" အာဖရိကမှာဆုံတွေ့ရတဲ့ ထူးခြားသော ကျွန်တော့ မိတ်ဆွေများ (၂) "
" အာဖရိကမှာဆုံတွေ့ရတဲ့ ထူးခြားသော ကျွန်တော့မိတ်ဆွေများ (၂) "
ယခင်အခေါက်တုန်းက ဒီခေါင်းစဉ်နဲ့ ရေးလိုက်တော့ ကျွန်တော့ဆီ ဝေဖန်သံတွေ အကြံပြုစာတွေ အချို့တုံ့ပြန်လာတာတွေ တွေ့ရတာမို့ ယခုစာကိုဆက်ရေးမိတာပါ။ ကျွန်တော်အဦးဆုံးပြောလိုတာက လောကကြီးမှာ လူကောင်းသူကောင်း ရှားနေပြီလား ဆိုတဲ့အချက် ကိုပါ၊ မှန်သင့်သလောက်မှန်ပါ လိမ့်မယ်၊ ဒါပေမဲ့ လူမျိုးအလိုက် ကွာခြားလိမ့်မယ် ထင်ပါတယ်။ ဥပမာ အာရှတိုက်သားတွေနဲ့ အနောက်နိုင်ငံ သားတွေမတူကြတာအမှန်ပါ။ ယဉ်ကျေးမှု ကွာဟချက် Cultural gap လို့ပြောရမလားပဲ။
![]() |
တောင်ပေါ်ခရီး ကြမ်းနဲ့ သနားစရာကျွန်တော့ကားလေး (မြန်မာ ဂျစ်မဟုတ်ပါ Japan, Pajero 4x4 စစ်စစ်ပါ။ ကျပ် သိန်း၄၀လောက်ကျပါတယ်) |
ဒီမှာ အဦးဆုံး ၂၀၀၇ ခုနှစ်က ကျွန်တော်နဲ့ အပေါင်းသင်းဖြစ်မိတာက Gron ဆိုတဲ့ ဝေလလူမျိုး အထွေထွေ ရောဂါကု GP ဆရာဝန် တစ်ယောက်ပါ၊ ဆရာဝန်သာ လုပ်နေပေမဲ့ သူ့ဝါသနာက လေယာဉ်မောင်းတာပါ၊ သူကတော့ စုမိဆောင်းမိ ပြီးသူမို့၊ အဖိုးတန်ကား၂စီး အပြင် အပေါ့စားလေယာဉ်လေး တစ်စီး ကိုယ်ပိုင် ၀ယ်ထားတာရှိပါတယ်တဲ့ (ကိုယ်တို့နဲ့တော့ကွာပ) အဲဒီတုန်းက သူကဒီမှာ ရှိတဲ့ Lesotho Flying Doctor Service လီဆိုသို မိုးပျံဆရာဝန်များ အဖွဲ့မှာ volunteer အနေနဲ့ဝင်လုပ်နေယင်း တစ်ဖက်ကလည်း မေ့ဆေး လေ့လာချင်တာမို့ ကျွန်တော်နဲ့ တွဲမိတာပါ။ သူနဲ့တောင်ပေါ် ဒေသတွေအတော်နှံ့အောင် လည်ဖြစ် ကြပါတယ်၊ အဲဒီတုန်းက ရာသီဥတုဆိုးလို့ သူတို့လေယာဉ်တော့ ကျွန်တော် စီးခွင့်မကြုံလိုက်ပါ။ ဒါပေမဲ့ ကားကိုတော့သူကူမောင်းပေးပါတယ်။ သူကဒီမှာ ၃လသာကြာတာမို့ ကားမ၀ယ်ဖြစ်ပါ။ တစ်ခါတစ်ခါလည်း သူလေယာဉ် ဖြတ်စီးယင်း တွေ့ရတဲ့မြင်ကွင်းတွေကို မြေပြင်မှာ ကားနဲ့ လိုက်ရှာတတ်ပါတယ်။
![]() |
တောင်ကျ ချောင်းကိုဖြတ်ကာ |
သူပြန်သွားပြီးနောက် ရောက်လာတဲ့ David နဲ့ Tuppin တို့ကတော့ ကိုယ်တိုင်လည်း မေ့ဆေး ဆရာဝန် တွေဖြစ်လို့ ပိုပြီး အနီးကပ် ကြာကြာပေါင်းဖြစ်ကြပါတယ်။ David ကတော့ ပူပူနွေးနွေး တော်ဝင်မေ့ဆေး ပညာဘွဲ့ရထားတဲ့ လူငယ်တစ်ယောက်မို့ မေ့ဆေးနဲ့ပတ်သက်တဲ့ နောက်ဆုံးပေါ်အယူအဆတွေ တွက်အားကိုးရသလို၊ သူကိုယ်တိုင်ကလည်း အပတ်စဉ် ကျွန်တော်တို့နဲ့ မေ့ဆေးပညာ နှီးနှောပွဲလေးတွေ လုပ်ဖြစ်ပါတယ်၊ ဒီနိုင်ငံမှာ လခလုံးဝမယူပဲ သူတတ်နိုင်တဲ့ဖက်က အကျိုးပြုသွားတာပါ။
(တပ်ပင်) ဆိုတာက " ခွဲစိပ်ခံ လူနာရဲ့သဘောတူညီချက် " ၊ " လီဆိုသိုမှာဝေတဲ့နှင်း " နဲ့ " ကျွန်တော်နဲ့ ကျောင်းဆရာဘ၀ ခဏတာ" စာစုတွေမှာပါတဲ့ ကျွန်တော့ ပင်မဇာတ်ဆောင် ဆိုတာစာရှုသူတွေ မှတ်မိပါလိမ့်မယ်။ သူကရည်မှန်းချက် ကြီးသူပါ၊ သူဒီနိုင်ငံကို လာတာကိုက သူလိုကိုယ်လို ဆရာဝန်တစ်
ယောက်အနေနဲ့ လူနာတွေ ဆေးကုသပေးပြီး ပြန်သွားဖို့ မဟုတ်ပါ။ သူလုပ်ချင်တာက ဒီကဆေးရုံတွေ ရဲ့လက်ရှိ အဆင့်တန်းကို မြှင့်တင်ပေးဖို့ပါ။ ကုသရေး ထက် အုပ်ချုပ်ရေး ပိုဆန်ပါတယ်။ သူ့အလုပ်က အထက်နဲ့ကော အောက်ခြေနဲ့ ပါဆက်ဆံရတာမို့ မလွယ်ပါ။ ဒါကြောင့်မို့ သူရောက်လာပြီးနောက် ဒီမှာမေ့ဆေးဆရာ တွေလိုအပ်နေတာ တွေ့တော့ အထက်နဲ့ညှိပြီး မေ့ဆေးနာ့(စ) သင်တန်းပြန်ဖွင့်တာပါ၊ (ဟေသီနိုင်ငံမှာလည်း ဒီလို မေ့ဆေးသင်တန်းမျိုးသူလုပ်ခဲ့ဘူးပါတယ်)
Tuppin ကစိတ်ထားပြည့်ဝသူ၊ လူနာတွေ အောက်ခြေ၀န်ထမ်းတွေ ခံစားနေရတာတွေကို မကြည့်ရက် သူပါ၊ ဆေးရုံမှာ ဘတ်ဂျက်ရှိရဲ့နဲ့ ဆေး၊ဆေးပစ္စည်းတွေ ပုံမှန်မရတဲ့ကိစ္စတွေကို ၀န်ကြီးအဆင့်ထိ သူဝေဖန် တိုက်ခိုက်ခဲ့သူပါ။ အထက်ဖား အောက်ဖိ လူစားမျိုးမဟုတ်၊ ဒါကြောင့်မို့လည်း အောက်လူ တွေချစ် တာကိုခံရပေမဲ့ အထက်နဲ့ အဆင်မပြေခဲ့ပဲ နောက်ဆုံးသူပဲအိမ်ပြန်သွားခဲ့ရသူပါ။ သူ့ကိုဖြုတ်ပစ် လိုက်လို့ ပြန်သွားပြီးတဲ့တိုင် စေတနာမပျက် သူ့နိုင်ငံမှာ အလှူခံပြီး ရသမျှငွေနဲ့ ခွဲခန်းတွက် ဆေးပစ္စည်း တွေဝယ်ပေးခဲ့သူပါ။ ကနေ့ ခွဲခန်းမှာ ကျွန်တော်တို့ ပစ္စည်းကောင်းတွေသုံးနေရတာ သူ့ကျေးဇူးကြောင့်ပါ။
သူကကျွန်တော်နဲ့ဆိုရင် မေ့ဆေးလိုင်းချင်းလည်းတူပြီး တစ်နှစ်ခွဲကျော်ကြာအောင် ဒီမှာနေသွားတာမို့ ကျွန်တော်နဲ့အကြာဆုံး ဆက်ဆံဘူးတဲ့ အဖြူတစ်ယောက်ပါ။ လူကလည်း ပေါင်းတတ် သင်းတတ်သူ ဆိုရှယ်ကျသူမို့ ကျွန်တော်နဲ့ သူတို့စုံတွဲက နှစ်အိမ့်တစ်အိမ် သွားအတူလာအတူ ခရီးတွေအတူသွားကြ
နဲ့ အတော်တွဲဖြစ်ခဲ့ကြပါတယ်။ သူက William လိုပါပဲ ခရီးသွားနဲ့ စာဖတ်ဝါသနာ တအားပါသူပါ။ ကမ္ဘာပေါ်မှာသူမရောက်ဘူး Continent (တိုက်) လုံးဝမရှိ၊ အာရှတိုက်မှာတော့ သီရိလင်္ကာနိုင်ငံမှာ လုပ်ဘူးပါတယ်၊စာတွေလည်းဖတ်ထားသူမို့ ဘာမေးမေး ကျရာနေရာကပြောနိုင်သူပါ။ သူတို့စုံတွဲက တကဲ့ကိုဆိုရှယ်သမားတွေမို့ သူတို့အိမ်မှာအပတ်စဉ် အကျွေးအမွေးနဲ့ ရုပ်ရှင်စုပေါင်းကြည့်ကြတာတို့၊ ကိုယ်ဖတ်ပြီးတဲ့ စာအုပ်တွေဖလှယ်ကြတာတို့နဲ့ ဆိုတော့၊ အပျင်းလည်းပြေ ပညာလည်းရ မိတ်ဆွေ လည်းပွါးနဲ့ အတော်အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ သူ့ဇနီး Andy ဆိုလည်း အိမ်မှာစေတနာအပြည့်နဲ့ မမောနိုင်အောင် ချက်ပြုတ်ကျွေးမွေးတတ်သူပါ။ သူတို့တွေရဲ့သဘောထားက လိုအပ်နေသူတွေကို ကူညီဖို့အဆင်သင့်ပါ။ ဒီလိုဆိုလိုက်တော့ Tuppin ကဘာသာရေးကိုင်းရှိုင်းသူလို့ ထင်စရာရှိ ပါတယ်။ အမှန်တော့ သူကတကဲ့ကို ဘာသာမဲ့ Atheist တစ်ယောက်ပါ။
![]() |
Tuppin & David တို့စုံတွဲနဲ့အတူ ဒီကရွှေတွေပါ၊ ကျွန်တော့အိမ်ပါတီပွဲတခုမှာပါ |
နောက် ဆုံးမှာတော့ Church တစ်ခုဆီရောက်သွားလို့ ရယ်ရပါသေးတယ်၊ ဒီကအမည်းတွေက ဒိုင်နိုဆော ကိုဘယ်သိပါ့မလဲ သမ္မာကျမ်းစာထဲမှာမှ မပါတာလို့၊ ဒါကြောင့်မို့ Jesus ခြေတော်ရာရှိရာကို ညွှန်လိုက်တာ နေမှာပေါ့လို့။ ပျော်စရာလည်းကောင်းပါတယ်။
မြင်းဆိုလို့ ကျွန်တော်မြင်းတစ်ခါမှ မစီးဘူးပါ၊ သူနဲ့တွေ့မှပဲ တောင်ပေါ်ကားမပေါက်တဲ့နေရာတွေကို မြင်းကိုယ်စီ နဲ့သွားကြတော့ (သိပ်တော့မဝေးပါ၊ ၆မိုင်လောက်ပါ၊ မြစ်တစ်ခုရဲ့ မြစ်ဖျား ခံရာနေ ရာကို သွားကြတာပါ) မြင်းက ပညာတွေပြလို့ ကျွန်တော် ကျောကော့အောင်ခံခဲ့ရပါသေးတယ်။ သူတို့ လင်မယားကတော့ အိမ်မှာကို မြင်းတွေအလှမွေးထားတာမို့ သူတို့စီးတာ အတော်ကြည့် ကောင်းပါတယ်။ ကျွန်တော့အလှည့် ကျတော့မှ မြင်းက သစ်ပင်တွေအောက်ထိုးဝင်လိုဝင် ဘယ်ကွေ့ဆို ညာလှည့်နဲ့ ပုံမလာပါ၊ မြင်းငှားခလည်းမသေးပါ၊ တစ်နာရီ ကိုဒေါ်လာ ၃၀ ကျော်ကျပါတယ်။
တစ်ခေါက်တော့ သူတစ်ယောက်ထဲ လူသူမနီးတဲ့ တောင်ပေါ်လမ်းမောင်းသွားတာ ခါးလယ် လောက် နက်တဲ့တောင်ကျချောင်း ထဲကားထိုးကျသွား အတော်ဒုက္ခရောက်သွားခဲ့ပါသေးတယ်။ တကဲ့ (တပ်ပင်)ပါ။ ရေခဲတောင်ပေါ် နှင်းတောထဲမှာ ကျွန်တော်တို့ကားလေး ချာလည်လည်ဖြစ်ခဲ့ရတဲ့ ဇာတ်လမ်းကိုတော့
" လီဆိုသိုမှာဝေတဲ့နှင်း" မှာကျွန်တော်ရေးခဲ့ပြီးပါပြီ။
![]() |
မြင်းကြီးပေါ်က ကျွန်တော်ပါ |
ဒါတွေက ကျွန်တော် ပေါင်းဖြစ်ခဲ့တဲ့ အနောက်နိုင်ငံသား တွေအကြောင်းတစ်စိတ် တစ်ပိုင်းပါ၊ နှိုင်းယှဉ်ကြည့်ရအောင် အရှေ့ကအာရှသားတွေနဲ့ ဆုံရပုံလေး တွေလည်းပြောပြချင်ပါသေးတယ်။ မှတ်မှတ်ရရ တစ်ယောက်ကတော့ အိမ်ခန်းနီးနားချင်းလည်းဖြစ်၊ လုပ်ဖေါ်ကိုင်ဖက် လည်းဖြစ်တဲ့ Dr ချန်း လို့ခေါ်တဲ့ စိနတိုင်းသား၊ အသက် ၆၀ရွယ် အိုဂျီ မမတစ်ယောက်ပါ။ အခန်းချင်းသာကပ်နေပေမဲ့ ခင်မင်မှုတော့ သိပ်မရှိပါဘူး၊ မရှိဆို သူကလည်း ဘ၀င်ကခပ်မြင့်မြင့်ရယ်၊ ဆေးရုံအုပ် တို့ လောက်မှ အနိမ့်ဆုံးပေါင်းချင်တာ၊ ဟိုကကြိုက်လား မကြိုက်လား မသိ ဆေးရုံအုပ်ရုံးခန်း ကိုတစ်ချိန်လုံးသွားနေ ရတာသူ့အဖို့ မမောနိုင်၊ အပေါင်းသင်းကောင်းရဖို့ ရာမှာမိမိဖက်ကလည်း ကောင်းဖို့လိုသေးတယ် မဟုတ်ပါလား၊ ရောက်ခါစက သူ့ကို ၂ခါ ၃ခါလား ကျွန်တော့ဆီမှာ ထမင်းဖိတ်ကျွေးဘူးပါတယ်၊ သူ့ဘက်ကအပြန်မရှိ၊ ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးဌာနက လူတွေကိုတော့ မိသားစုအလိုက် စာရေးပါမကျန် သူ့ဘက်ခန်းမှာ ခေါ်ခေါ်ကျွေးနေတာ သူနဲ့က ၀ရံတာချင်းကဆက်နေတော့ ကျွန်တော့အဖို့တော့ အညှော်ခံသက်သက်ပါ၊ (စာရှုသူများ သူဘာလုပ်နေတယ်ထင်ပါလဲ? သူယိုးဒယားက၊ ကနေတာပါ၊ ယာလက်ကအထက်လူတွေကို ပင့်(ဖား) ပြီး ဘယ်လက်က အောက်လူတွေဖိထားတာပါ၊ (ကျွန်တော်က သူ့ဘေးလူဆိုတာ သူသိပုံမရ)
ဒါတွေက အကြောင်းမဟုတ်ပါ၊ အကြောင်းက အလုပ်မှာ၊ ခွဲခန်းမှာပါ၊ သူကအလုပ်တော့ လုပ်ရှာပါတယ်။ သူခွဲတဲ့နေ့ ဆိုသူ့အသံချည်းပါပဲ၊ (ညှင်သာ ပျော့ပြောင်းမှုမရှိ ယဉ်ကျေး၊ သာယာနာပျော်ဘွယ်မရှိ) သူများအတင်းဘာမှမပြေတတ်တဲ့ အင်္ဂလိပ်ကြီး Tuppin ကပင် (ညှာညှာတာတာလေး) ပြောယူရပါ
တယ်၊ ချန်းပြောနေတာတွေသူလုံးဝနားမလည်ဘူးတဲ့။ ပိုဆိုးတာက ခွဲခန်းထဲပြဿနာ တစ်ခုခုဆို ဆေးရုံအုပ်ကို ဖုန်းနဲ့ လှမ်းတိုင်ရတာ အမော၊ သူ့စိတ်ထဲမှာ ဆေးရုံအုပ်ကို သူ့ boy friend လို့အပိုင် ထင်နေလားမသိ၊ ကြာတော့ သူ့ကိုကျွန်တော်ပြောပါတယ် ဒီခွဲခန်းမှာ ကျွန်တော်က in charge ပါ၊ အခက်ခဲရှိရင် ကျွန်တော်နဲ့ အရင်ပြောပါ ဆိုတော့ ဒီစိနမက ကျွန်တော့ အင်္ဂလိပ်စကားကိုပဲ နားမလည်သလိုလိုနဲ့။ သူကတော့ တိုင်လိုက်ရရင် ကိုပဲရယ်ရယ်မောမောနဲ့၊ သူ့စကား ကြောင့် သူတစ်ဖက်သား ဘာနစ်နာသွားမယ်ဆိုတာမစဉ်းစား၊ Dr စိုးကိုရှာမတွေ့ရင် လဲတိုင်၊ Dr.စိုးက မေ့ဆေးမပေးနိုင်ဘူးလို့ ငြင်းရင်လည်းတိုင်၊ အင်္ဂလိပ်စကား အကျိုးအပဲ့လောက် တာတတ်လို့သာ တော်တော့တယ်၊ (အရမ်းကိုကောင်းပါတယ်၊ စိတ်ပျက်စရာပြောတာပါ)
သူနဲ့ကျွန်တော် ထိပ်တိုက်တွေ့တာက သူခွဲမဲ့လူနာတွေကို ခါးရိုးထုံဆေး Spinal ပေးတဲ့အချိန်တွေမှာပါ။ Spinal ဆိုတာက ရောဂါပိုးကင်းဖို့လိုတာမို့၊ ခွဲစိတ်မှုတစ်ခု ပြင်ဆင်သလို အချိန်ယူရပါတယ်၊ သူကအမြဲလောနေတာဆိုတော့ ဒါလောက်ကို သီးမခံနိုင် Dr စိုးရဲ့ထုံဆေးက မကောင်းဘူး၊ လူနာတွေ
နာတယ်၊ နောက်နေ့မှာ လူနာတွေခေါင်းကိုက်တယ် စတာတွေနဲ့ ပူညံပူညံလုပ်တတ်ပါတယ်၊ ကြာတော့ သူ့ကိုကျွန်တော်မေးပါတယ်၊ မင်းတို့ပြည်ကြီးမှာကောSpinal မသုံးဘူးလား? လို့၊ ဆိုတော့ သူတို့ တရုပ်ပြည်မှာ Spinal ပဲအသုံးများတယ်၊ ကျွန်တော်ထိုးသလိုမဟုတ်ဘူး သိပ်ကောင်းတယ်တဲ့၊
(သက်သက်စော်ကားတာပါ) ဒါဖြင့် Spinal , made in China very Good. Spinal, made in Burma, no good? လား၊ ဆိုတော့ Yes တဲ့။ (သူနားလည်တဲ့English နဲ့ပြောရတာပါ) ဒီကတဲက စပြီးသူ့လူတွေကို Spinal ကျွန်တော်မထိုးတော့။
စောင့်မျှော်ထားတဲ့အတိုင်းပါပဲ၊ တစ်နေ့တော့ ကြုံလာပါတယ်၊ အဲဒီနေ့က ခွဲခန်းမှာအောက်စီဂျင်ပြတ် သွားတဲ့နေ့ပါ၊ အောက်စီဂျင်မရှိတော့ မေ့ဆေးမပေးနိုင်တော့ ထုံဆေးနဲ့ ပဲလုပ်နိုင်သရွေ့လုပ်ကြရတာပါ။ အဲဒီနေ့က ချန်းရဲ့နေ့လည်းဖြစ်ပါတယ်၊ ကျွန်တော်လည်း နားနားနေနေ အပြင်မှာရှိတဲ့ ကျွန်တော့်ရဲ့ ရုံးခန်းလေးမှာသွားနေပါတယ်။ မကြာပါဘူး ခွဲခန်းကနေ ဖုန်းလာလို့ ပြန်လာရပါတယ်။ ချန်း လှမ်း ခေါ်တာပါ၊ သူ့လူနာကို Spinal ထိုးပေးပါတဲ့၊ ကျွန်တော် အရမ်းကိုပေါက်ကွဲသွားပါတယ် (တမင်လုပ် လိုက်တာပါ) သူပြောထားတာတွေမေ့နေသလားမသိ၊ (ငါကမင်းရဲ့ လက်အောက်ငယ် သားမဟုတ်ဘူး၊ ဒီတစ်သက် မင်းလူနာတွေကို ဘယ်တော့မှ ငါ Spinal မထိုးဘူးလို့) ငေါက်ပစ်လိုက်တာ၊ ဆရာမတွေ့ ရှေ့မို့သူအတော်ရှက်သွားပုံရတယ်။ ချာကနည်း လှည့်ထွက်ထွက်သွားတယ်။ ဆရာမတွေလည်း ဖျားကုန်တယ်။
ဘယ်နေမလဲ၊ နောက်နေ့မှာဆေးရုံအုပ်MS ရုံးခန်းကခေါ်လို့ သွားရပါတယ်၊ ရောက်ရောက်ချင်းမှာပဲ ဆေးရုံအုပ်က ကျွန်တော့ကို မနေ့က (ချန်း) ကိုဘာတွေပြောလွှတ်လိုက်တာလဲ၊ သူငိုယိုပြီး လာတိုင်တယ်တဲ့၊ သူခုလိုရှိုက်ကြီးတငင်ငိုတာ သူတစ်ခါမှမကြုံဘူးဘူးတဲ့၊ ကျွန်တော်ကလည်းဧဧပဲ
ဖြစ်ကြောင်းရယ်ကုန်စင် ပြန်ပြောပြတော့၊ ကျွန်တော့တုံ့ပြန်ချက်ကမလွန်လွန်းဘူလား? တဲ့။ ကျွန်တော် ကလည်းပြန်ပြောလိုက်ပါတယ်၊ (Dr.စိုး) ညံ့တယ်သုံးမရဘူးဆိုရင် ပုဂ္ဂိလ်ရေးမို့ လက်ခံနိုင်သေးတယ်လို့။ ခုသူ့ဟာက သူ့လက်အောက်ခံကျနေတာပဲလို့ (မင်းတို့ ဗမာတွေ သုံးမရဘူး၊ တရုပ်တွေကမှတော်
တယ်) ဆိုတာကတော့ နိုင်ငံနဲ့လူမျိုးကိုတမင်စော်ကားတာမို့ ကျွန်တော် ပြောတာနဲတောင်နဲသေးတယ်၊ အခြားလူဆိုသူ့ကိုလည်ပင်းပင် ထညှစ်လောက် တယ်လို့။ MS လဲခုမှပဲ သဘောပေါက်သွားပြီး ရီကြဲကြဲနဲ့ နောင်ဒါမျိုး မပြောအောင်သူပြောထားပါမယ် လို့ဆိုလာပါတယ်။ တော်သေးတာပေါ့၊ နိုင်ငံနဲ့လူမျိုး ကယ်ပေလို့သာပေါ့။ ကျွန်တော် အမိနိုင်ငံကိုချစ်ပါတယ်၊ နိုင်ငံရေးတော့နားမလည်ပါ။ ဒါပေမဲ့ ခုလုပ် လိုက်တာက နိုင်ငံရေးပါ။
အဲဒီနေ့ကစပြီး ချန်း ကျွန်တော့ကို ခေါ်ခေါ်ပြောပြောမလုပ်တော့။ အတော်လန့်သွားပုံရတယ်။ Tuppin ကဒီဇာတ်လမ်းကိုကြားတော့ ရယ်တယ်။ You are a naughty boy! မင်းသိပ်ဆိုးတဲ့ ကောင်လေးပဲလို့ ပြောရှာပါတယ်။ ခုတော့ ချန်းလည်းမရှိတော့ပါဘူး၊ မတ်လလောက်ကပြည်ကြီးပြန် သွားပါပြီ၊ ကျွန်တော့ကိုနှုတ်ပင်ဆက်မသွားပါ။ အမှန်တော့ ဒီမှာခဏတာဆုံကြရတာပါ။ နောင်တစ်သက် ပြန်ဆုံစရာလည်းရှိတော့တာမဟုတ်လို့ အဖြူတွေလို ပျော်ပျော်ပါးပါးချစ်ချစ်ခင်ခင် နေနိုင်ကြရင် ဘယ်လောက်ကောင်းမလဲလို့ပါ။ အဖြူတွေနဲ့ ကွာပါတယ်။ Cultural gap ရှိတာအမှန်ပါပဲ။
![]() | |||
Tuppin နဲ့ ကျွန်တော့မိသားစု မိုဟဲလေး ရေကာတာမှာပါ |
ဒါကအရှေ့ဘက်က အသားဝါ၀ါအိမ်နီးနားချင်း တစ်ယောက်အကြောင်း ဗဟုသုတ အနေနဲ့ပြောရတာပါ။ အနောက်ဘက်က အသားမဲမဲ အိမ်နီးချင်းတွေလဲရှိပါသေးတယ်၊ သူတို့ကပိုလို့တောင် ယိုးဒယားက၊က တတ်ပါသေးတယ် ကြုံတော့ရေးရသေးတာပေါ့ ။ (ပြောမဲ့သာပြောရတာပါ၊ ယိုးဒယားလူမျိုးတွေ ပြင်ပ မှာထွက်လုပ်တာတစ်ခါမှ မဆုံဘူးသေးပါ)
မှတ်ချက်။ စိန ဆိုတာ စိန့်တိုင်း တရုပ်ပြည်ပါ။ ဂျီအို (OG) = သားဖွားမီးယပ် ဆရာဝန်ပါ။
စိုးမြင့်-မေ့ဆေး
ခေတ္တ Maseru, Kingdom of Lessotho
18 Dec 2010
ိ
9 မှတ်ချက်:
သားချင်း ဆွေမျိုး ပေါက်ဖော် တွေပဲ ဟာပဲ ဟာကို :P
ဆ၇ာကလဲဗျာ..တကယ်ဆိုဝေါ်အိုင်နီလို့ပြောလို့၇မှာ..
ဟဟ..နောက်တာပါဆ၇ာ
AATO
သတိပေးတာကျေးဇူးပဲ၊
ကျွန်တော် လည်းမေ့နေတာ။
ရွှေဗရူနိုင်း၊
ကျွန်တော်ကလဲ ညံ့ပါတယ်၊
ကျွန်တော်က ရန်ကုန် လမ်းမတော် ပိုင်းမှာကြီးတာပါ၊
တကယ်ဆို နိဟောင်းတို့၊ ရှဲရှဲတို့ဆိုတာ ရန်ကုန်မှာကတဲ ကသင်ထားဖို့ကေါင်းတာပေါ့။ ခုတော့ ဒီရောက်မှ တတ်တာပါ၊
ဒါနဲ့ ဝေါ်အိုင်နီ ဆိုတာဘာလဲ? ဗျာ။
ဆရာ
တကယ် မသိတာလား ဆရာရေ
ယောက်ကျားလေးတွေ ဘာသာစကား လေ့လာရင်
အရင်သင်လေ့ ရှိတယ်လေ
ဆရာ့ respond ကမပြင်းပါဘူး။ ဆရာ့ patriotic ကို လေးစားပါတယ်။ ကျွန်တော်လဲ ခဏခဏ အောင့်သက်သက်ဖြစ်ရဖူးတယ်။ ရေးပါဦး၊ အားပေးနေပါတယ်။
Oh i can understand you Doctor. The chinese from china are mostly very rude. I always fight with china girl at work.They have no idea how to be polite and will never try.
(ကျွန်တော် အမိနိုင်ငံကိုချစ်ပါတယ်၊ နိုင်ငံရေးတော့နားမလည်ပါ။ ဒါပေမဲ့ ခုလုပ် လိုက်တာက နိုင်ငံရေးပါ။)အပြည့်အ၀ အားပေးတယ်ဆရာ။
Post a Comment