" အာဖရိကတိုက်ရဲ့ခေါင်မိုးပေါ် တက်ကြည့်ခြင်း "
" အာဖရိကတိုက်ရဲ့ ခေါင်မိုးပေါ်တက်ကြည့်ခြင်း "
လီဆိုသို ဆိုတာက တောင်အလွန်ပေါများတဲ့နိုင်ငံပါ၊ "တောင်တွေပေါ်မှာ တည်ဆောက်ထားတဲ့ ဘုရင့်နိုင်ငံ " Kingdom in the mountains လို့ပင်တင်စား ခေါ်ဝေါ်ထားတာ အကြောင်းမဲ့တော့ မဟုတ်ပါ။ တောင်တွေ ပေါများရုံသာမက သူကိုယ်တိုင်ကိုက ကုန်းပြင်မြင့်ကြီးပေါ်မှာတည်ရှိပြီး အာဖရိကတိုက် မှာအမြင့်ဆုံးမို့ " အာဖရိကရဲ့ခေါင်မိုး" Roof of Africa ဆိုတဲ့ဘွဲ့ ထူးတစ်ခုကို လည်းပိုင်ဆိုင်ထား ပါသေးတယ်။
သာယာလှတဲ့ သဘာဝရှုခင်းတစ်ခု |
ခရီးစဉ်မစတင်မီ ညွှန်ကြားချက် ပေး |
ဒါကြောင့်မို့ လီဆိုသိုမှာ ဘယ်နေရာသွားသွား တောင်တွေက လက်ညှိုးထိုးမလွဲပါ။ တောင်တွေကို ကြည့်လိုက်ရင် မတ်မတ် စောက်စောက် နဲ့ကျောက်တောင် တွေချည်းလိုလိုမို့ ကျွန်တော်တို့ဆီက တောင်တန်းတွေနဲ့တော့ မတူတာသေချာပါတယ်။ ကုန်းမြင့်ပိုင်း လည်းဖြစ်တာမို့ တောင်
တွေပေါ်မှာ ထင်းရှူးပင်တွေ ဝေေ၀ဆာဆာ နဲ့ကြည့်ရတာ ဆွတ်ဇာလန်လို ဥရာပနိုင်ငံ တစ်ခုခုကိုပဲ ရောက်နေသလိုလို တစ်မျိုးလည်း သာယာလှပါတယ်။ ဒီလိုတောင်မျိုးတွေကို ကိုယ်တိုင် တက်ရလိမ့် မယ်လို့ဘယ်တုန်းကမှ ယောင်လို့ပင် အိပ်မက်မမက်ခဲ့ဘူးပါ။ ကျွန်တော်တို့ဆီ မှာသာဆိုရင် ဒီတောင်တွေပေါ်မှာ တည်ထားလိုက်မဲ့ ဘုရားတွေ နိုင်တောင် နိုင်ပမလား လို့ပင်တွေးမိပါသေးတယ်။ ဒါဆိုလည်း အကောင်းသား၊ နှစ်စဉ်ဘုရားပွဲတွေနဲ့ စည်လိုက်မဲ့ဖြစ်ချင်း။ တောင်တွေလည်း အလိုလိုတက်ပြီးသားဖြစ်မှာ သေချာပါတယ်။
စကားပြန်ဆက်ရရင်၊ ကျွန်တော်မဖြစ်နိုင်ဘူး လို့ထင်ထားခဲ့တဲ့ အရာတွေက မကြာမီလပိုင်း ကဖြစ်လာခဲ့ပါတယ်။ အဖြစ်ကဒီလိုပါ၊ ကျွန်တော့ရဲ့ အနောက်နိုင်ငံသား မိတ်ဆွေတွေ အဆွယ်ကောင်းတာနဲ့ စမ်းကြည့်ရအောင်ဆိုပြီး သူတို့အဖွဲ့နဲ့ အတူ ကျောက်တောင်တွေပေါ် ရောက်ဖြစ်သွားတာပါ။
သူတို့အဖွဲ့ ဆိုတာက Hash House Harrier ဆိုတဲ့ အမည်နဲ့ ဖွဲ့ထားတဲ့ လူမှုရေးအဖွဲ့စည်း Social Club တစ်ခုပါ။
တောင်တက်ခရီး တစ်ခုရဲ့အစ |
အတက်ကြမ်းကြမ်း |
လမ်းမရှိတဲ့ခရီးကြမ်း |
တောင်ပေါ်စုရပ်တစ်ခုမှာ တစ်စုတစ်ဝေး |
လီဆိုသိုမှာ မှာတော့ ခေတ္တလာအလုပ်လုပ်တဲ့ အနောက်နိုင်ငံသားတွေအများစုနဲ့ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့က၊ တနင်္ဂနွေနံနက်တိုင်း ခရီးပြင်းလမ်းလျှောက် တာတွေ တောင်တက်တာတွေ လုပ်ကြပါတယ်။ ကျွန်တော်တို့ ရန်ကုန်မှာ တရုတ်လူမျိုးတွေစုပေါင်းပြီး ဗန္ဓုလပန်းခြံမှာ နံနက်တိုင်းစုပေါင်း လမ်းလျှောက်၊
လေ့ကျင့်ခန်းလုပ်သလို သဘောမျိုးပေါ့။ ဒါပေမဲ့ ဒီကလူတွေကတော့ ပိုအလှမ်းကျယ်ပါတယ်၊ ကျယ်ဆို မြို့ပြင် မှာရှိတဲ့ တောတောင်တွေဆီ တကူးတက ကားတွေနဲ့သွားကြတာပါ။ (တတ်လည်းတတ်နိုင် သူတွေဟာကိုး) သူတို့ရဲ့ရည်ရွယ်ချက်ကိုက၊ အပန်းဖြေ လေ့ကျင့်ခဏ်းလုပ်ရုံ သက်သက် မဟုတ်ပါ၊ သိတဲ့အတိုင်းပါပဲ အနောက်နိုင်ငံသားတွေ ဆိုတော့ဒေသန္တရ ဗဟုသုတလည်းရှာမှီးယင်း မိတ်ဆွေအပေါင်းသင်း လည်းတိုးပွါးစေဖို့ပါ။ မြို့ပြင်ခရီးကတော့ကီလိုမီတာ ၁၅-၂၀ လောက်ရှိတတ်ပါတယ်။ တောင်တက်တာ သက်သက်ချည်းမဟုတ်၊ တစ်ခါတစ်လေလည်း မြစ်ကြောင်းတစ်လျှောက်၊ တစ်ခါတစ်လေလည်း လျှိုမြောင် ချောက်ကမ်းပါး တွေနဲ့ အများအားဖြင့် လမ်းကြမ်း တွေဖြစ်တတ်ပါတယ်။
တစ်နေရာထဲ ပုံသေသွားနေတာ မဟုတ်လို့ လည်းပျင်းစရာမကောင်းပါ။
တောအုပ်တစ်ခုအ၀င် |
တောင်ထိပ်တစ်နေရာ |
တောင်ပေါ်တောအုပ် လမ်း တစ်နေရာ |
အဆင်းခက်ခက် |
ပေးထားပါတယ်။ ဒါဆိုလုံလောက်ပါပြီ၊ လာမဲ့ တနင်္ဂနွေနေ့မှာ နံနက် ၁၀နာရီအမှီ ချိန်းတဲ့ စုရပ်ရောက်အောင်သွား၊ ငွေ ၁၀နဲ့စာရင်းပေး၊ ၁၀နာရီခွဲ မှာစည်းဝိုင်းဖွဲ့၊ အဖွဲ့ခေါင်းဆောင်က ခရီးစဉ်အကြောင်းနဲ့၊ စည်းကမ်းချက်တွေ ရှင်းပြပြီးထွက်ကြတာပါ၊ လူအားလုံးက ဗော်လံတီယာတွေချည်းပါ။ ကျွန်တော်တို့ပေးရတဲ့ ငွေ၁၀ ဆိုတာကလည်း တ၀က်က အပြန်မှာသောက်ဖို့ အအေး နဲ့ဘီယာဖိုးဖြစ်ပြီး ကျန်တ၀က်က မိဘမဲ့ကလေး ဂေဟာတွက် အလှူပါ။
မြစ်ကြောင်းတစ်လျှောက် ခရီးစဉ်တစ်ခု |
ကမ်းပါးကျောက်တုံးတွေပေါ်မှာ Canada တရုပ်မလေး Helen နဲ့အတူ |
တစ်ခုသော မြစ်ကြောင်း တစ်နေရာက ကျောက်ဆောင်တွေကြားမှာ |
ဒီနိုင်ငံမှာ အဖွဲ့သက်တမ်း ဘယ်လောက်ကြာနေပြီလည်း ဆိုတော့တစ်ပတ်တစ်ကြိမ် ထွက်နေတာ ခုနောက်ဆုံးက ၁၃၈၈ အကြိမ်မြောက်ဆိုတော့ တွက်သာကြည့်ပေါ့။ ပိတ်ရက်တွေနှုတ်လိုက်ရင် ၄နှစ်လောက် ရှိရောပေါ့။ အဖွဲ့ဝင်အားလုံးလိုလိုက အနောက်နိုင်ငံသားတွေပါ၊ ဒီမှာ ပတ်သက်ရာပတ်သက်ကြောင်း အမည်းအချို့ နဲ့အရှေ့တိုင်းသားဆိုလို့ ကျွန်တော်တို့မိသားစု ၃ယောက် ပဲမြင်ပါတယ်။ (တရုတ်အမျိုးသမီးလေးလို တစ်ယောက်တွေ့လို့မိတ်ဆက်ကြည့်မိတော့
တရုပ်ပါပဲ၊ ဒါပေမဲ့ ကနေဒါက လာတဲ့ NGO အဖွဲ့ဝန်ထမ်းပါတဲ့) အိန္ဒိယနွယ်ဖွား အနောက်နိုင်ငံသား အချို့လည်းပါပါတယ်၊ ဟုတ်ပါတယ်၊ လူအများစုက NGO ၀န်ထမ်းတွေ (ဒီမှာက အဲဒီအဖွဲ့တွေများမှများပဲ) အချို့ကသံရုံးဝန်ထမ်းတွေ၊ အမှုဆောင်ကော်မတီဝင် အတော်များများကတော့ International College ကဆရာ ဆရာမတွေပါ။ ကိုယ်ကျိုးမဖက်ပဲ လူမှုရေးစိတ်ဓါတ် အပြည့်အ၀နဲ့ ကြိုးစား နေကြတာမို့လို့လည်းအဖွဲ့ ဒီလောက်အောင်မြင်မှုရနေတာ ချီးမွန်းစရာပါ။ အတုယူဖို့ပါ။
အဖွဲ့မှာတက်ကြွစွာလှုပ်ရှားနေကျ US သံအမတ်ကြီး မစ်ချဲလ် |
ချောချောမောမော မြေပြင် ပြန်အရောက် |
ဓါတ်ပုံ မှတ်တမ်းတင်သူ |
Belgium & Hongkong မှ နယ်စည်းမဲ့ ဆရာဝန် ၂ယောက်နဲ့အတူ |
ခရီးဆုံး စည်းဝိုင်းမှာ ပြန်ဆုံပွဲ |
US သံအမတ်ကြီး (၀ဲမှ တတိယ၊ လေဒီစိုးပခုန်းပေါ်လက်တင်ထားသူ) နဲ့ပါတီပွဲမှာ |
အဖွဲ့ ဆိုပြီး စနစ်တကျ လူခွဲတာဝန် ပေးထားပါတယ်။ ရှေ့ပြေးအဖွဲ့မှာတော့ (တောင်တက် သင်တန်းပေးထားတဲ့) လူငယ်တွေပါ၊ သူတို့တာဝန်က နောက်လူတွေ လမ်းမပျောက်ရအောင်လို့ လမ်းတစ်လျှောက် (စက္ကူဖြတ်စ၊ ပလစတစ်စ၊ စတဲ့) အမှတ်သားတွေချပေး၊ စုရပ်လို့သတ်မှတ်ထား တဲ့နေရာတွေမှာစောင့်ခေါ်၊ (စုရပ်တိုင်းမှာ လူစုံတဲ့ထိစောင့်ရတာ အဖွဲ့ရဲ့သံမဏီစည်းမျဉ်းပါ) နောက်ချန်အဖွဲ့ ရဲ့တာဝန်ကတော့ နောက်ဆုံးမှာ တစ်ယောက်မှ မကျန်တဲ့ထိ စောင့်ခေါ်ပေး၊ မတက်နိုင်သူတွေ၊ တွဲခေါ်တန်ခေါ်ရ ဆေးလိုရင်ဆေး ပေးစတာတွေပါ။ စုစုပေါင်းလူ ၆၀-၇၀-၈၀ အဖွဲ့ကြီး ( စံချိန် record တင်ထားတာက လူ၁၂၀ ပါ) မှာ ကလေးတွေရော ခွေးတွေပါ တကယ့်ကို ပျော်စရာကြီးပါ (ကျိုက်ထီးရိုး တက်ရသလိုပါပဲ၊ လမ်းမပျောက် ရအောင် အော်ဟစ်ကြ၊ ခရာတွေမှုတ်ကြမို့ ဆူညံနေပါတယ်) လူတွေတင်မက ခွေးတွေပါ ပျော်ကြပါတယ်။ ခွေးတွေဆို မမောတန်း ရှေကပြေးတက်လိုက် ပြန်ပြေးဆင်းလာလိုက်နဲ့ သူတို့သခင်တွေကို စောင့်ခေါ်နေကြတာ လေးစားစရာ ကောင်းနေပါတယ်။ (ခွေးမွေးချင်စိတ်ပင် ပေါ်လာပါတယ်) တက်ခဲ့တဲ့တောင် အများစုက ကျောက်တုံး ကျောက်ခဲ တွေ ကြားမှာဖြစ်ပြီး လမ်းမရှိတာများပါတယ်။ ပြောရမယ်ဆိုရင် အန္တရယ်အတော်များပါတယ်။ မပြောကောင်း မဆိုတောင်း ဧရာမ ကျောက်တုံးကြီး တစ်လုံးလောက်သာလိမ့်ဆင်း လာလို့ကတော့...။ ဒီအဖွဲ့မှာ ဓါတ်ပုံ အများဆုံးရိုက်တာက ကျွန်တော်ပါ၊ ကျွန်တော့စာဖတ် ပရိဿတ်ကို မျှဝေပေးချင်လို့ပါ။ နောက်ကျောပေါ်မှာ ရေနဲ့ အရေးပေါ် ဆေးအိပ်၊ ကင်မရာတစ်ဖက် တောင်ဝှေးတစ်ဖက်၊ သိပ်တော့ မလွယ်တဲ့ အလုပ်ပါ။ ကင်မရာတစ်လုံးလည်း ကျောက်တုံးနဲ့ ရိုက်မိပြီး ကွဲသွားဘူးပြီး၊ လူလည်း ၂ကြိမ်ပြုတ်ကျဘူးပါပြီ။
တောင်ပေါ်ကနေ ပြန်ဆင်းလာပြီးရင် အဧသောက် မုံ့စားယင်း စီးဝိုင်းမှာ လူတွေပြန်စုကြရပါတယ်၊ အဲဒီမှာတော့ အဖွဲ့ခေါင်းဆောင်ကနေ အဲဒီနေ့အဖို့ လုပ်ဆောင်ချက်တွေထဲမှာ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူတွေကို ဂုဏ်ပြု ဘွဲ့တွေ အပ်နှင်းတာတွေ၊ လူသစ်တွေ နဲ့မိတ်ဆက်တာတွေ၊ မွေးနေ့ရှင်တွေတွက် သီချင်းစုပေါင်း ဆိုကြတာတွေ၊ (HASH သီချင်းတွေ သီးသန့်ရှိပါတယ်) (မိမိပြောလိုရာတွေ လည်းထွကပြောနိုင်ပါတယ်) နဲ့အဆုံးသပ်ပြီးလူစုခွဲကြပါတယ်၊ အားလုံးက မူလ Hash Club ရဲ့ရိုးရာအတိုင်း ပေါ့ပေါ့ပါးပါး ပျော်ပျော်ပါးပါးပါ။
ုံ
ကလေးနဲ့ ခွေးတွေလည်းပျော်ကြပါတယ် |
ဒီအဖွဲ့နဲ့ဆုံမိတော့မှ အပေါင်းသင်း အတော်ဆန့်မိတာအမှန်ပါပဲ၊ လမ်းလျှောက်ရုံ သက်သက်မဟုတ်ပဲ အခြားတွေ့ဆုံပွဲတွေ၊ ဥပမာ Book exchange ခေါ်စာအုပ်ဖလှယ်တဲ့ ပွဲတွေ၊ Camping ပွဲတွေမှာပါ ဆုံကြရတာမို့ ပိုလည်းရင်းနှီးမှုတွေ ရကြပါတယ်၊ မှတ်မှတ်ရရ ကတော့ အမေရိကန် သံအမတ်ကြီးအိမ်မှာ အဖွဲ့ဝင်တွေကို ပါတီပေးတဲ့နေ့ကပါ၊ သံအမတ်ကြီးက အမျိုးသ္မီးကြီးပါ။ ဘူဖေးပါတီပါ၊ စားယင်းသောက်ယင်း စကားတွေ ပြောကြပေါ့။ အဲဒီပွဲမှာ သံအမတ်ကြီးနဲ့ မိတ်ဆက်ယင်း ကျွန်တော်က" Dr စိုး " မြန်မာနိုင်ငံကပါ ဆိုတော့၊ သူမ ကဆောင်းထားတဲ့ ဦးထုပ်ကိုချွတ်၊ သူ့ရင်ဘတ်ပေါ် ယာလက်နဲ့ဖိထားပြီး၊ လေးစားပါတယ်ဆိုပြီး၊ ကျွန်တော့ကို ဦးညွှတ် အရိုသေပေးပါတယ်။ (ဒူးလေးတောင် ညွတ်လိုက်ပါသေးတယ်) ကျွန်တော်လည်းအရမ်း အံ့သြသွားမိတယ်။ ကိုယ့်မှာလေးစားရ လောက်အောင် လည်း ဘာမှမမြင်၊ (အမှန်တော့ အဲဒီတုန်းက သူမကိုသံအမတ်ကြီး မှန်းကျွန်တော်မသိရိုးအမှန်ပါ၊ သံအမတ်ကြီး ကတော်လို့ သာထင်ထားတာပါ၊ နောက်ပါတီ တစ်ခုကျမှသူမကို ခန့်ခန့်ငြားငြားကြီး တွေ့လိုက်ရလို့သာ သူကိုယ်တိုင် သံအမတ်ကြီးမှန်းသိလိုက်ရတာပါ) ဒိနောက်ပိုင်းမှာတော့ ကျွန်တော်တို့ ပိုနီးနီးကပ်ကပ် ပေါင်းမိပါတယ်။
စိုးမြင့် - မေ့ဆေး
ခေတ္တ Maseru,
Kingdom of Lesotho
11 Sept 2011
9 မှတ်ချက်:
အရမ်း အားကျမိတယ်... တောင်မတက်ဖြစ်တာဖြင့် ဆယ်စုနှစ်နဲ့ချီရှိပြီး...
ငယ်ငယ်က ပုပ်ပါးတောင်မကြီးတော့ တက်ဘူးပါတယ်။ ခုတော့ တက်ခြင်ရင် အထပ်မြင့်တိုက်တွေကို လှေကားတွေက တက်ဘို့ ပဲ ရှိတယ် တောင်မရှိဘူးဆရာ။
ဓါတ်ပုံတွေ မြင်ရတင် တော်တော် ပျော်ဘို့ ကောင်းနေပြီ။
အားကျစရာကောင်းလိုက်တာ။ အဲဒီလိုအဖွဲ့အစည်းမျိုးတွေမှာ တစ်ခါလောက်ပါဖူးချင်လိုက်တာဆရာရေ။ တခါမှလဲမကြုံဖူးသလို အပျော်ထမ်း အဖွဲ့အစည်းတခုခုမှာလဲ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် တခါမှပါဝင်ခွင့် မရခဲ့ဖူးပါဘူး။
ဆရာ ရေ
ပျော်စရာကောင်းလိုက်တာ ဒါပေမဲ့ ရွှေစင်ဦး တို့ ကတော့ တောင်တက် ရမှာ ကိုကြောက်နေတယ် မျှဝေမှု့ အတွက် ကျေးဇူးပါ
ကလေးတွေပါ တက်ကြတာ ချီ ပြီး တက်ကြတာလားဆရာ
ကျောင်းက ပုဂံခရီးစဉ်မှာ ပုပ္ပားတောင်မကြီး တက်ပြီးကတည်းက တောင်တက်တာကို ကြိုက်သွားတာ..စလုံးမှာလည်း နှစ်ပတ်တခါလောက် တောင်တက်ဖြစ်တယ်...ခုတော့ တက်စရာတောင်မရှိတော့ တောင်တက်နိုင်တဲ့သူတွေကို အားကျသဗျား..နောင်ကို ပို့ စ်တွေ ထပ်တင်ပါဦး ဆရာ...
envy,,,Doc...
regds,,,
Anne
လူတွေတင်မက ခွေးတွေပါ ပျော်ကြပါတယ်။:D ဆရာဆောင်းပါးတွေဖတ်ရတာဗဟုသုတလည်းရသလိုရယ်လည်းရယ်ရတဲ့အတွက်ကျေးဇူးပါဆရာ...:DD
Post a Comment