဘိုး ထားသူတွေပါ။ သူနဲ့က ခင်မင်လွန်းလို့တာပါ။ သူက ကျွန်တော်တို့ လည်ဖို့ အားလုံးကြို စီစဉ်ပြီးသားပါ။ ၊

Reef ကြီးရဲ့ရှုခင်းပါ (ရေအောက်မှ အရိပ်များမှာ ကျောက်တန်းတွေပါ)


သူ့ဆီမှာပဲ အဓိသွားချင်တဲ့ Reef ကြီးဆီ် ဇိမ်ခံမော်တော်ကြီးနဲ့ သွားလည် တစ်နေကုန်သမုဒ္ဒရာထဲ ရေဆင်းကူးကြနဲ့ အတော်ပျော်ခဲ့ ဗဟုသုတတွေ ရခဲ့ပါတယ်၊

ဒီနေရာမှာနဲနဲ ပြော ရရင်.........
Great Barrier Reef ဆိုတာက ကမ္ဘာ့အံ့ဘွယ်တစ်ပါး ကမ္ဘာမှာအကြီးဆုံး သန္တာကျောက်တန်းကြီး မို့  ဒေသန္တရဗဟုသုတ အနေနဲ့ကျွန်တော်ရောက်ချင်နေတာပါ။ကျွန်တော်တို့ ဇိမ်ခံမော်တော်ကြီးနဲ့ သမုဒ္ဒရာထဲ ၁နာရီခွဲလောက် မောင်းသွားပြီး သတ်မှတ်ထားတဲ့ ကျောက်တန်းနေရာ ရောက်တော့မှ ကျောက်ချပြီး ကျွန်တော်တို့ ရေထဲဆင်းရတာပါ။ မော်တော် တစ်စီးလုံး ကလေးလူကြီး မကျန်အကုန်ဆင်းကြတာပါ။
ပါတဲ့သင်္ဘောသားတွေ က tourism တွက်ဘွဲ့ရပညာရှင်တွေပါ။ (အမျိုးသ္မီးတစ်ဦးလည်းပါပါတယ်) ရေထဲမဆင်းမီ အန္တရာယ်ကင်းဖို့ ညွှန်ကြားချက်တွေ၊ အန္တရာယ် နဲ့ဆုံလာရင် ဘယ်လိုပြုမူရမယ် အချက်ပြရမယ် ဆိုတာတွေ ရှင်းပြပါတယ်။ ဥပမာ ငါးမန်းနဲ့တွေ့ရင်၊ မိမိမှာ heart attack ရရင်၊ စတာတွေပါ။ 
ရေမငုပ်တတ်သူ၊ တစ်ခါမှမငုပ်ဘူးသူတွေ တွက်လည်း ရေငုပ်ဝတ်စုံ၊ ကျောပိုး အောက်စီဂျင်ဘူးတွေနဲ့ လက်တွေ့ သင်တန်းပေးပါတယ် (ဒါတွက်တော့ Aus$ ၁၀၀ ပေးရပါတယ်) ပြီးတာနဲ့ ချက်ချင်း ပဲအောင် လက်မှတ် ထုတ်ပေးတာပါ။ အားလုံးတွက် snokle လို့ခေါ်တဲ့ ရေအောက်ကို ကြည့်ဖို့ မျက်နှာဖုံး၊
ဖားခြေ ထောက် ရေယက်၊ နဲ့ကိုယ်ဖော့ဖို့ ဖေါ့ချောင်းတစ်ချောင်းစီ ရပါတယ်။ (လိုချင်ရင် အသက်ကယ် အင်္ကျီတောင်းနှိုင်ပါသေးတယ်)

စုစုပေါင်း ၃၉ယောက်၊ အားလုံးပျော်ကြပါတယ်။ ရေကလည်း နွေးနွေးနဲ့မို့ ငယ်ငယ်တုန်းက အင်းယားမှာ သင်္ကြန်ပျော်ခဲ့ကြတာ သတိရစရာပါ။ ကျွန်တော်က နမီးဘီးယား ရောက်မှ ရေနဲ့မတွေ့ ဘူးတာ ၁၀နှစ် ကျော်ပင်ရှိပြီမို့ ရေထဲကျသွားတော့ (ပလုံကနဲပါပဲ) ပုံမလာပါ။ ဒီကြားထဲ သမုဒ္ဒရာရေစီး ကအတော်သန်
တာမို့ ရေထဲဆင်းတာနဲ့ မော်တော်နဲ့အတော်ဝေးဝေး ရောက်သွားပါပြီ။ အသဲထိပ်စရာပါ။ ဆားငံရေ နဲ့ရေစီးနဲ့မို့  တော်ရုံရေနစ်စရာတော့ မရှိပါ၊  ဒါ့အပြင် သူတို့ ကပ်ပတိန် ကိုယ်တိုင် အချိန်ပြည့် အပေါ်မှနေ စောင့် ကြည့် ပေးနေပါတယ်။ သားကြီးကတော့ ရေငုပ် သင်တန်းတက် လက်တွေ့ငုပ်နိုင်ပြီး ဆရာနဲ့အတူ
ကျောက်တန်း နားထိအနီးကပ် ရောက်နိုင်တာမို့ ပိုတန်ပါတယ်။ ကျွန်တော်ကတော့ ယက်ရင်းကန်ရင်း ရေပေါ်ကနေ Snokle မျက်နှာဖုံးနဲ့ ရေအောက်က ကျောက်တန်းနဲ့ ရောင်စုံငါးလေးတွေ ကူးနေတာ (ရုပ်ရှင်တွေထဲကလို) တွေ့ရတာပင် တသက်မမေ့နိုင်စရာမြင်ကွင်းပါ ကျေနပ်ပါပြီ။ (Snokle ကိုခုမှသုံးဘူးတာပါ၊ သူကလေရှူပိုက် ကနေပါးစပ်နဲ့ ရှူနိုင်တာမို့ ရေမွန်းစရာမရှိပါ) ကျွန်တော်တို့ အားလုံးရေထဲက ပြန်တက်လာတော့ သင်္ဘောဦးပိုင်း ခန်းမမှာ ကျွန်တော်တို့ တွေ့ခဲ့တဲ့ ငါးတွေ ကျောက်တန်းအလှ တွေကို  Video နဲ့ ပညာပေး ပြန်ရှင်းပြပါသေးတယ်။ (သူတို့ဘက်ကတော့ တက်ကြွနေ သလောက် တာဝန်လည်းကျေကြပါတယ်) နေ့လည်စာကို မော်တော်ပေါ်မှာပဲ ဘူဖေးကျွေးပါတယ်။ ညနေ စောင်းပြန်လာတော့ အားလုံး အတော်ဖားနေကြပါပြီ။

တစ်ရက်မှာ တော့ Rain forest walk ဆိုပြီး တောင်ပေါ်တောအုပ်ထဲ သစ်တော တိုး ချောင်းမြောင်း တွေဖြတ် ခရီးရှည်လျှောက် ကြရတာလည်း ကျိုက်ထီးရိုးတနေကုန် တက်ရသလိုပါပဲ။ သူတို့မြို့ရဲ့ ပင်လယ်ကမ်းခြေမှာလည်း ရေကူးဖို့ တစ် ရက်ခေါ်သွားပါသေးတယ်။ နောက်ဆုံးပြန်ခါနီးမှာတော့ National Park တစ်ခုဆီ ပို့ပေးပါတယ်။ သူ့ဆီလည်ရတာ အရမ်းကိုတန်ပါတယ်။ တည်းခိုခ နဲ့စားစရိတ် တင် သက်သာတာမဟုတ် သူတို့ထုံးစံ အတိုင်း သင်္ဘောခ တွေ၊ သူ့ကားဆီဖိုးတွေမျှခံပရစေဆိုတာ သူလက်မခံပါ စိတ်ပင်ဆိုးပါသေးတယ်။ သူ့စေတနာတွေပါ။ (ကျွန်တော် ခုလိုမမျှော်လင့်ထားပါ အမှန်တော့လာကတည်းက သုံးဖို့ဆုံးဖြတ်ပြီးသားပါ)

Babinda တောလမ်း ခရီးကြမ်း

 အချိန်တန်အိမ်ပြန်ရတော့ သူ့ကို လီဆိုသို ပြန်ဖိတ်ခဲ့တာမို့ ခုနှစ်မှာ ကျွန်တော့်ဆီ အလည်ပြန် ရောက်လာတာပါ။ Namibia ကနေသူ့အိမ် Australia အပြန်ရသလောက် ၃ရက် လေးနဲ့ဖြစ်အောင်လာတာပါ။ ခုတစ်ခါ အားမရတာက ကျွန်တော်ပါ။ အနဲဆုံးတစ်ပတ်လောက် နေစေချင် ပြန်ပြုစုချင် ပါတယ်။

ဒါကြောင့်မို့ အချိန်ပိုရအောင်လို့ သူ့ကို နောက်ဘတ်စကားမစောင့် စေပဲ ကျွန်တော်ကိုယ်တိုင် ကားနဲ့ ကီလို ၁၅၀ဝေးတဲ့ တစ်ဖက်နိုင်ငံ Bloemfontein မြို့မှာသွားကြိုခဲ့ပါတယ်။ ကျွန်တော့အိမ်မှာပဲ တည်းစေပါတယ်။ ဒါမှလည်းပဲ သူနဲ့ တနေကုန် စကားတွေ ပြောနိုင် မှာပေါ့။ ကျွန်တော့ မိသားစုလည်းရောက်နေတာနဲ့သူ့စားရေးသောက်ရေး လည်းအတော် အဆင်ပြေသွားပါတယ်။ (ကျွန်တော့ မိသားစုနဲ့ သူ ၁၂နှစ် ကျော်ကြာ ခုမှပြန်တွေ့ကြတာပါ) ခုတစ်ကြိမ် သူနဲ့ပြန်ဆုံတော့သူက အရင် ( Bushman ဇာတ်လမ်းထဲ) ကလို မျက်စိဆရာဝန် မဟုတ်တော့၊ မေ့ဆေးဆရာ ၀န်အနေနဲ့ပါ၊ သူရောက်ပြီး နောက်နေ့မှာ ကျွန်တော့ခွဲခန်း

Will ရဲ့နေအိမ် ခြံဝင်းတွင်းမှာ
ကို သူလိုက်လာ၊ တစ်နေကုန် အတူဝင်လုပ် လေ့လာ ပါတယ်၊နောက်နေ့ မှာတော့ ကီလို၄၀ ဝေးတဲ့ TY တောင်ပေါ်မြို့လေးဆီ မိသားစုနဲ့အတူ ကားမောင်းပို့ပေးလိုက်ပါတယ်။ အပြန်မှာ ကျွန်တော်တို့ မြို့တော်အနီးနား တ၀ိုက်ပို့ပေးလိုက်နိုင်တာမို့ သူလည်းရက်တိုတို အတွင်းမှာ လီဆိုသိုနိုင်ငံ အကြောင်း တော်တော်လေး လေ့လာသွားနိုင်လို့၊ ကျေနပ်သွားပါတယ်။ သူ့တုန်းကလိုပဲ သူ့ဆီကနေ ကျွန်တော် ဘာမှပြန်မယူပါ။ ဟော်တယ်မှာသူက တစ်ညနေစာ ပြန်ကျွေးတာကလွဲရင်ပေါ့။ ဒီလိုနဲ့ပဲ အောက်တိုဘာ ၃၁ရက် သူသြစတေးလီးယား ပြန်မဲ့နေ့ ကျတော့ တဖက်နိုင်ငံ Johannesburg လေဆိပ် ထိကျွန်တော်ပဲ ကားမောင်းပို့ပေးလိုက်ပါတယ်၊ ခရီးကတော့မနီးပါ ကီလို ၅၀၀ လောက်ဝေးတာပါ။ ၂ယောက်သား  တစ်လှည့်စီ မောင်းကြ စကားတပြောပြောနဲ့မို့ လမ်းတွေမှားကြနဲ့ မို့ ပျော်စရာကြီးပါ။ တစ်နေရာမှာဆို
Highway ကြီးမှာ ဆီဆိုင်လွန် သွားလို့ ၂၅ကီလိုလောက် အပို မောင်းလိုက်ရပါတယ်။

Will အတော်ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ၊ သူက အသက် ၃၄နှစ်ကျမှဆေးကျောင်းစတက်တာမို့ သှူရာဝန်ဖြစ်တော့ ၄၀၊ နောက်မျက်စိအထူးကုဖြစ်တော့ ၅၀၊ မျက်စိကုဆရာဝန် လုပ်နေရာက အသက် ၆၀လောက် ကျမှ အင်္ဂလန်မှာမေ့ဆေးဘွဲ့လွန်ထပ်ယူ ခုမေ့ဆေး အလုပ်ပဲ ဆက်လုပ်နေသူပါ။ နဂိုကသူလုပ်နေတာက စာကြည့်တိုက်မှူးပါ။ လူကလဲ စာဂျပိုးပါ။ သူတို့ဆီမှာ ပညာရေးက တစ်လမ်းသွားနဲ့ ဘောင်ခတ်မထားတာ အားကျစရာပင်။ အမှန်တော့ သူတို့ဆီမှာ သူလိုလူတွေ အများကြီးပါ။ သူ့အဖေ ကိုယ်တိုင်က တရားဟောဆရာ အလုပ်ကနေစပြီး အလုပ် ၄ခုလောက်ပြောင်း ခဲ့သူပါတဲ့။ သူဆရာဝန် ဖြစ်လာတော့ ကျောင်းဆက်တက်ဖို့နဲ့ ငွေစုဖို့ သူ့နိုင်ငံမှာ နေတာကလွဲရင် ဘယ်နေရာမှ အတည်တကျ မလုပ်ပဲ ဗော်လန်တီယာ ဆရာဝန် အနေနဲ့သာ ကမ္ဘာ့နိုင်ငံအနှံ့ လျှောက်သွားနေတာပါ။ ကမ္ဘာပေါ်
သူမရောက်ဖူးတဲ့နိုင်ငံက ခပ်ရှားရှားပါ။ အာဖဂန်နစ္စတန်လည်း ရောက်ခဲ့ဘူးပြီတဲ့၊ စာလည်းအရမ်းဖတ်သူမို့ သူနဲ့စကားပြောရတာ တကဲ့ကို ဟင်းလေးအိုးကြီးပါ။ Road to Mandalay တို့၊ Freedom from fear တို့ စ တဲ့အင်္ဂလိပ်လို ရေးထားတဲ့ မြန်မာကဗျာ တွေစာတွေလဲမလွတ်ပါ။ သာမန်အားဖြင့်တော့ သူကစကားနဲ သူပါ။ အပိုအလိုတွေလဲမပြောတတ် တကဲ့ကို အင်္ဂလိပ် ပုံစံပါ။ ကျွန်တော်နဲ့ ဆက်ဆံရေးမှာတော့ ဘာဟန်ပန်မှမရှိ ကျွန်တော့အသက်တို့ ၀င်ငွေတို့ ကိုပေါ်တင်ပဲ မေးတတ်သလို သူ့ကိုယ်ရေး ကိုယ်တာ မေးလည်း စိတ်မဆိုးပါ။ ကျွန်တော်နဲ့တွေ့လို့ရှေးဟောင်း နှောင်းဖြစ်တွေကော လက်ရှိအကြောင်းရာတွေ
ဆေးပညာတွေ ပြောကြတော့ သူချည်းပြောတာများပါတယ်။ သူ့နဲ့ဆက်ဆံရတာ ကိုယ့်လူမျိုးရင်း တစ်ယောက်လို ပေါ့ပေါ့ပါးပါး ပါပဲ။

သူ့ကိုအထင်ကြီးစရာ တစ်ခုက သူ့စိတ်နေသဘောထားပါ။ Bushman ဇာတ်လမ်းမှာပဲကြည့်လေ၊ အမှန်တော့ ကလေးအမေဟာ သူ့ကြောင့်သာ အသက်ချမ်းသာရာရ သွားတာပါ၊ ဘယ်သူကမှ ဒီသားအမိ ၂ယောက်ကို ဒုက္ခခံပြီး ပေးတွေ့ရအောင် ယောင်လို့မှ မစဉ်းစားမိကြပါ။ သူကခရစ်ယန် ဆိုလို့နမီးဘီးယား မှာတုန်းက ဖိလစ်ပိုင်တွေက သူတို့နဲ့ Church အတူလိုက်တက်ပါလား ဆိုတော့၊ သူ Church မတက်ဖြစ်တာ သူ့အဖေဆုံးပြီး ကတဲကဆိုလို့ဆိုပါတယ်။ အာဂ Will ပါပဲ။ သူ့အဖေကသာ တရား ဟောဆရာ ဖြစ်ပေမဲ့ သူကတော့ ဘုရားမယုံပါ။ Namibia မှာတုန်းက ကျွန်တော့ TV ရုတ်တရက် ပျက်သွားတာနဲ့ အသစ် ပြန်လဲလိုက်ရလို့ ငွေ၁၀၀၀ အကြွေးတင်သွား ပါတယ်။ အဲဒီတုန်းက လည်းသူပါပဲ ကျွန်တော် မတောင်းပဲ နဲ့ ငွေလာပေး (ချေး) တာ။ သူသိတတ်တာကို ပြောချင်တာပါ (သူ့ VSO လခက ကျွန်တော့် UNV ရဲ့ ၄ပုံ၁ပုံသာ ရှိတာပါ) Will ကကျွန်တော့ရဲ့ model ပါပဲ။ ကျွန်တော့ သားကြီးကလည်း ခုမှတွေ့ဘူးပေမဲ့ သူ့ကိုအရမ်း အားကျပါတယ်။

Will  ရဲ့နှုတ်ဆက်ညစာစားပွဲ

ဒါကြောင့်မို့ ကျွန်တော်ပြောခဲ့တာပါ၊ အိမ်ခန်းက တစ်ချိန်ချိန်မှာရမှာပါ၊ Will လိုလူမျိုး ဘယ်သွားရှာ မလည်းလို့။ သူလိုအဆင့်ရှိတဲ့ သူမျိုးနဲ့ပေါင်းမှလည်း ကိုယ်ပါ အဆင့်  မြင့်မှာမဟုတ်ပါလား။

မှတ်ချက်။  Will ဆိုတာက William ပါပဲ။ ပိုရင်းနှီးမှုနဲ့ Will လို့ပဲခေါ်တာပါ၊ သူကခုလိုခေါ်တာပိုကြိုက် ပါတယ်။

စိုးမြင့်-မေ့ဆေး
ခေတ္တ Maseru, Kingdom of Lesotho
24 Nov 2010

11 မှတ်ချက်:

ကျော်ထင်

ဆရာပြောတာမှန်ပါတယ် မိတ်ဆွေကောင်းကရှာရခက်ပါတယ်

ko 9

ဆ၇ာေ၇...ေ၇ခြားမြေခြားမှာဒီလိုမိတ်ဆွေေhyကာင်းနဲ့တွေ့၇တာကံကောင်းလိုက်တာ...

စော(အဝါရောင်မြေ)

ဆရာရေ သူလို စိတ်ဓာတ်အခြေခံ ကောင်းတဲ့သူမျိုးနဲ့  ဆက်ဆံခွင့်ရတော့ ကိုယ်တိုင်လဲ ဒီလိုလူမျိုးတွေရှိပါသေးလားလို့  သိရတာပေါ့နော်။
ကောင်းလိုက်တာ မြန်မာလူမျိုးတွေရဲ့  စိတ်ဓာတ်တွေလဲ ဒီလိုမြင့်စေခြင်လိုက်တာ ။
ဘာ ဘာသာပဲဖြစ်ဖြစ် စာရိတနဲ့  စိတ်ရင်းမှန်ဖို့ ကသာ အဓိကပါ။

စိုးမြင့် (မေ့ဆေး)

ကျော်ထင်
မိတ်ကောင်း ဆွေကောင်းရဖို့ရာ မှာကိုယ်ကလည်း ကောင်းဖို့လိုပါတယ်၊ ဖြစ်နိုင်ရင်ကိုယ်ကစပြီး မိမိရဲ့စေတနာကိုလက်တွေ့ ပြသင့်တယ်လို့ ထင်ပါ တယ်။ Namibia မှာတုန်းက Bulgarian ကဆရာဝန် လေးတစ်ယောက် ကျွန်တော် တို့ဆေးရုံေ၇ာက်လာပါတယ်။ သူ့အလုပ် Interview တွက်ပါ။ သူကိစ္စပြီးလို့ ခွဲခန်းမှာ လာပြီး ဒီမှာရှိတဲ့ သူတို့လူမျိုးတွေနဲ့ စကားလက် ဆုံကျကြ ပါတယ်။ အချိန်တန်တော့ အားလုံးထပြန်ကုန် ပြီးသူတစ် ယောက် ထဲကျန်ရစ်ပါတယ်၊ (သူက ညbus နဲ့ပြန်
ဖို့ပါ)၊ ကျွန်တော်က သနားလို့ သူ့ကိုအိမ်ခေါ်ပြီး မုံ့ကျွေး ရေမိုးချိုးအနားယူစေပါတယ်။ မိမိအဖို့ ဘာမှ အပန်းမကြီးတဲ့ ကူညီမှုလေးက နောင်တစ်ချိန် သူအလုပ်ရလို့ ပြန်လာတော့ မိတ်ဆွေရင်းတွေဖြစ် လာကြပါတယ်။

စိုးမြင့် (မေ့ဆေး)

ုko 9 :
ဟုတ်ပါတယ်၊ ကျွန်တော်ကံကောင်း ပါတယ်၊ ကောင်းအောင်လည်း လူရွေးပေါင်းခဲ့တာပါ ပါလိမ့်မယ်ထင်ပါတယ်။ အမည်းတွေနဲ့ပေါင်းမိလို့ ကတော့အနဲဆုံးငွေလာချေးမယ်၊ပြန်မရမှာလည်းသေချာသလောက် မို့၊ နောက်တော့ ငွေလည်းဆုံး မိတ်
လည်းပျက်တတ် တာများပါတယ်။

စိုးမြင့် (မေ့ဆေး)

စော (အ၀ါရောင်မြေ):
ကျွန်တော်နဲ့ မိတ်ဆွေဖြစ်ခဲ့တဲ့ အဖြူတွေက Will, Ludo ကနေစခဲ့ပြီး ခုလီဆိုသို မှာလည်း UK ကဆရာဝန်တွေ ဖြစ်တဲ့ Dr Jones, David, Andy , Tuppin, Dearlove... စတာတွေ မှာလည်း အများစု က စိတ်ဓါတ်တွေ မြင့်မားကြပါတယ်။ စေတနာတွေ ကောင်းကြ ပါတယ်။ လူကောင်းမရှား သေးပါဘူး။ အတော်များ များက ဘာသာမဲ့တွေပါ။ ဘာသာနဲ့မဆိုင်ဘူး ဆိုတာမှန်ပါတယ်။နမီးဘီးယားမှာ တုန်းက ဘူဂေး(လ်)ရီးယားတစ်ယောက်က ကျွန်တော့ ပြောဘူးပါတယ်။ သူတို့လူတွေ နိုင်ငံခြားရောက်ရင်ကထမဦးဆုံးရှောင်ရမှာကနောက်ဘူဂေး(လ်)ရီးယား တစ်ယောက်လို့ဆိုပါတယ်။ ဒီမှာလည်း ဘင်္ဂလား ဒေ့(ရှ်) တစ်ယောက်ကနောက် ဘင်္ဂလားဒေ့(ရှ်) ကိုရှောင်ရမယ် လို့ဆိုပါတယ်။ ရှက်ဖို့လဲကောင်း ပါတယ်၊ (ဘီ)ချင်းတူနေလို့ ကျွန်တော်တို့ ဘိရုမာတွေ ဒီစာရင်းမှာ မပါသေးဘူး၊ မပါပါစေနဲ့လို့ လည်း ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။

Raymond.Kyaw Minn Naing

ကျွန်တော်ကလဲ ဆရာ့ရဲ့စာဖတ်ပရိတ်သတ် ပါ။ငယ်ငယ်ထဲက မဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါးတွေကို ဖတ်ခဲ့ပါတယ်။ ဒီဘလော့တွေ့တော့ ပျော်သွားတယ်။

သိင်္ဂါကျော်

အရင်တုန်းက ဆရာ ရေးတဲ့ ဆောင်းပါးတွေကို ဖတ်နေကြပါ.. ဒီဘလော့ကိုတော့ ခုမှ တွေ့မိလို့ ခုမှ လာရပါတယ်...။
အိန္ဒိယ သင်တန်း မှာ တွေ့တဲ့ အမည်းတွေကလည်း ခရီးသွားရမှာ ဝါသနာ မပါကြဘူး.. နည်းနည်းလောက် သွားရတာနဲ့ ပင်ပန်းနေကြရော.. ။ အဲဒီမှာ နမီးဘီးယားက ကျောင်းသားတွေလည်း ပါပါတယ်.. အဲဒီနိုင်ငံကို အရင် ဆရာ့ ဆောင်းပါးတွေထဲ ပါဖူးတာကို မှတ်မိနေတာပါ။

Anonymous
This comment has been removed by a blog administrator.
Anonymous

အမည်းတွေ ဆီနေရောက်တော့ အဓိက ပတ်ဝန်းကျင်က လည်းလူမည်း တွေပါ။ ဒါပေမဲ့ နောက်ပိုင်း ပြန်
စဉ်းစားကြည့်မိတော့ ကျွန်တော်နဲ့ အမှန်တကယ် မိတ်ဆွေအနေနဲ့ ရင်ထဲမှာကျန်ရစ် တာကအမည်း တစ်ယောက်မှ မဟုတ်ပဲ အဖြူတွေ ချည်းဖြစ်နေတာ ထူးထူးခြားခြား တွေ့မိပါတယ်။.......

အမည်းတွေ ကြားထဲကအဖြူတွေမှ ရှားရှားပါးပါး ရွေးပြီးပေါင်းခဲ့တာ သေချာပါတယ်

ဒါပေမဲ့ ကျွန်တော်ရလိုက်တဲ့ အမြတ်က အခန်းထက် သူနဲ့ခင်မင်မှုက အပုံကြီး သာပါတယ်။

သူ့ဆီလည်ရတာ အရမ်းကိုတန်ပါတယ်။ တည်းခိုခ နဲ့စားစရိတ် တင် သက်သာတာမဟုတ် သူတို့ထုံးစံ အတိုင်း သင်္ဘောခ တွေ၊ သူ့ကားဆီဖိုး တွေမျှခံ ပါရစေဆိုတာ သူလက်မခံပါ၊ စိတ်ပင်ဆိုးပါသေးတယ်၊ သူ့စေတနာတွေပါ။

သူလိုအဆင့်ရှိတဲ့ သူမျိုးနဲ့ပေါင်းမှလည်း ကိုယ်ပါ အဆင့် မြင့်မှာမဟုတ်ပါလား။

Namibia မှာတုန်းက ကျွန်တော့ TV ရုတ်တရက် ပျက်သွားတာနဲ့ အသစ် ပြန်လဲလိုက်ရလို့ ငွေ၁၀၀၀ အကြွေးတင်သွား ပါတယ်။ အဲဒီတုန်းက လည်းသူပါပဲ ကျွန်တော် မတောင်းပဲ နဲ့ ငွေလာပေး (ချေး) တာ။ သူသိတတ်တာကို ပြောချင်တာပါ (သူ့ VSO လခက ကျွန်တော့် UNV ရဲ့ ၄ပုံ၁ပုံသာ ရှိတာပါ)

ဟုတ်ပါတယ်၊ ကျွန်တော်ကံကောင်း ပါတယ်၊ ကောင်းအောင်လည်း လူရွေးပေါင်းခဲ့တာပါ ပါလိမ့်မယ်ထင်ပါတယ်။ အမည်းတွေနဲ့ပေါင်းမိလို့ ကတော့အနဲဆုံးငွေလာချေးမယ်၊ပြန်မရမှာလည်းသေချာသလောက် မို့၊ နောက်တော့ ငွေလည်းဆုံး မိတ်
လည်းပျက်တတ် တာများပါတယ်

ကျွန်တော်နဲ့ မိတ်ဆွေဖြစ်ခဲ့တဲ့ အဖြူတွေက Will, Ludo ကနေစခဲ့ပြီး ခုလီဆိုသို မှာလည်း UK ကဆရာဝန်တွေ ဖြစ်တဲ့ Dr Jones, David, Andy , Tuppin, Dearlove... စတာတွေ မှာလည်း အများစု က စိတ်ဓါတ်တွေ မြင့်မားကြပါတယ်။ စေတနာတွေ ကောင်းကြ ပါတယ်။ လူကောင်းမရှား သေးပါဘူး။ အတော်များ များက ဘာသာမဲ့တွေပါ။ ဘာသာနဲ့မဆိုင်ဘူး ဆိုတာမှန်ပါတယ်။နမီးဘီးယားမှာ တုန်းက ဘူဂေး(လ်)ရီးယားတစ်ယောက်က ကျွန်တော့ ပြောဘူးပါတယ်။ သူတို့လူတွေ နိုင်ငံခြားရောက်ရင်ကထမဦးဆုံးရှောင်ရမှာကနောက်ဘူဂေး(လ်)ရီးယား တစ်ယောက်လို့ဆိုပါတယ်။ ဒီမှာလည်း ဘင်္ဂလား ဒေ့(ရှ်) တစ်ယောက်ကနောက် ဘင်္ဂလားဒေ့(ရှ်) ကိုရှောင်ရမယ် လို့ဆိုပါတယ်။ ရှက်ဖို့လဲကောင်း ပါတယ်၊ (ဘီ)ချင်းတူနေလို့ ကျွန်တော်တို့ ဘိရုမာတွေ ဒီစာရင်းမှာ မပါသေးဘူး၊ မပါပါစေနဲ့လို့ လည်း ဆုမွန်ကောင်းတောင်း လိုက်ပါတယ်

သြော် ... အာဖရိကရောက် ဘိရုမာ တစ်ယောက် ရယ်

shin

Hi, Sir,

Once I start reading one of your blog post, I can't stop reading all the rest of the post from your blog...All of your posts are very interesting and knowledgeable.

Not only medical knowledge, I learn a lot of different things like the place,people that you are/were on duty...

Thanks you so much for your sharing and hope to be able to read about your experiences more..

Soe Myint (Anaesthesia)  ©2009

Back to TOP