Sunday, November 22, 2009

သူတို့ဆီက ယာဉ်အန္တရာယ်

ကျွန်တော် အီတိုးရှား လည်ခဲ့စဉ် က
(အမှန်တော့ ကားအပြင်မထွက်ရပါ)

 
                                                 " သူတို့ဆီကယာဉ်အန္တရာယ် "
အာဖရိကမှာ နမီးဘီးယား လောက်လမ်းပမ်းဆက်သွယ်ရေး ကောင်းတဲ့နိုင်ငံမျိုး အတော်ရှားပါတယ်၊ ကျွန်တော် တစ်ခါက ရေးခဲ့ဘူးတဲ့အတိုင်းပါပဲ အဝေးပြေးလမ်းမ တွေဆို တာက မျဉ်းဖြောင့်တစ်ကြောင်း စက္ကူပေါ်ချဆွဲထားသလို ဖြောင့်တန်းနေပြီး ကျယ်လဲ ကျယ်၊ ခင်းထားတဲ့ နိုင်လွန်ကတ္တရာကလည်း ချောမွတ်နေလေတော့ ကားမောင်းရတာ အတော်လေး ကောင်းပါတယ်၊ နမီးဘီးယားဆိုတာကလည်း နိုင်ငံက အကျယ်ကြီး (စတုရန်းမိုင်သုံးသိန်းကျော်မို့ ကျွန်တော်တို့ နိင်ငံထက်ပင် ကျယ် ပါသေးတယ်)
ဒါပေမဲ့ လူဦးရေက စုစုပေါင်းမှ တစ်သန်းခွဲသာသာ ရှိတာမို့ မြို. ရွာတွေက တစ်ခုနဲ့တစ်ခု အတော် လှမ်းကြပါတယ်၊ တစ်ခါတစ်ခါ မိုင် ၁ဝဝ၊ ၂ဝဝ မောင်းသွားလို့မှ မြို့ တစ်မြို့  တွေ့ချင်မှ တွေ့ရတတ်တာပါ၊ တစ်ခါတစ်လေများ ကား အဆက်ပြတ်နေရင် ကိုယ်မောင်းနေတာ လူမရှိတဲ့ ဂြိုဟ်တစ်ခုခုပေါ်မှာ များလားလို့ပင် ထင်ရလောက်အောင် ခြောက်ကပ်ကပ် နိုင်လှ၊ ရှင်းလွန်းလှပါတယ်။


ဒါကြောင့်မို့လည်း ဒီကလူတွေကားမောင်းတာ မြင်ရတာကြောက်စရာကေါင်းလောက် အောင်ကြမ်း ကြပါတယ်၊ သူတို့ရဲ့အဝေး ပြေးလမ်းမမှာ ကန့်သတ်ချက်က တစ်နာရီ ၁၂ဝ ကီလိုမီတာနှုံး(ရ၅ မိုင်နှုံး) ပါ၊ ဒါပေမဲ့ သူတို့တကယ်မောင်းနေကြတာက ၁၅ဝ၊ ၁၆ဝ နှုန်းထက် ဘယ်သူမှမလျော့ကြပါဘူး၊ (မိုင်အားဖြင့် ၁ဝဝနှုန်းဝန်းကျင်ပါ၊ ၁၈ဝ ထိမောင်းတဲ့လူတွေလဲ မနဲပါဘူး၊ဒါဆို ၁၁၂ မိုင်နှုံးကျော်နေပါပြီ)၊ ဒါကြောင့်မို့ “၁၂ဝ ကီလိုဟာမင်းတို့ရဲ့အနိမ့်ဆုံးနှုန်းလား ” လို့မေးယူရလောက် အောင်မောင်းကြတာပါ၊ ခုလိုမောင်းနိုင်ြကတာကါးတွေကလည်းကေါင်းလို့ပါ၊ ဒီနိုင်ငံမှာက လူတွေကကားဝယ်ရင် အင်ဂျင် ပါဝါကြီးကြီးကို အပြိုင်ဝယ်ကြတာပါ၊ ဆီစါးတာ နည်းတာ၊ များတာ သိပ်မစဉ်းစားကြပါဘူး၊ မြန်ဖို့က အဓိကပါ၊ ခုလို ကားတွေကလည်းကေါင်း၊ လမ်းတွေကလည်း ကောင်းလေတော့၊ ရန်ကုန်နဲ့မန္တလေးလို ဝေးတဲ့ ကျွန်တော်တို့ အိုရှာခါတီ နဲ့မြို့တော် ဝင်းဟုတ် မိုင်၅ဝဝခန့် ဝေးတဲ့ခရီးဟာပုံမှန်အားဖြင့် ငါးနာရီ၊ခြောက်နာရီ လောက်ပဲ ကြာတတ်ပါတယ်၊ ကားဝယ်ရ တာလဲဒီမှာအတော်လွယ်ပါတယ်၊ ဂျပန်ကား၊ အမေရိကန်ကား၊ အီတလီကား၊ အင်္ဂလိပ်ကား၊ ဘာကားကြိုက်လဲ၊ အသစ်တတ်နိုင်လါး၊ အဟောင်းပဲဝယ်ချင်လါး၊ ကားပြခန်းတွေ ကမြို့အနှံ့ မှာရှိပါတယ်၊ အပြိုင်အဆိုင်ရောင်းနေကြ တာပါ၊ မိမိမှာငွေလက်ငင်း ရှိဖို့မလို၊ လက်ရှိ အလုပ်ပြနိုင်ရင် တော်ပြီ၊ အရစ်ကျအကြွေးနဲ့ဝယ်နိုင်ပါတယ်။

နောက်ပြီး၊ ကါးဈေးနဲ့ ဝန်ထမ်းတစ်ဦးရဲ့လစာကလည်း ၆လ၊တစ်နှစ် ဆိုရင် ပဲ ကိုယ်နဲ့တန်ရာ ကားတစ်စီး ကောင်းကောင်း ဝယ်နိုင်တာမို့၊ ကားလေးတစ်စီး မှမရှိရင် လဲဘယ်မှမရောက်နိုင်တာမဟုတ်လို့၊ ဝယ်လည်း ဝယ်စီးကြပါတယ်၊ နိုင်ငံတစ်ခုအနေနဲ့ ခုလို လမ်းပန်းဆက်သွယ်ရေးကေါင်းမွန်ချောမွတ်တာ ဟာအတော့ကို အားကျ စရာကေါင်းပါတယ်။

နိုင်ငံတစ်ခုရဲ့ စီးပွါးတိုးတက်မှုမှာ လမ်းပန်းဆက်သွယ်မှုက အဓိက အခြေခံအဆောက်အဦး (Infrastructure) ပဲ မဟုတ်ပါလား၊ ဒါပေမဲ့ ဒီတိုးတက်မှုနဲ့အတူဒွန်တွဲပါလာတဲ့ ယဉ်အန္တရာယ် ကလဲဒီမှာ ကြောက်ခမန်းလိလိပါ၊ လူဦးရေနဲ့မလိုက် အောင်လဲ များလှပါတယ်၊ နေ့စဉ်တီဗွီနဲ့ သတင်းစါတွေထဲမှာ တွေ့ရပါလိမ့်မယ်။ ယဉ်မတော်တဆမှုနဲ့ သေဆုံး ဒဏ်ရာရမှု တွေ၊ ဖြစ်လိုက် ရင်လဲ မသက်သာလှပါ ကါးတွေဆိုတာ စက္ကူကို လုံးချေထားသလို၊ သုံး၊လေး၊ငါးလောင်းပြိုင် ဆိုတာလဲမဆန်း၊ ရက်ရှည် ရုံးပိတ်ရက်တွေဆိုပိုဆိုးပါတယ်၊ အထူးသဖြင့် ခရစ်စမတ်နဲ့ နှစ်သစ်ကူးကါလအတွင်းမှာ ဆို အနောက်နိုင်ငံတွေ အတိုင်းပါပဲ ယဉ်မတော် တဆမှူနဲ့သေဆုံးထိခိုက်ဒဏ်ရာရမှုတွေက ရာနဲ့ချီပြီး နှစ်စဉ် ရှိတတ်ပါတယ်၊ ဒါကြောင့်မို့ ကျွန်တော်တို့ ကျန်းမာ ရေးဝန်ထမ်းတွေအဖို့ ခုလိုယဉ်မတော်တဆ မှုတွေ ကြောင့် အစဉ်အလုပ်ရှုပ်ရပါတယ်၊ အထူးသဖြင့်မသေမရှင် နဲ့ရောက်လာတဲ့ လူနာတွေဆို ကျွန်တော်တို့ မေ့ဆေးဆရာဝန်တွေ ပိုလို့ အလုပ်ရှုပ်ရပါတယ်၊ အကြောင်းကတော့ ဒီလို မသေမရှင်ဖြစ်နေတဲ့ လူနာမျိုးဆို အရေးပေါ်ဌာနမှာ ကျတဲ့ဆရာဝန်က(လူနာ)အသက်လု ဖို့တွက်ဦးဆုံးသတိရလေ့ရှိတာက မေ့ဆေးဆရာဝန် တွေမို့ပါ၊ (ဒါကလဲကျွန်တော်တို့ မေ့ဆေး ဆရာဝန်တွေက ဒီနေရာမှာ အခြားသူတွေထက် ပိုပြီးကျွမ်းလို့ပါ)

ပိုကျွမ်းတယ်ဆိုတာကဒီလိုပါ ယဉ်မတော်မဆဖြစ်မှုကြောင့် ဦးခေါင်း၊မျက်နှာ၊ ဒါမှမဟုတ် ရင်ပတ်ပိုင်း မှာဒဏ်ရာရ တဲ့လူနာတွေဆိုအဓိကပြဿနာက အသက်မရှူနို်င် တော့တာ၊ သို့မဟုတ် လေပြွန်ပိတ်တာပါ၊ ဒီနေရာမှာကျွန်တော်တို့ မေ့ဆေး ဆရာဝန်အနေနဲ့ အဆုပ် လေပြွန်ဝထိရောက်အောင် Endotracheal tube (လေရှူပိုက်) ကိုထိုးသွင်းပေးပြီး အသက် ပြန်ဆက်ပေးရတာပါ၊ ဒါကကျွန်တော်တို့လုပ်နေကျအလုပ်ပါ၊ လေကောင်းကောင်း မ ရှူနိုင်တော့ရင် ဒီလူနာကြာကြာခံတော့ မှာမဟုတ်လို့ ကျွန်တော်တို့ဖို့ အပြေးအလွှား သွားနိုင်မှတော်ရုံကျတာပါ၊ ဒီလိုလူနာမျိုးးကိုလုပ်ကိုင်ပေးရတာ ကျွန်တော့ဖို့ စိတ်ကြိုက် မတွေ့ဆုံးပါ၊ ကျွန်တော့အမြင်မှာဒီလူတွေမဆင်မချင်မောင်းကြတာတွေ၊ သောက် သောက်စါးစါး နဲ့မောင်းနေကြ တာတွေ က များများနဲ့မို့ပါ၊ နောက်တစ်ချက်ကလည်း ကျွန်တော်တို့ ကသာ ပင်ပန်းတစ် ကြီး လုပ်ကိုင်ပေးရပေမဲ့ ရှင်တဲ့လူနာက ခပ်ရှားရှားမို့ပါ။

ဒီမှာကျွန်တော်တို့ပြောလေ့ရှိတဲ့စကါးတစ်ခုရှိပါတယ်၊ ဥပမာလူတစ်ယောက် ဆုံးသွား တယ်၊ နာရေးကိစ္စတစ်ခုဖြစ်တယ်ဆိုပါစို့၊ ဦးဆုံးမေးလေ့ ရှိတဲ့မေးခွန်းက ယဉ်မတော်တဆ မှူလား၊ မဟုတ်ပါဘူး၊၊ နာနေတာကြာပါပြီဆိုရင်၊ ဒါဆို AIDSကြောင့်ပဲဖြစ်ရမယ်လို့ပြန်ပြော လေ့ရှိပါတယ်၊ ဒီအဖြေနှစ်ခုစလုံးကလွဲခဲပါတယ်၊ ဘာလို့လဲ ဆိုတော့ AIDS ရောဂါက သဘာဝအလျောက်လူသေမှု မှာနံပါတ်တစ်လူသတ် တရားခံ အဖြစ်ရှေ့ကဦးဆောင်နေသလို သဘာဝမဟုတ်တဲ့လူသေမှု မှာတော့ ဦးဆောင် နေတာက ယာဉ်အန္တရာယ်ပါ။ ဒါဆို သဘော ပေါက်လောက်ပါပြီ။

ကျွန်တော်ကိုယ်တိုင်လည်း ကားမောင်းပါတယ်။ ဒါပေမယ့် ဆေးရုံမှာကားအက်စီးဒင့်နဲ့ ရောက်ရောက်လာတဲ့ လူနာ တွေကိုမြင်နေကျမို့၊ ကျွန်တော့ အဖို့မကြမ်းဝံ့ပါ၊ အဝေးပြေးလမ်းမပေါ်ကျွန်တော်မောင်းနေကျနှုံးက ကီလို ၁၁ဝ၊ နဲ့၁၂ဝ ကြားမှာပါပဲ၊ ဘယ်တော့မှ ၁၂ဝ မကျော်ပါ၊ (၁၂ဝ ဆိုတာကသူများတွေ ဖို့အနိမ့်ဆုံးနှုံးပါ) ဒါကြောင့်မို့သူများတွေ မြို့တော်ကို ၅ နာရီ ၆ နာရီမောင်းနေကျခရီးဟာကျွန်တော့ဖို့ ၈ နာရီ ၉ နာရီ ကြာတတ်ပါတယ်၊ နံနက် ၇ နာရီကထွက်ရင် ညနေ ၅ နာရီ လောက်မှ ဟိုကိုရောက်တာပါ၊ (လမ်းမှာ လဲနားနားနေနေပါပဲ) ဒါကြောင့်မို့အပေါင်းသင်း တွေကကျွန်တော့် ကိုနောက်ကြပါတယ်၊ နမီးဘီးယားက အကျယ်ကြီးမို့လိပ်လိုသွားနေလို့ရင် လမ်းမှာအိပ်ပျော် သွားလိမ့်မယ်တဲ့ ကျွန်တော်ဂရုမစိုက်ပါ၊ အန္တရာယ်ကင်းဖို့က လိုရင်း ပဲမဟုတ်ပါလား၊ ကိုယ့် အကြောင်းကိုယ်အသိဆုံးပါ၊(ကိုယ်နိုင်ငံမှာ တုန်ုးကဟိုက်ဝေးဆိုလို့ ရန်ကုန်နဲ့သထုံ မိုင်လေး ၁၅ဝထက်ကျော်အောင်တောင်မောင်းခဲ့ဖူးတာမဟုတ်) အဆိုးဆုံးကတသက်လုံး မောင်းလာ တာကလက်ယာမောင်း ဒီကျမှလက်ဝဲ မောင်းမောင်းရတာပါ သိပ်မလွယ်လှပါ၊ (ကြောင်ပြီးလမ်းမှားဝင်သွားတတ်ပါတယ်) ဒါကြောင့် ဖြစ်နိုင်ရင် ကီလို ၁ဝဝနှုံးထက် တောင်မကျော်ချင်ပါ၊ အမှန်တော့ကီလို ၁၂ဝ နှုံးကျော်လာပြီဆိုရင်ကိုပဲ စတီယာရင် ဘီးက နဲနဲမှ အတိမ်းအစောင်းမခံတော့ပါ၊ နောက်တချက်ကလဲ ဒီကအဝေးပြေးလမ်းတွေက အသွား အပြန် ယဉ်ကြောတစ်ခုစီ သာရှိတာပါ၊ ဧရာမကုန်ကါးကြီး ၂ စီးကေါင်းကေါင်းလွတ်အောင် တော့ကျယ်ပါတယ်၊ ဒါပေမဲ့သူတို့မောင်းနေတဲ့နှုံးနဲ့ဆိုကျယ်တယ် လို့မဆိုနိုင်ပါ၊ လက်ကိုင် ဘီးတစ်ချက်နဲနဲလေးလှုပ်သွားရုံနဲ့ တစ်ဖက်ယဉ်ကြော ဒါမှမဟုတ် လမ်းဘေးဆင်း သွားနိုင်တာပါ၊ ဒါကြောင့် မြန်မြန်မောင်းလေ စိတ်ပင်ပန်းလေပါ၊ အသွားအပြန် ယဉ်ကြောနှစ်ခု ဆိုတာကလည်း အလယ်မှာမျဉ်းဖြူတစ်ကြောင်းသာ ခြားထားတာမို့ ဒီလိုနှုံးကြီးနဲ့မောင်းနေ ကြတာတွေးကြည့်ရင် အတော့်ကိုအသဲယားစရာကြီးပါ၊ လမ်းကျဉ်းလို့ကါးရှင်းတယ် ဆိုပြီးတော့လဲ မျဉ်းဖြူကိုခွပြီးလမ်းလယ်မှာမောင်းလို့မဖြစ်ပါ၊ ဘာလို့လဲဆိုတော့ ကါးတွေကမြန်လွန်းတော့ အဝေးကြီးမိုးကုပ်စက်ဝန်းလောက်မှာ အစက်လေးတစ်စက် လောက်နဲ့စတွေ့ရတဲ့ ဆန့်ကျင်ဘက်က လာတဲ့ကါးတစ်စီးဟာ ချက်ချင်းဆိုသလို ကိုယ့်ရှေ့ကိုရောက်လာနိုင်လို့်ပါ၊ (ဒါဆိုရှောင်ဖို့မလွယ်တော့ပါ) နောက်တစ်ချက်ကလဲ ဟိုက်ဝေးမှာ အကွေ့အ ကေါက်လုံးဝ မရှိသလောက် ဖြစ်နေလေ တော့ကားမောင်းရတာ တချိန်လုံး လက်ကိုင်ကိုသာငြိမ်ငြိမ်ကိုင် ထားနေရပြီး ဘာမှလုပ်စရာမရှိနဲ့မို့ကြာလာတော့ အတော့ကိုပျင်းစရာ၊ အိပ်ငိုက်ချင်စရာ ကေါင်းလာတတ်ပါတယ်၊ ရှုခင်းကလဲ ခြောက်ကပ်ကပ် Savanah ဆဘားနားမြက်ခင်းလွင်ပြင်၊ ဆူးပင်ပုတွေနဲ့မျက်ခင်းပြင် ဘာမှမဆန်း၊ အထူးသဖြင့် အဖေါ် မပါတစ်ကိုယ်တည်း ခရီးဝေး မောင်းရတာမလွယ်ပါ။

ယာဉ်မတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းတွေကိုလေ့လါကြည့်မယ်ဆိုရင် မမူးဘူးဆို ရင် Overspeed (သတ်မှတ်နှုံး ထက်ပို မောင်းနှင်မှု၊) Overtake (ယာဉ်ချင်းကျော်တက်မှု၊) Overload (မတန်တဆဝန်ပိုတင်မှု၊) စတဲ့မဆန်းလှ တဲ့အဓိက အကြောင်း ရင်းတွေကိုတွေ့ရမှာပါ။ ဒါပေမဲ့ ဒီမှာတခုဆန်းတာကဒီနိုင်ငံမှာဖြစ်တဲ့ ယဉ်မတော် တဆမှုရဲ့ ရာနှုံးအတော် များများဟာ ကားမောင်းယင်း ယဉ်မောင်းသူအိပ်ပျော်သွားလို့ ဖြစ်ရတာပါ လို့ဆိုထားတာမို့ နဲနဲတော့နားလည်ရ ခက်နေပါတယ်၊ ဒါကြောင့်မို့ တီဗွီကပညာပေး အစီစဉ်မှာကားမောင်းနေယင်းအိပ်ငိုက်လာရင် ဆက်မမောင်းပဲ ကားကိုလမ်းဘေးခဏ လောက် ထိုးရပ် တမှေးလောက်နားပြီးမှ ခရီးဆက်ဖို့ ပြသလေ့ရှိပါတယ်။ ကျွန်တော်ပြောခဲ့သလိုပေါ့၊ ခုလို ခြောက်ကပ်ကပ်ခရီးရှည်ကြီးမှာ မောင်းရတာငြီး ငွေ့စရာကေါင်းပေမဲ့၊ ခုလို အိပ်ပျော်သွားရ လောက်အောင် ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့တာ အမှန်ပါ။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်ကြုံဘူး လိုက်မှပဲ တသက်မှာမမေ့နိုင်စရာ သင်ခန်းဖြစ်သွားပါတယ်။

အဲဒီနေ့ကတော့ ၁၉၉၉ မတ်လ ၁၁ ရက် ကြာသာပတေးနေ့ပါ၊ ညနေ ၄ နာရီခွဲခန့်မှာ ကျွန်တော် တစ်ယောက်တည်း ကျွန်တော်တို့မြို့ အိုရှာခါတ Oshakati မှနေကါးမောင်းထွက်ခဲ့ပါတယ်၊ မြို.တော်ဝင်းဟွတ် မှာကျောင်းတက်နေတဲ့သားကြီးကို တွေ့ရအောင်လို့ပါ၊ ခရီးအားဖြင့် ကီလို ရ၅ဝ ကျော် (မိုင် ၄ရဝ ခန့်) ဝေးပါတယ်၊ ဒီခရီးကကျွန်တော်တခါကရေးခဲ့ဘူးး သလိုပေါ့၊ လမ်းမှာ Tsumeb (ဆူးမက်) Otjiwarango (အိုချီဝရမ်ဂို) နဲ့ Okahanja (အိုကါဟင်ဂျာ) ဆိုတဲ့မြို. လေး ၃ မြို့ကလွဲရင် ဘာမြို.ရွာမှ မရှိပါ၊ ဒီလိုခြောက်ကပ်တာပါ။ ဆူးမက်မြို့က၊ ကီလို ၂၈ဝ ဝေးတာမို့ အကြမ်းအားဖြင့် ခရီးရဲ့ သုံးပုံတပုံပေါ့၊ ကျွန်တော့အစီအစဉ်အရ အဲဒီမြို့ဆေးရုံလေးမှာညအိပ်ပြီး နောက်နေ့နံနက်စေါစေါထ ခရီးဆက်ဖို့ပါ၊ ဒါဆို၊ နောက်နေ့ သောကြာနေ့ နံနက်ပိုင်းမှာ မြို. တော်ကို ရောက်ပါတယ်၊ ရုံးကိစ္စလေးတွေလည်း လုပ်နိုင် အောင်ပါ၊ သောကြာနေ့တစ်ရက်ထဲခွင့်ယူထားတာမို့ ကြာသာပတေး နေ့ ညနေပိုင်း အလုပ်အပြီးမှာ ထွက်ခဲ့ရတာပါ၊ ဒီလိုပဲအရင်တခေါက်ကသွားဖူးပါတယ်။ ဒီမြို.မှာ ဆေးရုံအုပ်ဖြစ်နေတဲ့ Dr Shimmy ဆိုတဲ့ နမီးဘီးယားဆရာဝန်မက ကျွန်တော်တို့ ဆေးရုံက ပြောင်းသွားတာပါ၊ ကျွန်တော့တပည့်လည်း ဖြစ်ဖူးတာမို့ သူရှိလို့ အဆင် ပြေတာပါ၊ ဒီမြို့က ကြေးနီသတ္တုတွင်းမြို့ငယ်လေးပါ၊ သူမကလွဲရင်လဲ ဘယ်သူ့မှ ကျွန်တော်အသိမရှိပါ။

အမှန်တော့အဲဒီနေ့ကဒိထက်စေါစေါထွက်ဖို့ပါပဲ မမျှော်လင့်ပဲ သည်းသည်းမည်းမည်း ရွာချလာတဲ့မိုး ကြောင့် ခဏစေါင့်လိုက်ရတာပါ၊ ဒီခရီးက ၃ နာရီခန့် မောင်းရမှာမို့ နေမဝင်မီရောက်ဖို့ လိုပါတယ်၊ ညဖက်ဆို တောကေါင်တွေရဲ့ အန္တာရာယ်ရှိတာမို့ မောင်းလေ့မရှိပါ၊ ဒီကမိုးကလဲမကြာတတ်ပါ ချက်ချင်းဆိုသလို ပြန်ပူလာပါတယ်၊ ကျွန်တော်လည်း ၁၁ဝ၊ ၁၂ဝ ကီလိုနှုံးနဲ့မှန်မှန်ပဲ မောင်းလါလိုက်တာ ညနေ၆ နာရီကျော်ကျော် ခန့်မှာ Oshivello (အိုချီဗဲလိုး)ဆိုတဲ့ဂိတ်ကြီးဆီရောက်ပါတယ်၊ ကြုံကြိုက်လို့ပြောရရင် ရှေးတုန်းကတော့ ဒီနေရာကလူဖြူလူမည်း ပိုင်းခြားထားတဲ့ နယ်ခြားပါ၊ အဝေးပြေးလမ်းမကြီး ကတောင်မြောက်တန်းနေတာမို့ ကျွန်တော်လါခဲ့တဲ့မြောက်ပိုင်း နေရာကလူမဲတွေရဲ့ဌာ နေဖြစ်ပြီး ရွာလေးတွေတွေ့နိုင်ပါသေးတယ် ဒီဂိတ်ကိုလွန်သွားရင်တော့ တောင်ပိုင်းမှာ လူဖြူတွေရဲ့ ဧရာမ မွေးမြူရေးခြံကြီး တွေသာ တွေ့နိုင်ပြီး လူသူမရှိတော့ပါ။ မြို့တွေအားလုံးက ဂျာမန်တွေအများစုနေတဲ့ အနောက်တိုင်းပုံစံမြို. လေးတွေပါ။


ဒီဂိတ်ကြီးနဲ့ ဆူးမက်မြို.က ကီလို ၉ဝ (၅ရ မိုင်ခန့်)လိုသေးတာမို့ ခပ်သုတ်သုတ် လေးလေးမောင်းပါမှတစ်နာရီ ခန့်အတွင်း မမှောင်မီရောက်မှာပါ၊ ဒါကြောင့်မို့ဒီဂိတ်မှာ အချိန်မဖြုံးတော့ပဲ လုံခြုံရေးမှာ ကျွန်တော့နာမည် နဲ့ခရီးစဉ်ပြော ပြီးတာနဲ့ ဆက်မောင်း ခဲ့ပါတယ်။

ဂိတ်ကြီးရဲ့ဒီဘက်ပိုင်းမှာတော့လမ်းကပိုရှင်း၊ ပိုလဲဖြောင့်ပါတယ်၊ မိုးကုပ်စက်ဝိုင်းထိ အောင်တဖြောင့်ကြီး မြင်နေရတာပါ၊ အချိန်ကညနေစောင်းဆိုပေမဲ့ ကျနေကြီးက ကျွန်တော့ဖက်မှာ တချိန်လုံး ထိုးနေတာမို့ အတော်ပူပါတယ်၊ ဒါပေမဲ့ ရောက်ချင်ဇောနဲ့မို့ပင်ပန်း ရမှန်းလဲမသိပါဘူး ပိုပြီးမြန်မြန်လေး ၁၂ဝ၊ ၁၃ဝ ကီလိုနှုံးနဲ့မောင်းလါခဲ့ပါတယ်။

ဘာမှမကြာလိုက်ပါဘူး ဖြစ်ပုံကမြန်ဆန် လွန်းလှပါတယ် ကျွန်တော်တစ်ချက် မိုက်ခနဲုဖြစ်သွားတာပဲသိ လိုက်ပါတယ် ချက်ချင်း ဆိုသလို သတိပြန်ရလို့ ရှေ့ကိုကြည့် လိုက်တော့ ဘာမှမမြင်ရတော့ပါဘူး ဖုံလုံး ကြီးပဲမြင်ရပြီး၊ ကားကဦးမော့ နေတာပါ၊ ပြန်စဉ်းစားလိုက်တော့ပထမဦးဆုံး ကျွန်တော်ပြုလိုက်မိတာက၊ ကမန်း ကတန်း ဘရိတ် နင်းလိုက်တာပါပ၊ဲ ဒိနောက်မှာတော့ ဘာနဲ့မှအတိုက်အခိုက် မရှိပဲ ကားထိုးရပ် စက်သေသွားတာပါ။ မကြာမီ ဖုံလုံးကြီဲး လွင့်ပျယ်သွားလို့ ကားအတွင်းကို ကြည့်လိုက်တော့ ပါလါတဲ့ ပစ္စည်းတွေဖရိုဖရဲနဲ့၊ ကျွန်တော့ကိုယ်ပေါ်မှာတော့ ဘာမှအထိအခိုက်မရှိပါ၊ ဒါနဲ့ ကမန်းကတန်း ခါးပတ်ဖြုတ် ကားတံခါး ဖွင့်ပြီးခုန်ဆင်းလိုက်တော့ ကျွန်တော် ကန္တာရဆူး ခြုံတွေ ပေါ်ကျလို့သွားပါတယ်၊ ကျွန်တော့ရဲ့ အဖြူရောင် ကါးလေးက တော့ကါ ကီိရောင် ဖုံအ လိမ်းလိမ်းနဲ့ ဒူးဆစ် လောက်မြင့်တဲ့ကျောက်တုံးတွေပေါ် ဦးမော့လျက် သားတင် နေတာတွေ့လိုက်ရပါတယ်၊ ဘော်ဒီပိုင်းအနေ နဲ့ ဘါမှအပျက်အစီးမရှိ မှန်တွေပင် တစ်ချပ်မှကွဲတာမတွေ့ရပါ၊ ရှေ့မီးကြီးတွေလဲလုံးဝမကွဲပါ၊ ဒါကြောင့်ရုတ်တရက်တော့ တော် သေးရဲ့လို့ တွေးလိုက်မိပါတယ် ဒါပေမဲ့ဘီးတွေကိုငုံ့ကြည့်လိုက် တော့၊ (လားလား၊) ရှေ့ယာဘက်ဘီးဂွေတစ်လုံး ကလွဲရင် ဘီးတွေအားလုံး တာယာရောဂွေတွေပါ မြင်မကောင်းအောင်တွန့်လိမ်ကွေ့ကေါက် နေတာဝမ်းနဲ စဖွယ် တွေ့လိုက်ရပါတယ်၊ “ငါ့ကါးသစ်လေး တော့သွားရှာပြီ” ဆိုတဲ့အတွေးနဲ့ဝမ်းနဲသွားမိပါတယ်၊ ကံကေါင်း လွန်းတာကတော့ ကျွန်တော့ကိုယ်ပေါ်မှာ ကားပေါ်ကခုန်ဆင်း လိုက်တုန်းက ရရှိတဲ့ဆူးခြစ် ရာတွေကလွဲရင် ဘာမှအရှအနာ မရှိတာပါပဲ။ ပါလါတဲ့ကေါ်ဖီ ဓါတ်ဗူးကြီးပင်မကွဲခဲ့ပါ။

ဖြစ်ပုံက ကျွန်တော်တစ်ချက် မိုက်ကနဲသတိလွတ်သွားချိန်မှာကါးက ကတ္တရာလမ်းမကနေ ၄ဝ၊၄၅ ဒီဂရီလောက်စောင်း ထိုးဆင်းသွားပြီး လမ်းအပြင်ရောက်သွားတာပါ၊ ကတ္တရာလမ်းမနဲ့ မွေးမြူ ရေးခြံတွေကိုကာထားတဲ့ သွပ်ကြိုး စည်းရိုးက ဝါး၂ ပြန်၊၃ပြန် လောက် ဝေးပါတယ်၊ ကားကတနာရီ ရ၅၊ ၈ဝ မိုင်နှုံးကြီးနဲ့ ထိုးဆင်းသွားတာမို့ ကျွန်တော်ဘရိတ် ဖမ်းအုပ်လိုက်ချိန် မှာ ၁၈ဝ ဒီဂရီ တပတ်တိတိ လည်ထွက်သွားတာဖြစ်နိုင်ပါတယ်၊ ဒါကြောင့်မို့သာ ကားခေါင်းပိုင်းက ဘာနဲ့မှမတိုက်မိပဲ နောက်အမြီး ပိုင်း ကသာသွပ်ခြံစည်းရိုးနဲ့ ဘေးတိုက် ရိုက်မိပြီးရပ်သွား တာပါ၊ နောက်ဘန်ဘာ နဲ့မီးလုံးတွေ ကွဲကုန်ပြီး တောင်ဘက် ကိုမောင်းလာတဲ့ ကားဦးဟာ ခုတော့မြောက်ဘက် ကိုပြန်လှည့်လို့နေပါတယ်၊ ဒါပေမဲ့ စည်းရိုးနဲ့ကပ်လျက်ချ ထားတဲ့ကျောက် တုံးကြီး တွေပေါ် ကားကဘယ်လိုသွားတင်နေတယ်ဆိုတာကတော့ ခုထိအောင် နားမလည်နိုင် အောင်ဖြစ်ရပါတယ်၊ တကဲ့အံ့ဘွယ် miracle ဖြစ်ရပ်ပါ။ (ကါးပဲပျံတက်သွားတာလား)

ကျွန်တော်အလွန်ကံကြီးလွန်းပါတယ် ဒီလောက်အရှိန်ကြီးနဲ့လမ်းချော်သွားတဲ့ကားဟာ ယာဘက်မှာရှိတဲ့ ခြတောင် ဖို့ကြီးကိုကပ်လွဲသွားသလို၊ ဝဲဘက်မှာရှိတဲ့ ဓါတ်တိုင် ကိုလဲဝင်မတိုက်မိခဲ့တာပါ၊ (ကါးဘီးရာကြီးက ခြတောင်ပို့နဲ့ ဓါတ်တိုင် အကြား ဖြတ်သွားတာတွေ.ရပါတယ်) နောက်ပြီးခြံစပ်မှာရှိတဲ့ကျောက် တုံးကြီး တွေကို ၀င်မဆောင့်တာပါ။ နောက်တစ်ချက် ကံကေါင်းတာက အဲဒီအချိန်မှာကျွန်တော် လက်ကိုင်ဘီးကို အလန့်တကြား ပြန်မကွေ့လိုက် မိတာပါ၊ ကွေ့လိုက်မိလို့ကတော့
ကားအမှောက်ပါ (၃၊ ၄ပတ်လောက် ပင်လိမ့်သွား နိုင်တာပါ) ၊  ခြံနားရောက်တော့လဲ ဦးနဲ့ဝင်မတိုက်ပဲ ကားကတစ်ပတ် လည်သွားပြီး နောက်မြီးပိုင်း သွပ်ခြံ စည်းရိုးနဲ့ဘေးတိုက်ရိုက်မိပြီး စက်ရှိန် သေသွားတာပါ၊ (သွပ်စည်းရိုးက ပိုက်ကွန်လို အရှိန်ထိန်းလိုက်တာပါ) မတွေးဝံ့စရာပါ။နောက်ပြီးကျောက်တုံးနဲ့ ကားကြမ်းပြင်ရိုက် မိစဉ်က ဆီတိုင်ကီကြီး ပေါက်ထွက်သွားပေမဲ့ မီးထမလောင်ခဲ့တာလည်း အတော်ကံကြီးလွန်းပါတယ်။


 အီတိုးရှားမှ ရေအိုင်နဲ့ တောကောင်တွေ

ကားဖြစ်တဲ့နေရာက ဂိတ်ကြီးအလွန် ၃ဝ ကီလို၊ ဆူးမက်မရောက်မီ ၆ဝ ကီလို အလိုမှာပါ၊လမ်းရဲ့ယာဘက်မှာ က Etosha Panလို့ခေါ်တဲ့ တိရစ္ဆာန် တွေဘေးမဲ့ပေးထားတဲ့ Savannah (ဆဗားနား) လွင်ပြင်ကြီး၊ (ဒီနိုင်ငံမှာအကြီးဆုံး အမျိုးသား ဥယျာဉ်ကြီးပါ) စတုရန်းမိုင် ပေါင်းသောင်းချီကျယ်ပါတယ်၊ ဝဲဘက်မှာကတော့ တမျှော်တခေါ် ကျယ်လှတဲ့ မွေးမြူရေးခြံ ကြီးတွေပါ၊ လူသူအရိပ်ရောင် ဆိုလို့ ဘာမှမရှိ၊ ကတ္တရာလမ်းမပေါ် ရံဖန်ရံ ခါဖြတ်သွားနေတဲ့ကားတွေသာရှိပါတယ်၊ အချိန်က ၆နာရီ ၃ဝ လောက်၊ မကြာမီမှောင် တော့မယ်၊ ကျွန်တော့ကားရဲ့အခြေနေက ကရိန်းကားနဲ့လာဆွဲချမှရတော့မှာမို့ ပထမဦးဆုံး ကျွန်တော် လုပ်ရတာက လမ်းမဆီထွက်ပြီးစတွေ့တဲ့ကား ကိုတားပြီး အကူညီတောင်းရတာပါ၊ ကံကောင်း စွာပဲ ၅ မိနစ်ခန့်အကြာမှာ ကားတစီးထိုးရပ်လာပါတယ်၊ လူဖြူနှစ်ယောက်ပါ၊ဆူးမက်ကိုသွားမဲ့လူတွေပါ၊ အကျိုးအကြောင်းပြောပြ တော့ သူတို့ ဆူးမက်ရောက်ရင် ကရိန်းကါး လွှတ်ပေး လိုက်မဲ့  အကြောင်းကတိ ပေးပြီး ထွက်သွားကြပါထယ်၊ ဒီလို ဟိုက်ဝေးလမ်းမကြီးပေါ် ကားတားရတာ မလွယ်ပါ သူတို့က ၈ဝ၊၁ဝဝ မိုင်နှူံးနဲ့တဝီဝီ မောင်းနေကြတာမို့ လမ်းဘေး သွားရပ်ရတာ ပင်အန္တရာယ် များလှပါတယ်၊ဲ ဒါကြောင့်မို့ ကျွန်တော်လဲ ကားဆီပြန်ပြီး မကြာမီ မှောင်လာတော့မှာ မို့ ကြိုတင်ပြင်ဆင်စရာရှိတွေ ပြင်ဆင်လို့နေပါတယ်၊ (ဦးဆုံးကေါ်ဖီနဲ့မုံ့နဲ့ ဗိုက်ဖြည့်လိုက်ပါတယ်)

ကျွန်တော်မတားပေမဲ့ ဖြတ်သွားတဲ့ ကားအတော် များများက သူတို့ဖါသာရပ်လာပြီး ဘာအကူညီလိုလဲ ဘာလုပ်ပေးရမလဲ မေးကြပါတယ်၊ အနဲဆုံးတော့ရေလိုလား၊ အစာလို လား ၊ ကမ်းလှမ်းကြပါတယ် ခုလိုအတော်ချစ်စရာ ကောင်းတဲ့ဓလေ့လေးကို ဒီနေရာမှာ မချီးမွန်းပဲ ချန်ခဲ့လျှင်တော့ ကျွန်တော် အလွန့်ကိုတာဝန်မကျေရာကျ ပါလိမ့်မယ်၊ လူတွေ မှာမေတ္တာတရားထားနိုင်ကြသေးတယ် ဆိုတာတွေ့ရလို့ စိတ်ထဲမှာတော်လေးပီတိ ဖြစ်မိရပါတယ်၊ လူဖြူကော လူမဲပါ ဒီနေရာ မှာတော်ကြပါတယ်၊ ဒုက္ခရောက်နေတဲ့ လူတယောက်ပေါ်အခွင့်ကောင်းမယူ ရိုက်စားမလုပ်တတ်ကြပါ။

ဒီလိုနဲ့တစတစမှောင်လါတော့ ကျွန်တော်တယောက်ထဲ စိတ်အားငယ်လာမိတယ်၊ ဟိုလူတွေ သွားသတင်း ပို့ရင် ကယ်ဆယ်ရေးကါး ရောက်လာမှာတော့သေချာပါတယ်၊ ဒါပေမဲ့ ခရီးက နီးတာမဟုတ်လို့ အနဲဆုံး ၃၊၄ နာရီလောက်တော့ ကြာနိုင်တာမို့ ခုလိုလူသူ ကင်းဝေးလှတဲ့ နေရာကြီးမှာအဖေါ်မပါတကိုယ်ထဲ တညလုံးဘယ်လိုစခန်း သွားမလဲ၊ လုံခြုံရေးစိတ်ချရတယ်ထားအုံး ကပ်ရက်ကတိရစ္ဆွာန်လွင်ပြင်ကြီးမို့ တောကောင်တွေ အချိန်မရွေးထွက်လာနိုင်တယ်၊ အထူးသဖြင့်မီးရောင်ကို မြင်ရင်ဆင်တွေပဲထွက် လာပြီးနင်းသွားမလား ၊ ခြင်သေ့တွေပဲလာဆွဲမလား၊ တောဝက်အုပ်စု နဲ့ပဲတိုးမလား၊ ဒီလိုတွေးမိပြီး ကျွန်တော်အတော်ကြောက်စိတ်ဝင်သွားမိတယ် အဖေါ်တယောက်ယောက်ရှိ ဘာအရေးလဲ ဒီတော့မှပဲကျွန်တော်လဲ ရဲကိုသတင်းပို့ဖို့ သတိရမိတော့တယ်၊ ကျွန်တော် ဖြတ်ခဲ့တဲ့ ဂိတ်ကြီးမှာ ရဲစခန်းလဲရှိတာမို့၊ နောက်ထပ်ဆိုက်လာတဲ့ ကားတွေကိုထပ်တား ရဲကို သတင်းပို့ပေးဖို့မှာရပါတယ်။


 အီတိုးရှား အမျိုးသားဥယျာဉ်

ဒီနေရာမှာလဲကျွန်တော် ထပ်ပြီးကံကောင်းပြန်ပါတယ်၊ လြူဖူ အဖိုးကြီးတယောက် သူ့ကါးလေးနဲ့ ထိုးဆိုက်လာ၊ ပြေးဆင်းလာပြီး ကျွန်တော့ကိုပြေးဖက်ပါတယ်၊ ပါးစပ်ကလဲ တချိန်လုံးဘုရား ဘုရားတ နေပြီး ဒီလောက် တောင်ဖြစ်ရ အောင်ဘယ်လိုမောင်းတာလဲ ဘယ်ထိခိုက်သွားလဲ စသဖြင့် ဂရုဏာဒေါသော နဲ့တရစပ်မေး ပါတော့တယ်၊ ကျွန်တော့ မှာဘာမှပွန်းရာရှရာမ တွေ့တော့သူအတော်အံ့သြသွားတယ်၊ ဒါနဲ့ကျွန်တော်က ဒီလိုပဲ တောင်ပိုင်းကို မောင်းလာတဲ့အကြောင်းပြောပြတော့သူကသိပ် မယုံချင် ကျွန်တော် ဂယောင် ခြောက်ခြားဖြစ်နေပြီလို့ သူထင်မှာပေါ့၊ (ကားဦးကမြောက်ဖက်လှည့်နေတာကိုး)

သူက ဆူးမက်မြို့ကကျောင်းဆရာကြီးပါ (တရားဟောဆရာမဟုတ်ပါ) ခြံလဲလုပ်ပါတယ်၊ ကျွန်တော်က တယောက် ထဲမနေဝံ့တဲ့ အကြောင်းပြောပြတော့ ကိစ္စပြတ်တဲ့ထိ သူအတူနေပေးပါမယ်ဆိုပြီး သူ့ကား လေးကို လမ်းဘေးမှာနေရာချ မီးသေးလေးတွေဖွင့်ပြီး ၂ ယောက်သား ကြယ်ရောင် အောက်မှာဧဧ ဆေးဆေး ထိုင်စကါးပြောနေကြပါတယ်၊ ကျနော်အိပ်ရေးမဝပဲ ဒီခရီး တယောက် ထဲမောင်းလာတဲ့တွက် သူကောင်း ကောင်း အပြစ်တင်ပါတယ်၊ ဟုတ်ပါတယ်၊ ဒိမတိုင်မီညက ကျွန်တော်အရေးပေါ်ဝင်ရလို့ အိပ်ချိန် ၄၊၅ နာရီ သာရှိခဲ့ပြီး အဲဒီနေ့ကလဲခရီးထွက်မလာမီထိ ခွဲခန်းမှာတနေကုန် ပင်ပန်းနေခဲ့တာပါ။

ဒီဆရာကြီးရဲ့နာမည်က Mr Oosyhuysen (မစ္စတာ အော်တူဆင်) ပါ၊ ခုမှသိရတာဖြစ်ပေမဲ့ အတော် လေးခင်မင်သွားကြပြီးအနား မှာ သူရှိနေတာအတော့ကို အားရှိသွားပါတယ်၊ ကျောင်းဆရာပီပီ အပြောကလဲကောင်း လေတော့ ဒုက္ခတွေလဲမေ့ကုန်ပြီး ပျင်းစရာလုံးဝမကောင်းတော့ပါ၊ ဒီလိုပဲ ည ၇ နာရီကစပြီး ၂ယောက်သား လေထိုင် ရိုက်နေကြတာ ည ၉နာရီ ကျော်တိုင်အောင်ပါပဲ၊ ဒီတော့မှ ရဲ ၂ယောက်နဲ့အတူ ရဲကားတစီးဆိုက်ရောက်လာပါတော့တယ်၊ ထုံးစံအတိုင်း စစ်ချက်တွေရေးမှတ် ယူပြီးနောက် ကျွန်တော်တို့စိတ်မပူရအောင် သူတို့လဲအတူစောင့်နေပေးကြပါတယ်၊ (ချစ်စရာအတော် ကောင်းတဲ့ အားကိုးရတဲ့ရဲတွေပါ) ကယ်ဆယ်ရေးကါးက ည ၁ဝနာရီကျော်မှရောက်လာတာပါ၊ လူဖြူတစ်ယောက်ထဲ မောင်း လာတဲ့ ဝန်ချီစက် ကားငယ်လေးပါ၊

ဒါနဲ့ပဲ ကျွန်တော်တို့အားလုံး ဝိုင်းကူပြီး ကျွန်တော့ကားကို ကျောက်တုံးပေါ်ကနေ ခဲခဲယဉ်းယဉ်း ဆွဲချရ ပါတယ်၊ ကားနဲ့ သံဇကါကြိုးတွေ ညိနေတာမို့ မီးပွင့်တွေ တစ်ဖျောင်းဖျောင်း ထပွင့်တာပင်ကြောက်စရာ ကြီးပါ။ တိုင်ကီထဲမှာ ဓါတ်ဆီများရှိနေလို့ကတော့ ဘယ်ပြောကေါင်း မလဲ။ အက်စီးဒင်းတုန်းကသာဆို ကျွန်တော် ပြာဖြစ်သွားလောက်ပါတယ်။ ကံကြီးလွန်းလို့ပေါ့။

နောက်တော့ ကျွန်တော့်ကား ပေါ်ကပစ္စည်းတွေ ဆရာကြီးကားပေါ်ပြောင်းတင်ပြီး ဆူးမက် ကိုခရီးဆက် ခဲ့ကြပါတယ်၊ ဆူးမက်မြို.ရောက်တော့ ညသန်းခေါင်နီးနေပါပြီ၊ ဒီမှာကျွန်တော့ အသိကလဲ ဒေါက်တာရှင်မီ ပဲရှိတာမို့သူ့ ဆီပဲဆရာကြီးကိုပို့ခိုင်းပြီး အားနာနာ နဲ့သွားနိုး ရပါတယ်၊ သူမ၊ကလဲနားလည်မှုရှိပါတယ်၊ အားပေးဖေါ်ရပါတယ်၊ ကားက ပစ်လိုက် ရရောဘာအရေးလဲ လူဘာမှမဖြစ်တာပဲ ဘုရားမ၊ တာပဲတော်ပြီ ပေါ့တဲ့၊ (ကားအတွက် တော့ကျွန်တော်မနှမြောမိပါဘူး အာမခံရှိတာမို့ပါ) ဒီမှာပဲပစ္စည်းတွေနေရာချ ရေမိုးချိုး ပါလါတဲ့ဟင်းတွေပဲနွှေး ညစာစားပြီးမောမောပန်းပန်း နဲ့ထိုးအိပ်လိုက်ပါတော့တယ်။

နောက်နေ့နံနက်(သောကြာနေ့) ကျတော့ ဝင်းဟွတ် မှာရှိတဲ့ ကားအာမခံကုမ္ပဏီ ဆီ ဆက်သွယ် ပြီး အကျိုးကြောင်းဖုန်းနဲ့ သတင်းပို့ရပါတယ်၊ ကျွန်နော်အမှုဖွင့်ထားတဲ့ ရဲစခန်း၊ ကားကိုဆွဲယူသွားတဲ့ ဝပ်ရှော့ ရဲ့အမည်စတာတွေ ကိုမှတ်ယူထားလိုက်ပြီး ဒီလူတွေနဲ့ဆက်သွယ်ပြီးသူတို့ဆက်လက်ဆောင်ရွက်ပေးမဲ့ အကြောင်း၊ ခုလိုသတင်းကြားရလို့သူတို့ဝမ်းနဲတဲ့ အကြောင်း၊ အားပေးစကားပြောပါတယ်၊ ဒိနောက် တော့ ကျွန်တော့ကားကိုဆွဲသွားတဲ့ Auto Tech ဆိုတဲ့ ဝပ်ရှော့ရှိရာနေရာကို ဒေါက်တာ ရှင်မီ နဲ. သွားကြည့်ရပါ တယ်၊ ဧရာမ ဝပ်ရှော့ကြီးပါ၊ ကားကဘော်ဒီပိုင်းအနေနဲ့ဘာမှ မဖြစ်တဲ့အတိုင်းပါပဲ။ ကြမ်းခင်း နဲ့အောက်ပိုင်း ကတော့ ကျောက်တုံးတွေနဲ့ရိုက်မိတာမို့ အပေါ်ကိုကြွတက်နေပြီးအတော်ကိုပျက်စီးသွားပါတယ်၊ လိုအပ် တဲ့စာရွက်စာတမ်းတွေ ဖြည့်စွတ်ပြီးနောက် ကားကိစ္စအဝဝကသူတို့နဲ့ အာမခံရုံးတို့အကြား စာရင်းရှင်း ကြရမှာမို့ ကျွန်တော့အဖို့ဘာမှလုပ်စရာမရှိတော့ပါ၊ ဒါကြောင့်ကျွန်တော့မူလအစီစဉ် အတိုင်း ဝင်းဟုတ် မြို့ကိုခရီးဆက်ခဲ့ပါတယ်။ ဟိုမှာ ၂ညအိပ်ပြီး တနင်္ဂနွေ နေ့မှာ အိုရှာခါတီ ကိုပြန်လာခဲ့ပါတယ်။


ပျက်စီးသွားခဲ့တဲ့ Corolla လေး (အိုရှာခါတီ လေဆိပ်မှာ ကားမောင်းကျင့်စဉ်က)

ဒီမှာ တနင်္လာနေ့ အလုပ်ပြန်ဝင်တော့ လုပ်ဖေါ်ကိုင်ဖက်တွေအားလုံးက ကျွန်တော့ ကိုဝမ်းသာ အားရ ကြိုဆိုကြပါတယ်၊ အားလုံးက ကျွန်တော့ကို ဘုရားသခင် ကယ်လိုက် တာပဲလို့ဆိုကြပါတယ်။ (ဒါကြောင့် သူတို့ဘုရား God ကိုယုံယုံကြည်ကြည် နဲ့ကိုးကွယ်ဖို့ ဆိုတဲ့ တိုက်တွန်းသံတွေကပိုလို့ကျယ်လာပါတယ်၊ ကျွန်တော် God မယုံတာ အားလုံးသိနေလို့်ပါ)

ကျွန်တော် ကားပြဿနာတက်တဲ့အကြောင်းကို ဒီကလူတွေအားလုံးကသိနေကြပါတယ်၊ ဘာလို့လဲဆိုတော့ ဒေါက်တာရှင်မီ ကအဲဒီညသန်းခေါင်အချိန်ကတဲက ဒီအိုရှာခါတီ ဆေးရုံအုပ်ဆီ ဖုံးနဲ့လှမ်းပြောထားတာမို့ နောက်နေ့ သောကြာနေ့ နံနက် ပုံမှန်ဆရာဝန်တွေ အစီးအဝေးကျတော့ ဆေးရုံအုပ်ကကျေညာလိုက်လို့ပါ၊ ဒါပေမဲ့သူတို့ အားလုံးက ကျွန်တော် (ဆေးရုံတက်နေရပြီ ) ထင်နေကြ ပါတယ်။ ကျွန်တော်ကလဲဘာ အဆက် အသွယ်မလုပ် ခဲ့တော့ပိုထင်စရာဖြစ်သွားတာပေါ့။ ဒါကြောင့်ခုကျွန်တော့ကို အကေါင်းပကတိ မြင်ရတော့ အားလုံးကအံ့သြ သွားကြတာပါ၊ 


ကားပြဿနာကိုယ်တွေ့ကြုံ လိုက်ရပြီးတော့ ကျွန်တော်သန္ဓိဋ္ဌာန် တစ်ခုချလိုက်ပါတယ်၊ နောင်ကိုယဉ်မ

တော်တဆဖြစ် တဲ့လူနာတွေပေါ် မငြိုမငြင်ပဲအစွမ်းကုန်ပြုစုပမယ်လို့၊ အသက်မရှင်နိုင်တောင်မှ နေရသ ရွေ့အသက်သာဆုံးကဖြစ်ရအောင် မိမိရဲ့ ကိုယ်စွမ်းအား ဥာဏ်စွမ်းအား ရှိသရွေ့ကြိုးစားမယ်လို့။

သိပ်မကြာလိုက်ပါဘူး ကျွန်တော့အဓိဋ္ဌာန် ပြည့်သွားတယ်ပြောရမလားမသိ၊ ကျွန်တော်မေ့ဆေးအရေးပေါ် ကျတဲ့ တညနေမှာ ပြင်ပလူနာဋ္ဌာနမှ ဖုန်းနဲ့ အရေးပေါ် ကလှမ်း ခေါ်ပါတယ် “ကါးတိုက်ခံရတဲ့လူနာ တစ် ယောက် အသက်ကယ်ဖို့လို တာမို့ မေ့ဆေးဆရာဝန် အမြန်လာဖို့ပါ၊” ကျွန်တော်အပြေးအလွှားပဲ သွားခဲ့ ပါတယ်၊ ရောက်တော့ လူနာက ဝန်ချီစက်ကားကြီးကကိုယ်ရဲ့ဘယ်ဘက်အခြမ်းလုံး ဦးခေါင်းထိတက်ကြိတ် ခံရတာမို့ အခြေအနေ အတော်ဆိုးပါတယ်၊ အသက်ရှူဖို့ပင်အနိုင်နိုင် ရုံးကန်နေရရှာသူပါ၊ ကျွန်တော်လဲ အခြားဆရာဝန်တွေအကူအညီနဲ့ ခဲခဲယဉ်းယဉ်းပဲ လူနာရဲ့လေပြွန်ထဲကို အသက်ရှူပိုက်ထိုးသွင်း ပေးပြီး အသက်ရှူစက်နဲ့ဆက်သွယ်၊ အသက်ဆက်ပေးလိုက်ပါတယ်၊ နောက် မော်ဖီးယား ထိုးပေးလိုက်တော့၊ နဂိုရ်ကရုံးကန်ငြီးညူနေရတဲ့ လူနာခုမှပဲ ညင်ညင် သာသာလေး နဲ့ငြိမ်ကျသွားပါတော့တယ်၊ (ကျွန်တော် လည်း မိမိရဲ့ လုပ်ရပ်တွက်စိတ်ကျေနပ်မှုရမိပါတယ်)

ကိစ္စအဝဝလုပ်ကိုင်ပေးပြီးတော့မှ အနားကဆရာမတယောက်က ခုဒီလူနာက ခွဲစိပ်ခန်းကဆရာမ Maria မာရီယာ ရဲ့ ယောာက်ျားဖြစ်တဲ့ အကြောင်းပြောလာပါတယ်၊ ကျွန်တော်အတော့ကိုစိတ်ထိခိုက်သွား မိရပါတော့တယ်၊ ခုမှပဲလူနာကိုအသေချာကြည့် လိုက်မိတော့တယ်၊ ဟုတ်ပါတယ် သူပါပဲ၊ အဲဒီ (မာရကီး လို့ချစ်စနိုးခေါ်တဲ့) နာ့စ်က ကျွန်တော်နဲ့ခွဲခန်းထဲမှာ အခင်မင်ဆုံးထဲက တယောက်ပါ၊ ဘာကြာသေးလို့လဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်ကသူတို့အိမ်မှာ ခရစ္စမတ်ညစာဖိတ်ကျွေးလို့ ကျွန်တော်တို့သားအဖ ၂ယောက်သွားစား ကြရသေးတယ်မဟုတ်ပါလား၊ အဲဒီနေ့ကမတ်လ ၂၆ရက်နေ့ဆိုတော့ ၃လတိတိ မတိုင်မီကပေါ့၊ (ကျွန်တော့အဖြစ်နဲ့ဆို ၁၅ရက်တိတိအကြာမှာပေါ့) ပိုပြီးစိတ်မကောင်းစရာအဖြစ်က အဲဒီနေ့က ခွဲခန်းထဲမှာကျွန်တော်နဲ့အတူ သူမ၊ရှိနေတာပါ၊ ဒီလူနာတွက်အရေးပေါ် ကဖုန်းနဲ့လှမ်းခေါ်တော့ အမြန်သွားဖို့ကျွန်တော့ကိုအတင်းတွန်း လွှတ်နေတာလဲသူမပါပဲ၊ ခုလူနာကသူ့ယောက်ျားဖြစ်နေတယ်ဆိုတာ သူမ၊ လုံးဝမ ရိပ်မိရှာပါ၊ သိတဲ့လူတွေကလဲသူမကိုမပြောရက်ကြပါ၊ ညဘက်မှာပဲ လူနာကိုအကြီးစားခွဲ စိပ်မှုလုပ် ကြပါတယ်၊ မရပါဘူး။ နောက်နေ့မှာတော့ဆုံးသွားရှာပါတယ်၊ အမှန်တော့ဒီလူရေတိမ်နစ် တာပါ၊လုပ်ငန်းခွင် မတော်တဆမှုပါ၊ သူ့ကိုတိုက်ပြီး တက်ကြိတ်သွားတဲ့ကရိမ်းကားက ဖြေးဖြေး လေးပါ၊ တနာရီ ၁ဝ မိုင်နှုံးပင်မရှိနိုင်ပါ၊ ဖြစ်တဲ့နေရာကလဲ ဝေးဝေးလံလံမဟုတ် ဆေးရုံရှေ့ ဝင်းထဲတင်ပါ၊ ကျွန်တော့အဖြစ်နဲ့တော့တခြားစီပါ၊ ဘယ်လိုပြောရ မလ၊ဲ ဖြေရမလဲ၊ (ဘုရားသခင်အိပ်ပျော် သွားတာ တော့မဟုတ်တန်ရာပါ) သတ္တဝါတခု၊ကံတခုလို့ပဲဆိုရမလားပဲ။ (ကျွန်တော်မရေးချင်ဆုံး ရေးရတာ အပင်ပန်းဆုံး အာဖရိကဇာတ်လမ်းတပုဒ်ပါ ။)


(စိုးမြင့််- မေ့ဆေး)
ခေတ္တ အိုရှာခါတီ Namibia
မဟေသီမဂ္ဂဇင်း 1999

6 မှတ်ချက်:

Unknown

ကံတရား ဆိုတာတစ်ကယ်ပဲ အံ့သြဖွယ်ရာ ဆန်းကြယ်ပါတယ်...

tae tae

Thanks for ur post, I am ur fan.

ADDRESSEE

ကောင်းလိုက်တာဗျာ အစအဆုံးဆွဲဆောင်သွားပါတယ် ဆရာ တကယ်ရသမြောက်တယ်

စိုးမြင့် (မေ့ဆေး)

ADDRESSEE
တစ်ကယ်ပဲလားဗျာ၊ ကျွန်တော်ကတော့ သိပ်အားရလှတယ်
မထင်မိပါဘူး။ ကျေးဇူးပဲ။

စိုးမြင့် (မေ့ဆေး)

YE :
tae tae
ဟုတ်ပါတယ်၊ သူတို့ဘာသာမှာတော့ miracle လို့ ပြောကြ
မှာပါ။ ကျွန်တော်ဖြစ်တဲ့နေရာမှာပဲ ယခင်က လေးယောက်
ပွဲချင်းပြီးသေခဲ့ဘူးတယ်လို့ ရဲတွေကဆိုပါတယ်။

Anonymous

ဆရာ့ရဲ့အတွေ့အကြုံတွေကိုဖတ်ရတာအင်မတန်မှစိတ်ဝင်စားစရာကောင်းပါတယ်...ကျေးဇူးတင်ပါတယ်ဆရာ...

Soe Myint (Anaesthesia)  ©2009

Back to TOP